အကောင်းဆုံးဆု မရပေမယ့် ဂုဏ်ယူစရာဖြစ်ခဲ့တဲ့ ဆာကာ

အာဆင်နယ်လူငယ်လေး ဆာကာ ဟာ ကမ္ဘာတစ်လွားမှာ ကိုယ်ပိုင် ပရိတ်သတ်အခိုင်အမာရရှိနေပြီဖြစ်ပါတယ်။ နားရှုတ်သွားရင် စိတ်မရှိပါနဲ့။  ကိုယ်ပိုင် ပရိတ်သတ်ရတဲ့ ကစားသမားဆိုတာ မရှားပေမယ့် ပေါပေါများများတော့ရှိနေတာမဟုတ်ပါဘူး။  အချို့ကစားသမားတွေဟာ အသင်းတစ်သင်းမှာကစားနေစဥ်မှာသာ ပရိတ်သတ်တွေက စိတ်ထဲရှိကြပြီး ၊ အသင်းပြောင်းသွားတဲ့အခါ မေ့မေ့လျော့လျော့ဖြစ်သွားကြပါတယ်။ ဒါ့အပြင် ပြိုင်ဖက်ကစားသမားတွေရဲ့ ဂရုပြုမှုကို ရဖို့ခက်ကြပါတယ်။ ဒါပေမယ့် အချို့သောကစားသမားတွေက တော့ ကိုယ်ပိုင်ပရိတ်သတ်နဲ့ဖြစ်ပါတယ်။ ဥပမာ ချဲလ်ဆီးက ကန်တေ ကိုကြည့်ပါ။ ချဲလ်ဆီးပရိတ်သတ် မဟုတ်သူတွေရဲ့ အချစ်ကိုပါ ရရှိထားပြီး ၊ သူတချိန်ချိန် အသင်းပြောင်းသွားခဲ့ရင်လဲ ချဲလ်ဆီးပရိတ်သတ်တွေဟာ သူ့ကိုအားပေးနေကြဦးမှာဖြစ်ပါတယ်။ ဆာကာကတော့  ကန်တေ အဆင့်မရောက်သေးပေမယ့်   သူ့အတိုင်းအတာနဲ့သူ အသင်းကိုအားပေးခြင်းနဲ့မပတ်သတ်ပဲ ပရိတ်သတ်ချစ်ခြင်းကိုရရှိနေပြီဖြစ်ပါတယ်။  အာဆင်နယ်ပရိတ်သတ်မဟုတ်ပေမယ့် ဆာကာကိုချစ်ကြသူများပါတယ်။

ပြီးခဲ့တဲ့အပတ်က ဘလွန်းဒီအော ဆုပေးပွဲရဲ့ သတင်းတွေက ပရိတ်သတ်တွေကြားထဲမှာ ရေပန်းစားခဲ့ပါတယ်။ ထိုနည်းတူစွာပဲ  ကိုပါ ဆုပေးပွဲရဲ့ ရလဒ်တွေကလဲ အနာဂတ်လူငယ်လေးတွေအတွက် အရေးပါခဲ့ပါတယ်။ အသက် ၂၁ နှစ်အောက်တွေကို ပေးတဲ့ ဒီဆုကို ပြီးခဲ့တဲ့နှစ်တွေမှာ ဘာပေ နဲ့  ဒီလစ်တို့လို ဒီနေ့ ဘောလုံးကမ္ဘာမှာ ထိပ်တန်းဖြစ်နေသူတွေရခဲ့ဖူးကြတာပေါ့။

ဒီနှစ်အတွက်တော့  ဘာစီလိုနာလူငယ်လေး ပက်ဒရီက အကောင်းဆုံးဆုရခဲ့ပြီး ဆာကာ ကတော့ မန်ယူလူငယ် ဂရင်းဝုဒ်ရဲ့နောက် အဆင့် ၆ နေရာကနေ ရပ်တည်ခဲ့ပါတယ်။  ဒါဟာ အာဆင်နယ်ပရိတ်သတ်တွေအတွက်ပျော်စရာတော့ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အခြားဂုဏ်ယူစရာတစ်ခုရှိနေပါတယ်။ အဲ့တာကတော့  ဆာကာကိုမဲပေးကြသူတွေထဲမှာ ရိုနယ်ဒင်ဟို  ၊ ရီဗယ်ဒိုနဲ့  ရုဒ်ဂူးလစ် တို့လို ပုဂ္ဂိုလ်တွေပါနေတာပါပဲ။ ဒါကိုလဲ Football London   က တခုတ်တရရေးသားသွားခဲ့ပါတယ်။

အခုလို ဂန္တဝင်တွေရဲ့ ထောက်ခံအားပေးမှု ကိုရရှိတာဟာ ဆာကာရဲ့  အနာဂတ်ကိုတစိတ်တစ်ပိုင်း မြင်နေရပြီး  တချိန်ချိန်မှာအောင်မြင်သူတွေရဲ့ခြေရာကိုနင်းနိုင်မှာဖြစ်တယ်လိုဆိုနေကြပါတယ်။  Reddit သုံးစွဲသူတစ်ယောက်ဖြစ်တဲ့ BScruples က အခုလိုပြောသွားခဲ့ပါတယ်။

ဆာကာနေရာကနေဝင်ခံစားကြည့်စမ်းပါဗျာ ..  ဒီလိုမျိုး ပုဂ္ဂိလ်နှစ်ယောက်က ကိုယ်ကို မဲပေးသွားတယ် ဆိုတာကို ဖတ်နေရတယ် ဆိုတဲ့ခံစားချက်မျိုး  … လူငယ်ကစားသမားတစ်ယောက်အတွက်ကတော့ ရူးရလောက်တဲ့ပျော်ရွင်မှုပါပဲ ..

Ref :  Tashan Deniran-Alleyne (Football London)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: