နံနက်ခင်း ချဲလ်ဆီးမှတ်စု (6Dec-7am)

ဟာဇက်ကို စျေးသတ်မှတ်လိုက်တဲ့ ရီးရဲ

ချဲလ်ဆီးကစားသမားဟောင်း ဟာဇက်ကို ပေါင် ၂၁ သန်းခန့်ရရင်‌ ရီးရဲတို့ဖက်က ရောင်းချတော့မယ်လို့  Sunday Mirror သတင်းဌာန ကဖော်ပြလာပါတယ်။ အသက် ၃၀ ရှိပြီဖြစ်တဲ့ ဘယ်လ်ဂျီယံကစားသမားဟာ အန်ဆယ်လော့တီရဲ့ အဓိက ကျတဲ့ကစားသမားမဟုတ်တဲ့အပြင် ပုံမှန်ခြေစွမ်းရဖို့လဲ ရုန်းကန်နေရတာကြောင့်ပွဲကစားခွင့်နဲပါးနေခဲ့တာ အချိန်ကြာမြင့်နေပြီလဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ချဲလ်ဆီးတို့ရဲ့ အသဲနှလုံးဟောင်းကို  ဝက်စ်ဟမ်း ၊ နယူးကာဆယ်နဲ့ အဲဗာတန်တို့ကခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

မန်ဒီအကြောင်းပြောလာတဲ့  တူချယ်

မန်ဒီကို အရံခုံထိုင်ခိုင်းတော့မှာလားလို့  Evening Standard ကမေးတဲ့အခါ တူချယ်က

“ကျွန်တော်လုပ်ဖြစ်မှာ မဟုတ်ပါဘူး” လို့ပြန်ဖြေခဲ့ပါတယ်။  ဆက်လက်ပြီး   ဂိုးတွေပေးနေရရင်တော့ လိုချင်တဲ့ရလဒ်ကိုမရနိုင်ပါဘူး ။ ဒီတော့ ကျွန်တော်တို့အာရုံပိုစိုက်ရမယ်။ တစ်ဦးချင်းစီလုပ်ခဲ့ကြတဲ့ အမှားတွေကို ဂရုစိုက်လျှော့ချရမယ်။ ဒါဆိုရင် ရလဒ်တွေပြန်ကောင်းလာပါလိမ့်မယ် “ လို့ဖြေခဲ့ပြီး မန်ဒီတစ်ဦးထဲကို အပြစ်တင်ဖို့ ငြင်းဆိုသွားခဲ့ပါတယ်။

ကွန်ဒီ ရောက်လာနိုင်သလား

ချဲလ်ဆီးနောက်ခံလူ ချာလိုဘာနဲ့ ဆီးဗီးလား နောက်ခံလူ ကွန်ဒီ တို့ရဲ့   Instagram က အပြန်အလှန်  Comment တွေကြောင့် ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုများဟာ မြင့်တက်နေခဲ့ပါတယ်။  ကွန်ဒီဟာ နွေရာသီတုန်းက အသင်းကိုရောက်လုနီးပါးဖြစ်ခဲ့ပြီး ၊ ကစားသမားဖက်ကလည်းချဲလ်ဆီးကို ပြောင်းချင်နေခဲ့တာဖြစ်ပါတယ်။ အဓိက နောက်တန်းကစားသမားတွေရဲ့ စာချုပ်အခြေအနေတွေ‌ကြောင့် စျေးကွက်ထဲက နောက်ခံလူတွေကို အသင့်အနေအထားနဲ့ကြည့်နေတဲ့ချဲလ်ဆီးအတွက် ကွန်ဒီဟာ ထိပ်တန်းပစ်မှတ်လည်းဖြစ်ပါတယ်။

အသင်းသားတွေအားလုံးကို အားပေးလိုက်တဲ့   သီယာဂိုဆေးဗားလ်

ကျွန်တော်တို့အားလုံးခေါင်းကိုမော့ထားရပါမယ်   လို့ ဝက်စ်ဟမ်းကိုရှုံးခဲ့တဲ့ပွဲအပြီးမှာ သီယာဂိုဆေးဗားက ‌ပြောလာခဲ့ပါတယ်။ သူက “ ဒီအရှုံးပွဲက သရေကျတာလောက်ထိပဲဖြစ်ခဲ့သင့်တာပါ။ တကယ်တော့ ဝက်စ်ဟမ်းတို့က ဂိုးတွေဖန်တီးပြီးသွင်းယူသွားခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့ကိုက  အမှားလုပ်ခဲ့ကြတာပါ။  ဒီလိုအမှားတွေဖြစ်နေတာ  ၂ ပွဲ ၃ ပွဲတော့ရှိနေပါပြီ။

ဆက်လက်ပြီးသူက ပဲ

အမှားတွေရှိရင် ပြုပြင်ရမှာပါပဲ။ နောက်ပွဲတွေရှိပါသေးတယ်။ ဖြစ်ခဲ့တာကို ပြုပြင်လို့မရတော့ပေမယ့်  အနာဂတ်ကိုတော့ ခုလိုထပ်မဖြစ်အောင် ပြင်ဆင်ရမှာပါ  လို့  METRO    နဲ့တွေ့ဆုံစဥ်မှာ ပြောကြားခဲ့ပါတယ်။

ရိုက်စ် အကြောင်းအလေးပေးပြောသွားတဲ့ တူချယ်

Telegraph ရဲ့ဖော်ပြချက်အရ တူချယ်ဟာ ကွင်းလယ်ကစားသမား ၂ ယောက်ကို အားဖြည့်ချင်နေပြီး ၊ ခေါ်ယူချင်တဲ့သူတွေက ဒီကလန်ရိုက်စ် နဲ့   ချူမန်နီ တို့ဖြစ်တယ်လို့ဖော်ပြလာပါတယ်။  ရိုက်စ် ဟာ ချဲလ်ဆီးအပေါ်စိတ်ဝင်စားမှုမကြာခနပြသထားသူဖြစ်ပြီး ၊ ချူမန်နီကိုလည်း ကန်တေ နေရာအစားထိုးဖို့ သတင်းတွေထွက်ပေါ်လေ့ရှိပါတယ်။ တူချယ်ကလဲ ဝက်စ်ဟမ်းနဲ့ပွဲအပြီးမှာ ဆူဆက် နဲ့  ရိုက်စ်တို့ကို ချီးကျူးသွားပြီး  အကယ်ဒမီကစားသမားဟောင်းရိုက်စ် ရဲ့  လက်ရှိအသင်းသားတွေကြားထဲက ရင်းနှီးမှုကိုလည်း သတိထားမိကြောင်း ထည့်သွင်းပြောသွားခဲ့ပါတယ်။

ရလဒ်တွေက လက်ခံဖို့ခက်ခဲကြောင်း လော့ဖ်တပ်ချိ  ပြော

လော့ဖ်တပ်ချိက ချဲလ်ဆီးကစားသမားတွေဟာ ဝက်စ်ဟမ်းနဲ့ပွဲ ရလဒ်အပေါ် လက်ခံဖို့ခက်ခဲနေသေးကြောင်းဆိုလာပါတယ်။ သူက   ကျွန်‌တော်တို့ ပထမပိုင်းတစ်ပိုင်းလုံးပွဲကို ထိမ်းထားနိုင်ခဲ့ပေမယ့်  ဒုတိယပိုင်းမှာတော့ အာရုံစူးစိုက်မှုနဲခဲ့ပါတယ်   ။ ကျွန်တော်တို့တွေ ပွဲကိုစီးထားနိုင်ပေမယ့်  ရလဒ်တွေကောင်းဖို့အတွက်  ခုထက်ပိုပြီး အာရုံစိုက်ကစားရပါမယ်    လို့ ပြောသွားခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: