ခရီးကြမ်းတစ်ခုရဲ့ အစဖြစ်ခဲ့ပြီလား

လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက စိတ်လက်ပေါ့ပါးနေကြတဲ့ ချဲလ်ဆီးပရိတ်သတ်တွေအတွက် ရင်ပူစရာကာလဟာခက်သွက်သွက်ပဲရောက်ရှိလာခဲ့ပါတယ်။ စနေနေ့မှာ ကစားခဲ့တဲ့ လန်ဒန်ဒါဘီ ပွဲစဉ်မှာ ချဲလ်ဆီးအသင်းဟာ အိမ်ရှင်၀က်စ်ဟမ်းအသင်းကို အကြိမ်ကြိမ် ဦးဆောင်နိုင်ခဲ့ပြီးမှ ကစားသမားတွေရဲ့ အမှားတွေကနေ သွင်းဂိုးတွေ ပြန်လည် ခွင့်ပြုခဲ့ရပြီး ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။  လို့ဖ်တပ်ချိ ကတော့  ဝက်စ်ဟမ်းတို့ကောင်းခဲ့တာမဟုတ်ပဲ သူတို့က အာရုံ စူးစိုက်မှုနဲခဲ့တာဖြစ်တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

ဇင်းနစ်နဲ့ချန်ပီယံလိဂ်ပွဲအပါအဝင်  ဒီဇင်ဘာလအတွက် ၇ ပွဲကစားရဦးမယ်။  ရလဒ်ကအရေးပါနေတဲ့  အမှတ် ပေးပွဲက ၁၁ ရက်နေ့မှာ ရှိနေတယ်။ ချဲလ်ဆီးတို့ ဘယ်လိုဆက်စခန်းသွားကြမလဲ။

၀က်စ်ဟမ်းအသင်းက‌တော့ ဒီနိုင်ပွဲကြောင့် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲမရှိသေးတာကို အဆုံးသတ် နိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာလည်း ပြတ်ပြတ်သားသားရပ်တည်နေနိုင်ခဲ့ပါတယ်။  ချဲလ်ဆီးတို့ကတော့ အဆင့် ၃ ကိုကျလာခဲ့ပါတယ်။ ဒါက ပရိတ်သတ်တွေအတွက်ရော အသင်းအတွက်ပါ အတော်လေးအထိနာလှပါတယ်၊

စနေပွဲတုန်းက ချဲလ်ဆီးအသင်းရဲ့ လူစာရင်းမှာ ရိစ်ဂျိမ်း ပြန်လည် ပါ၀င်လာပြီး ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ လူစာရင်းထဲက ပူလီဆစ် ၊ ဆာအူး ၊ ချာလိုဘတ် တို့ကို ချန်လှပ်ပြီး ဂျော်ဂျင်ဟို၊ ဇီယက်ချ်၊ သီယာဂို‌ ဆေးလ်ဗားတို့ကို အသုံးပြုပြီးပွဲထွက်လာခဲ့ပါတယ်။  ပထမပိုင်းဟာ တကယ့်ကို ချဲလ်ဆီး အတွက်ဖြစ်ခဲ့တာပါ။ ဆေးဗားလ်ရဲ့  နုပျိုဆဲ စွမ်းဆောင်ရည်တွေ ၊ မေဆင်မောင့်ရဲ့   ကမ္ဘာ့အဆင့် စွမ်းဆောင်ရည်တွေကို မြင်တွေ့ခဲ့ကြရပါတယ်။

ကစားပွဲဟာအကြိတ်အနယ်ရှိခဲ့ပြီး အဖွင့်ဂိုးကို ပွဲချိန်၂၉မိနစ်မှာ မေ‌ဆင်မောင့်ရဲ့ ထောင့်ကန်ဘောကနေ သီယာဂိုဆေးလ်ဗားရဲ့ ခေါင်းတိုက်ချက်ကို ဖေဘီယန်စကီး မကာကွယ်နိုင်ခဲ့ပဲ ခွင့်ပြုခဲ့ရပါတယ်။

ပထမပိုင်း ပြီးဆုံးဖို ငါးမိနစ်အလိုမှာတော့ ဂျော်ဂျင်ဟိုရဲ့ မန်ဒီဆီ နောက်ပြန်ပေးပို့မှုက အန္တရာယ်များခဲ့ပြီး မန်ဒီကလည်း ဒီဘောလုံးကို ကန်တင်ဖျက်ထုတ်မယ့်အစား ကိုင်ထားပြီးအယောင်ပြဖို့ ကြိုးစားခဲ့ရ တာကနေ ပင်နယ်တီပေးခဲ့ရပြီး လန်ဇီနီက ဒီပင်နယ်တီကို အမှားအယွင်း မရှိ ကန်သွင်း ခဲ့ပါတယ်။ ဂျော်ဂျင်ဟိုအနေနဲ့ မန်ယူနဲ့ ပွဲစဉ်မှာ ဆန်ချို ရဲ့ဂိုးကို ခွင့်ပြုရစေတဲ့ အမှားလုပ်ခဲ့ပြီး တစ်ပတ်အကြာ မှာလည်း အမှားထပ်မံပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ပထမပိုင်းပြီးခါနီးမှာ ဇီယက်ခ်ျရဲ့ဖြတ်တင်ဘောကို အဖွင့်ဂိုးဖန်တီးရှင်မေဆင်မောင့်က ဂိုးသမားရဲ့ ဘယ်ဘက် အောက်ထောင့်ကို လှလှပပ ကန်သွင်းပြီး ဦးဆောင်ဂိုး ပြန်လည်ရယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းကတော့  ချဲလ်ဆီးတို့ကွယ်ဝှက်ထားတဲ့ အားနဲချက်တွေအကုန်လုံးရဲ့ဒဏ်ကို စုပြီးခံလိုက် ရတော့တာပါပဲ။ ဒဏ်ရာရသွားတဲ့ ဟာဗက်ဇ်အစား လူကာကူ၀င်ရောက်လာပြီးနောက် ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်ကစားပုံ အားနည်းခဲ့ရပါတယ်။ ၅၆မိနစ်မှာတော့ ဘို၀င်က ဘယ်ခြေ ကန်ချက်နဲ့ လှလှပပ ကန်သွင်းပြီး အိမ်ရှင်အသင်းအတွက် ချေပဂိုး ပြန်လည်ရယူပေးခဲ့ပါတယ်။ နောက်ပိုင်း မှာတော့ အသင်း နှစ်သင်းလုံးဟာ အနိုင်ဂိုးရဖို့ အပြန်အလှန်တိုက်စစ်ဆင်ခဲ့ပြီး အာကာ မာဆူကာက  မန်ဒီ ဂိုးရှေ့ အနည်းငယ်တက်နေတာကို အခွင့်ကောင်းယူပြီး ဘယ်တောင်ပံအစွန်ကနေ ဖြတ်တင်မလိုနဲ့ ထောင့်ကျဉ်းထဲကို လှလှပပ ကန်သွင်းယူခဲ့ပါတယ်။  ဒီဂိုးဟာတော်‌တော်လေးကို ပြောစရာဖြစ်ခဲ့ရ ပါတယ်။

ဟာဗက်ဇ် ထွက်ခွာသွားခဲ့တဲ့တိုက်စစ် ၊ ကန်တေမပါ၀င်နိုင်တဲ့ကွင်းလယ်ဟာ  ကစားပုံလိုအပ်ချက်တွေ များခဲ့ပြီး ခံစစ်အနေနဲ့လည်း မေလနောက်ပိုင်း ပထမဆုံးအနေတဲ့ သွင်းဂိုးတစ်ဂိုးထက် ပိုမိုခွင့်ပြုခဲ့ရ တာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်း ရင်ဆိုင်နေရတဲ့ အဓိက ပြသနာ ၂ ချက်ကတော့ ကစားသမားတွေရဲ့  ပွဲပန်းလာမှုကအခြေခံလာတဲ့  အာရုံစူးစိုက်နိုင်စွမ်းလျော့နည်းလာမှု နဲ့   စွမ်းဆောင်ရည်ကောင်းတည်ဆောက်ဖို့ အချိန်မရသေးတာ ဖြစ်ပါတယ်။  တိုက်စစ်မှုးတွေ ဒဏ်ရာရတာကစပြီး  ကျန်ကစားသမားတွေဟာ အဆင်ပြေသလိုမျိုးစုံကစားပြီးအသင်းကိုဆွဲတင်ပေးခဲ့ရတယ်။  တူချယ်ရဲ့နောက်ဆုံး ပြောစကားအရဆိုရင်  တစ်သင်းလုံးက  အနုစားဒဏ်ရာတွေရှိနေကြတယ်။ တချိန်ထဲမှာပဲ  နာလံထ ကစားသမားတွေဟာ ပုံစံမှန်ပြန်ရအောင် တည်ဆောက်နေရဆဲကာလမှာ ပွဲကျပ်တွေ ၊ မတည်ငြိမ်တဲ့ ရလဒ်တွေ ဖြစ်နေတာပါ။

နောက်ထပ်ကစားသမားတွေ ဒဏ်ရာထပ်မရဖို့ ၊ လူကာကူလို ကစားသမားပုံမှန်ခြေပြန်ရဖို့ စတာတွေဟာ ချဲလ်ဆီးအသင်းအတွက်အလွန်အရေးပါနေပါတယ်။

ကံကောင်းတာတစ်ချက်က  ဇင်းနစ်နဲ့ပွဲဟာ အသင်းအတွက်အရေးမကြီးတော့တာဖြစ်ပြီး  အဓိက ကစားသမား အချို့အနားရနိုင်သလို ၊ တူချယ်အနေနဲ့ အနီးဆုံးပွဲစဥ်တွေအတွက် ကြားဖြတ် ကစားကွက် စမ်းချင်ရင် စမ်းဖို့ အခွင့်သာနေတာပါပဲ။  ဒီဇင်ဘာဟာ တကယ်ကိုရင်တမမနဲ့ဖြစ်ပါတယ်။ သန်း ၂၄၀ သုံးမယ်ဆိုတဲ့  သတင်းတွေကလဲ ဒီဇင်ဘာကို ကုစားနိုင်မှာမဟုတ်သေးပါဘူး။ လန်ဒန်သားတွေ အစမ်းသပ်ခံရမယ့် ကာလပဲဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: