နံနက်ခင်း ချဲလ်ဆီးမှတ်စု (5Dec-7am)

မန်ဒီကို ရိုးရိုးတန်းတန်းမကစားဘူးလို့ ဝေဖန်တဲ့ ဖာဒီနန်

BT Sports ရဲ့ တင်ဆက်သူဖြစ်တဲ့ ဂန္တဝင်ဖာဒီနန်က  အလွယ်တကူရှင်းထုတ်ပစ်လို့ရတဲ့ ဘောလုံးကို အစွမ်းပြချင်စိတ်များပြီးအမှားလုပ်ခဲ့တယ် ဆိုပြီး  မန်ဒီကိုဝေဖန်လိုက်ပါတယ်။ သူက

ဂျော်ဂျင်ဟိုပေးတာမှားတယ်ဆိုတာလဲ ဟုတ်ပါတယ်။ ဒါပေမယ့် မန်ဒီ့ဆီမှာ ကန်ထုတ်တာပဲဖြစ်ဖြစ် ၊ အခြားတစ်ခုခုပဲဖြစ်ဖြစ် လုပ်ဖို့ အခွင့်အရေးရှိခဲ့ပါတယ်။ မန်ဒီက အစွမ်းပြပြီး  ပြီးပြည့်စုံတဲ့ ကစားပုံကို လုပ်ချင်နေတော့ အခုလို အမှားကျူးလွန်မိတော့တာပါပဲ။ ဒီလိုအခြေအနေမှာ ရှင်းထုတ်လိုက်ဖို့ပဲလိုတာပါ   လို့ဆိုခဲ့ပါတယ်။  ဒီပွဲအရှုံးကြောင့် ချဲလ်ဆီးတို့ဟာ ဇယားထိပ်ဆုံးကနေ ဖယ်ပေးလိုက်ရပြီပဲဖြစ်ပါတယ်။

ဂျော်ဂျင်ဟိုရဲ့လုပ်ရပ်ကို စိတ်ပျက်နေတဲ့ ဂလင်းဂျွန်ဆင်

အများစုက မန်ဒီကို အပြစ်တင်နေကြပေမယ့် ချဲလ်ဆီးကစားသမားဟောင်း ဂလင်းဂျွန်ဆင်က  မန်ဒီထက် ဂျော်ဂျင်ဟို ကိုပိုပြီး ဝေဖန်သွားပါတယ်။ သူက  ကစားသမားတိုင်းအမှားလုပ်တတ်ကြပါတယ်။  ကွင်းထဲမှာနောက်ပြန်ပေးရတဲ့အခါတိုင်း  အန္တရာယ်ရှိပါတယ်။ ဒါပေမယ့်ဗျာ   ကိုက် ၃၀ လောက်ကနေ တဖက်တိုက်စစ်မှုးကိုဖြတ်ပြီးပေးတာမျိုးကတော့ ဘယ်လိုအဆင့်အတန်းမျိုးမှာမှ မလုပ်သင့်ပါဘူး။  ဒါလက်မခံနိုင်စရာပါ  လို့ပြောခဲ့ပါတယ်။   နည်းပြတူချယ်ကလည်း အသင်းမှာ တစ်ဦးချင်းအမှားတွေများခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

မာလန်ဆားရ် ကို မီလန်ကလဲ ချိတ်ဆက်

အသင်းမှာနေရာမရမှာသေချာနေတဲ့ နောက်ခံလူ မာလန်ဆားရ် ဟာအသင်းပြောင်းရွှေ့ဖို့ အပြင်းအထန် ပြင်ဆင်နေတာဖြစ်ပြီး ဥရောပအသင်းကြီး ၇ သင်းလောက်ကစိတ်ဝင်စားနေတယ်လို့   Gazzetta Delo Sport က ဖော်ပြလာပါတယ်။ ယင်းသတင်းရဲ့ဖော်ပြချက်အရ အေစီမီလန်အသင်းဟာ လည်းတစ်သင်းအပါအဝင်ဖြစ်ပြီး ဂျူဗီနဲ့အေစီတို့ဟာ ထိပ်ဆုံးကပြေးနေကြတယ်လို့ ဆိုပါတယ်။ ကစားသမားဟာ ဇန်နဝါရီမှာပဲ အသင်းသစ်ဆီရောက်ဖို့ရှိနေပါတယ်။

လူကာကူကို ထည့်သွင်းတာဟာ စွန့်စားခဲ့ရတယ်လို့ တူချယ်ပြော

နည်းပြတူချယ်က  လူကာကူကို ထည့်သွင်းကစားဖို့  ခက်ခက်ခဲခဲဆုံးဖြတ်ချက်ချခဲ့တာလို့ ဝန်ခံပြောကြားလာပါတယ်။  beIN Sport နဲ့တွေ့ဆုံရာမှာ သူက     ကျွန်တော်တို့ တခြားနည်းလမ်းမရှာခဲ့ပါဘူး။  ကိုင်  (ဟာဗက်စ်) ကလည်း ဒဏ်ရာနဲနဲရှိနေချိန်မှာ အပြောင်းအလဲလုပ်ကိုလုပ်မှရမှာဖြစ်ပါတယ်။  သူက ဝင်ကစားဖို့ အသင့်မဖြစ်သေးပါဘူး  လို့ ဆိုခဲ့ပါတယ်။ လူကာကူ ဟာလည်း ဝင်ကစားခဲ့ပေမယ့် ပုံစံကောင်းပြဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။ တဆက်တည်း လူကာကူရဲ့စွမ်းဆောင်ရည်ကိုမေးမြန်းတဲ့အခါ ကစားသမားတစ်ယောက်ရဲ့အကြောင်းကိုပြောရမယ့် အချိန်မဟုတ်ဘူးလို့ တုန့်ပြန်သွားခဲ့ပါတယ်။

အက်တီလာ ဇလိုင်းကို ရအောင်သာခေါ်ပါ  – ဂါးလက်စ်

ကစားသမားဟောင်း ဂါးလက်စ် က  ဟန်ဂေရီနောက်ခံလူ  အက်တီလာဇလိုင်း  ကိုခေါ်ဖြစ်အောင်ခေါ်ဖို့ ချဲလ်ဆီးအသင်းကိုတိုက်တွန်းသွားပါတယ်။ ဟန်‌ဂေရီ ဗန်ဒိုက်လို့ နာမည်ရနေတဲ့  ဇလိုင်း ဟာ ချဲလ်ဆီးနဲ့ တောက်လျှောက်လည်းသတင်းထွက်နေခဲ့တာဖြစ်ပြီး ၊ သဘောတူညီမှုရထားတယ်ဆိုတဲ့ ကောလာဟာလ တွေလဲထွက်လာခဲ့ပါသေးတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားနဲ့ပတ်သတ်လို့  ကစားသမားဟောင်းကြီးက   သူက ငယ်သေးပြီး တောက်လျှောက်တိုးတက်နေတာဗျာ.. ကြားထားရသလောက် သူနဲ့ချဲလ်ဆီးစကားပြောတာလဲ တိုးတက်မှုရှိတယ်လို့ သိရတယ်။  ဒီအပြောင်းအရွှေ့သာဖြစ်လာရင်တော့ သိပ်မိုက်မှာပါ    M4 Sports တွေ့ဆုံစဥ် ဆိုခဲ့ပါတယ်။

ဇီယက်ချ်ကို လူစားလဲလို့ ပရိတ်သတ်တွေမကျေနပ်ကြ

ပုံစံကောင်းရနေတဲ့ ဇီယက်ချ် ကိုထုတ်ပြီး  အိုဒွိုင်းကိုထည့်သွင်းခဲ့တဲ့ တူချယ်ရဲ့နည်းဗျူဟာကို  ပရိတ်သတ်တွေကမေးခွန်းထုတ်နေကြပါတယ်။ ဇီယက်ချ်ဟာ ပုံစံကောင်းဆက်တိုက်ပြန်ရနေသူဖြစ်ပြီး ဖိအားပေးမှုတွေလဲ လုပ်နိုင်ခဲ့ပေမယ့် တူချယ်ရဲ့ လူစားလဲမှုကို ခံခဲ့ရတာဖြစ်ပါတယ်။  ပ ရိတ်သတ်တွေဟာ တူချယ်ရဲ့ လုပ်ရပ်ကို အမှားအဖြစ်ပြောဆိုနေကြတာဖြစ်ပြီး ၊ အိုဒွိုင်းရဲ့စွမ်းဆောင်ရည်ကလည်း အားရစရာမကောင်းခဲ့တဲ့အခါ ပိုပြီးပြောဆိုနေကြတာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: