အန်ကန်ကူအတွက်ပြိုင်ဖက်ပေါ်လာတဲ့ အာဆင်နယ်
အာဆင်နယ်အသင်းဟာ ကာလရှည်စောင့်ကြည့်နေတဲ့ လိုက်ဇစ်ကွင်းလယ်လူ အန်ကန်ကူအတွက် ပြိုင်ဖက်တွေပေါ်လာပြီဖြစ်ကြောင်း ဂျာနယ်လစ် ခရစ်ရှန်ဖော့ က ဖော်ပြလာပါတယ်။ မန်ချက်စတာယူနိုက်တက်တို့ဟာ နည်းပြသစ်ရောက်ရှိလာခြင်းနဲ့အတူ အပြောင်းအရွှေ့မှာပြန်လည်လှုပ်ခတ်လာပြီးတဲ့နောက် အန်ကန်ကူ ကိုလည်း ဦးတည်လာခဲ့တာဖြစ်ပါတယ်။ အန်ကန်ကူ ဟာ ဒီရာသီမှာ ဖန်တီးမှုအကြိမ် ၂၀ ပြုလုပ်ထားပြီး ကိုယ်တိုင်လဲ ၁၃ ဂိုးသွင်းထားတဲ့ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ပါတယ်။
ဇာကာရီယာကို တကယ်ခေါ်ဖြစ်တော့မှာလား
ကွင်းလယ်လူ ဇာကာရီယာကိုခေါ်ယူရေးမှာ အသင်းကြီးတွေအပြိုင်ဖြစ်နေပေမယ့် အာဆင်နယ်အသင်းက ဦးဆောင်နေတယ်လို့ Fusstball Transfers ကဖော်ပြလာပါတယ်။ ရာသီကုန်မှာအလွတ်နဲ့ ခေါ်ယူနိုင်မယ့် ကစားသမားကို လီဗာပူးလ်ကလဲ ချိတ်ဆက်နေပြီး ၊ ကာယကံရှင်ကလဲ ကလောပ့် နဲ့တူတူလက်တွဲချင်နေပေမယ့် အာဆင်နယ်တို့က လေးလေးနက်နက် ချိတ်ဆက်နေတယ်လို့ ဖော်ပြလာတာဖြစ်ပါတယ်။
ဘာဘိုဆာ ကို မထင်မှတ်ပဲခေါ်ယူဖြစ်ဖို့ရှိနေတဲ့ အာဆင်နယ်
အာဆင်နယ်အသင်းဟာ အံ့အားသင့်စရာခေါ်ယူမှုအဖြစ် ဘရာဇီးတိုက်စစ်မှုး ဘာဘိုဆာကို ခေါ်ယူသွားနိုင်တယ်လို့ Balkan Talk က ဖော်ပြလာပါတယ်။ ဘာဘိုဆာကို စိတ်ဝင်စားနေတဲ့အသင်းတွေကတော့ နယူးကာဆယ် နဲ့ ဝက်စ်ဟမ်းတို့ဖြစ်ပြီး အာဆင်နယ်တို့အနေနဲ့ခေါ်ယူလိုပါက အခွင့်အကောင်းဆုံးလို့ သတင်းတွေကဖော်ပြနေကြပါတယ်။ လက်ရှိ ဖလာမင်ဂိုရဲ့ ကျောနံပတ် ၉ ပိုင်ရှင်ဖြစ်တဲ့ ဘာဘိုဆာအတွက် လာကာရဲ့နံပါတ်က သူ့အတွက်ဖြစ်နိုင်တယ်လို့ လဲ Football London ကသုံးသပ်ထားပါတယ်။
အဲဗာတန်နဲ့ပွဲ ရှာခါ ပြန်ပါဖွယ်ရှိ
နည်းပြ အာတီတာက ရှာခါရဲ့ ဒဏ်ရာတိုးတက်နေမှုကို ချီးကျူးပြောဆိုလိုက်ပြီး အဲဗာတန်နဲ့ပွဲမှာလည်း ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း အရိပ်အမွက်ပြောကြားခဲ့ပါတယ်။
ဒီအပတ်မှာလည်း ပိုမိုတိုးတက်မှုတွေနဲ့အကောင် ခြားနားတဲ့အဆင့်တစ်ခုကို ရှာခါဟာ ပြန်လည်ရောက်ရှိလာပါပြီ။ မနက်ဖြန်မှာတော့ ဒဏ်ရာ စစ်ဆေးမှုတွေပြုလုပ်ပြီးဆုံးဖြတ်ချက်တွေ ချသွားဖို့ရှိပါတယ်။ ရှာခါဟာ ခေါင်းဆောင်တစ်ယောက်ပါ။ ကျွန်တော်တို့ အားလုံးသူ့ကို လွမ်းနေကြတာပါ။ မကြာခင်သူပြန်လာမယ်လို့ မျှော်လင့်ပါတယ် ဆိုပြီးပြောသွားခဲ့တာပါ။
ဆုမရပေမယ့် မျက်နှာမငယ်ရတဲ့ ဆာကာ
အကောင်းဆုံးလူငယ်ကစားသမားဆုပေးပွဲမှာ အဆင့် ၆ သာရခဲ့ပေမယ့် ဘရာဇီး ဂန္တဝင် နှစ်ယောက်ရဲ့ မဲပေးမှုကိုရရှိခဲ့တဲ့အတွက် ဆာကာ ကိုချီးကျူးမှုတွေရှိနေကြတယ်လို့ က Football London ဖော်ပြလာပါတယ်။ ရိုနယ်ဒင်ဟိုနဲ့ ရီဗယ်ဒိုတို့ က ဆာကာ ကိုအကောင်းဆုံးလူငယ်အဖြစ်မဲပေးခဲ့ကြပေမယ့် ဘာစီလိုနာလူငယ် ပက်ဒရီက သာ ဆုကိုရရှိခဲ့ပါတယ်။ ဆာကာကို နယ်သာလန် ဂန္တဝင်ကြီး ရုဒ်ဂူးလစ်ကလဲ မဲပေးခဲ့တာဖြစ်ပါတယ်။
အူဘာကို လိုချင်နေတာ ၅ သင်းလောက်ရှိတယ် လို့ စပိန်သတင်းစာဆို
အာဆင်နယ်အသင်းနဲ့ အက်ကြောင်းတွေစထင်လာနေပြီလို့ ထင်ကြေးပေးခံနေရတဲ့ အသင်းခေါင်းဆောင် အူဘာမီယန်ကို ရီးရဲ ၊ ဘာကာ ၊ အက်သလက်တီကို ၊ အင်တာနဲ့ အေစီတို့က လိုချင်နေကြတယ်လို့ စပိန်သတင်းစာ Fichajes ကဖော်ပြလာပါတယ်။ အူဘာဟာ ဂန်းနားတို့အတွက် ၁၆၂ ပွဲကစားပြီး ၉၂ ဂိုးသွင်းပေးထားတဲ့ တိုက်စစ်မှုးဖြစ်ပေမယ့် နောက်ပိုင်းနှစ်တွေမှာ ခြေစွမ်းသိသိသာသာကျလာခဲ့တာဖြစ်ပါတယ်။
Leave a Reply