အာဆင်နယ်အတွက်နောက်ထပ်လုပ်ရမယ့် အရွေ့ကဘာဖြစ်မလဲ

အာဆင်နယ်မှာ ရှင်းရမယ့် ပြသနာတပုံတပင်ကြီးပဲ ဆိုတဲ့အကြောင်းကို အပ်ကြောင်းထပ်အောင် ကျွန်တော်တို့ပြောခဲ့ပြီးပြီ။ ပရိတ်သတ်ကတော့ပွဲတိုင်းနိုင်ချင်တာကြောင့်  လိုချင်တဲ့ရလဒ်ဖြစ်မလာရင်  ပြသနာရှာတတ်ကြတာပဲ။ ဒါပေမယ့် ဒါကိုလည်းအပြစ်ဆိုစရာမရှိ။ အာဆင်နယ်ဖက်က ပရိတ်သတ်တွေ ဖြစ်ချင်တာကို လုပ်ပေးဖို့ တာဝန်ရှိနေတာပဲ။ တစ်ခုပဲ .. အားပေးသူတွေဖက်ကလည်း လက်တွေ့ကျတဲ့ အမြင်တွေရှိဖို့လိုပါတယ်။ မဟုတ်ရင်စိတ်ပင်ပန်းရပါတယ်။

အာဆင်နယ်ဟာ ပြသနာအသစ်တစ်ခုမှ မတက်ပါ။ ဖြစ်သမျှဟာ ပြသနာအဟောင်းတွေရဲ့ နောက်ဆက်တွဲတွေပဲဖြစ်ပါတယ်။  အသုံးမတည့်တဲ့ ကစာသမားတွေအလွန်များတယ်။ ဒါတွေကို ရှင်းထုတ်ရမယ်။  အသင်းမှာပြင်းပြတဲ့စိတ်ဓါတ်မရှိဘူး .. ဒါကတော့ ပြုပြုင်နိုင်စပြုပြီ။  တိကျတဲ့ ကစားကွက်မရှိဘူး .. ဒါလဲပုံပေါ်စပြုပြီ။ ဒါပေမယ့် သူ့အိုးနဲ့သူ့ဆန်တော့မတန်သေး။  နောက်ပြီး တိုက်စစ်မှုး လိုအပ်တယ် .. ဒါက ရှင်းကိုရှင်းရမယ့်ပြသနာ။ နောက်ပြီး အရန်အင်အား။ ဒီတော့ များလှစွာသော ပြသနာတွေထဲက ၃ ခုကို ထုတ်နှုတ်ပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်။

ခေါင်းဆောင်မှုပြသနာ

အော်ဟစ်ပြောဆိုနေမှုက  ရမ်းစ်ဒေးတို့လူငယ်တသိုက်ဆီက ပဲထွက်လာတာ အဆင်မပြေ။ တစ်သင်းလုံး စိတ်အားထက်သန်မှုအပြည့်နဲ့ဖြစ်နေရမှာဆိုပေမယ့်  အသင်းခေါင်းဆောင်ရဲ့ပြင်းအားက အားလုံးထက် သိသာနေရမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ခေါင်းဆောင်မှုပျောက်ဆုံးနေပါတယ်။ လူငယ်တွေရဲ့ နိုင်လိုစိတ်နဲ့ ပြင်းအားဟာ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပါတယ်။ အသင်းခေါင်းဆောင်တစ်ယောက်ရဲ့  လုပ်ဆောင်မှုတွေအားလုံးအာဆင်နယ်မှာပျောက်ဆုံးနေပါတယ်။ ဒီအချက်က အမြန်ဆုံးပြုပြင်ရမယ့် အချက် ဖြစ်ပါတယ်။ အနီးဆုံးပြေးကြည့်ရင် အသင်းပြောင်းတော့မယ့် လာကာဇက် ကမှ ကစားအားကို ပြောင်းလဲ စေတဲ့အားအင်တစ်ခု ယူဆောင်နိုင်ပါသေးတယ်။

Advertisements

တိုက်စစ်မှုးလိုအပ်ချက်

ဒါက ဒီရက်ပိုင်းမှ အရမ်းကြီး Hot Topic  ဖြစ်သွားတာဆိုပေမယ့် အာဆင်နယ်တိုက်စစ်မှုးရှာနေတာ ကြာလှပါပြီ။ ဆီးဗီးလားရဲ့  အယ်နာဆရီ  ၊ စီးရီးအေက ဘယ်လော့တီ တို့ကစပြီး အဒီယမ်မီတို့လို တက်သစ်စ အလယ်  အခု ကဲဗက်လီဝင်နဲ့ ဒေးဗီးစ် တို့အထိသတင်းတွေထွက်နေတာဖြစ်ပါတယ်။ ဒီပြသနာ အဟောင်းဟာ  အသင်းနောက်တစ်ဆင့်တိုးတက်ဖို့ လိုအပ်သွားချိန်မှာ သိသိသာသာ ပေါ်လွင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့အသံဆူညံလာစေခဲ့တာဖြစ်ပါတယ်။ ဒီတော့ အာဆင်နယ်အသင်း သူတို့ ဖြစ်ချင်တဲ့အရာတွေ ကိုအမှန်တကယ်ဖြစ်လာ ချင်တယ်ဆိုရင် တိုက်စစ်မှုးတစ်ယောက် စီစဥ်ရပါလိမ့်မယ်။ ခေါ်ယူရမယ်လို့ မသုံးချင်ပါ။ သူတို့မှာ နည်းလမ်းတွေရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် အူဘာမီယန်ကို ပေတေပြီးသုံးနေတာထက်  အန်ကတ်တီယာ ကိုထည့်ကန်တာကမှ  တစ်စုံတစ်ခု လုပ်ဆောင်နေကြောင်း ထင်ရှားပါလိမ့်မယ်။ တစ်ခုခုတော့လုပ်ကိုလုပ်ရပါမယ်။

အရံအင်အားမရှိသလောက်နဲပါးခြင်း

အာဆင်နယ်ဟာ သိပ်ကြီးမားတဲ့  လူစာရင်း ကိုပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် သုံးမရပါဘူး။ အခုမှ လူလူသူသူ နောက်တန်း   လေးစရခါစမှာ  ဘယ်သူမှ ဒဏ်ရာမရရဲ။ ဘယ်သူမှခြေမပျက်ရဲ။ ပါတေး တစ်ယောက် ခြေယိုင်ချိန်မှာ ဖြစ်ပျက်သွားတာသိပ်သိသာပါတယ်။  စမစ်ရိုး နဲ့ ဆာကာ မပါရင် ဘယ်သူ့ ထည့်ကစားမလဲ။ ကစားသမားနာမည်တွေကတော့အများကြီးပါ။ ဒါပေမယ့် ဘယ်သူကများ ရွေးစရာတစ်ခု ဖြစ်လို့လဲ။ ဒီတော့ အာတီတာ လူခေါ်ချင်ရင်  ခေါ်ချင်တဲ့နေရာသာခေါ်ပါ။ နေရာတိုင်းက လိုအပ်နေပါတယ်။ သူလည်းသိပါတယ်။ ဒါကြောင့် ခြေစွမ်းပြနေတဲ့ကြားက  နောက်တန်းတွေ ထပ်ခေါ်ဖို့ လုပ်နေတာပေါ့။ အမှန်တော့ အသင်းရဲ့ နေရာတိုင်းက တီယာနေနဲ့ တာဗာရက်စ်လို ဖြစ်နေဖို့သင့်တာပါ။

တကယ်တော့ အာဆင်နယ်အသင်းမှာ လိုအပ်နေတာတွေက ဒီ ၃ ချက်မကပါဘူး။ အခြားအသင်း ကြီးတွေအဆင့်ရောက်ဖို့ ဘယ်လောက်ဝေးနေသေးလဲဆိုတာ မြင်သာလွန်းလှပါတယ်။ခြေစွမ်းပြ ကစားသမား တွေဟာ ထူးချွန်ဖို့ တာစူနေသူတွေသာဖြစ်ပြီး World Class  လို့ဆိုရမယ့်အဆင့်ကို ထိထိမိမိ တက်လှမ်းနိုင်သူမရှိသေးပါဘူး။ အမှန်ဆိုရင်  စမစ်ရိုး  နဲ့   ဆာကာတို့က စီနီယာတွေဝန်းရံမှုနဲ့ တဖြေးဖြေးချင်းတိုးတက်ရမှာပါ။ အခုတော့ သူတို့ပုခုံးပေါ်မှာ လေးလံလွန်းလှပါတယ်။

လိုအပ်ချက်တွေတပုံတပင်နဲ့ ပြန်လည်ပြင်ဆင်ဆဲအနေအထားမှာ အသင်းကြီးတွေကိုရှုံးရမယ် ဆိုရင်လဲ လက်တွေ့ကျတယ်လို့ပဲဆိုရပါလိမ့်မယ်။ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ဖို့က အမှန်တကယ်မျှော်လင့်ရမယ့်အချက်လို့ ယူဆပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: