စိတ်ခံစားချက်တွေနဲ့ ရှုတ်ထွေးနေခဲ့သူ

ချဲလ်ဆီးအသင်းရဲ့ ဂိုးသမားတိုင်းလိုလိုဟာ ကမ္ဘာ့အဆင့်ကစားသမားနေရာမှာအမြဲ ရှိခဲ့ပါတယ်။ ရှိလဲရှိနေ ဆဲပါ။ အခုလက်ရှိ ပထမနေရာနဲ့ဒုတိယနေရာတို့မှာ ရှိနေတဲ့ ဂိုးသမားတွေဟာလဲ သူ့အရည်အချင်း နဲ့သူကောင်းမွန်ကြပါတယ်။ လောလောဆယ် မှာတော့ မန်ဒီက ပို Save တွေလုပ် နိုင်တယ် လို့ထင်ကောင်း ထင်ကြပါလိမ့်မယ်။    မှန်ပါတယ်.. ဒါပေမယ့် နည်းပြရဲ့ ယုံကြည်မူအတိုင်း စွမ်းဆောင်ပြထားတဲ့ ကီပါ ကိုလဲမမေ့စေချင်သေးဘူး။

မန်ဒီနဲ့ပတ်သက်တဲ့ သတင်းတွေ အခုနောက်ပိုင်း တော်တော်လေးဖတ်ရတယ်။ ယာရှင်ဆု ကို မရလိုက်တဲ့ကိစ္စ နဲ့လဲပါတယ်။  ဒီနေရာမှာတခု သတိထားမိတာက ယူနိုက်တက်နောက်ခံလူဟောင်း အီဗရာက မန်ဒီ ဆုမရခဲ့တာနဲ့ပတ်သက်ပြီး ပြောပြထားတာကိုလဲ သတိထားမိတယ်။ မန်ဒီဟာလူမည်းဂိုးသမားဖြစ်လို့ ဆုနဲ့လွဲတာဖြစ်တဲ့အကြောင်း၊ ဒီလောကမှာ ဒီလိုအရိပ်ဆိုးတွေက နောက်ကွယ်မှာအများကြီးရှိကြောင်း စတာတွေနဲ့ ပတ်သက်ပြီး ပြောပြထားခဲ့တာကိုပေါ့ ။  တကယ်လည်းကမ္ဘာကြီးက မမျှတသေးတာကိုယ်တွေ့ မျက်မြင် ပါပဲမဟုတ်လား။ အီဗရာကို မှန်တယ်မှားတယ် မပြောလိုပေမယ့် မန်ဒီအတွက် လည်း စိတ်မကောင်း စရာပါ။

ချဲလ်ဆီးဂိုးပေါက်ဖက်ပြန်ပြောရရင်  ကီပါ ကလဲခေသူမဟုတ် ။ လာလီဂါကလပ် ဘီဘာအိုကနေ ချဲလ်ဆီးကို ပေါင် ၇၂သန်းနဲ့ပြောင်းရွေ့ လာခဲ့သူ။ ကမ္ဘာ့စျေးအကြီးဆုံးဂိုးသမားတွေထဲက တယောက်။ (၂၀၁၈)နည်းပြဟောင်းဆာရီလက် ထက်မှာ ချဲလ်ဆီးအသင်းဟာ အာဂျင်တီးနားလက်ရွေးစင် ဂိုးသမားကြီး Caballero ကိုအားကိုး နေရချိန်မှာ ရောက်လာခဲ့သူတယောက်ဖြစ်တယ်။ သူ့ရဲ့ ချဲလ်ဆီးကစားသမားဘဝ ပထမဆုံး အင်တာဗျူးမှာတောင် အောင်မြင်မူနောက်တစ်ဆင့်အတွက် ဒီကိုလာတာလို့ဖြေကတည်းက ဒီကစားသမားရဲ့အသင်းပေါ်ထားတဲ့ ပေးဆပ်ချင်စိတ်ကိုတွေ့ရတယ်။

အဲ့ဒီ ၂၇နှစ်အရွယ် စပိန်ဂိုးသမားက ချဲလ်ဆီးနဲ့ ၃ရာသီဖြတ်သန်းပြီးတဲ့နောက်မှာ ပထမရာသီ၊ ဒုတိယရာသီတို့မှာသာ ပွဲအပြည့်က စားထားရပြီး တတိယရာသီ အရောက်မှာတစ်ရာသီ လုံးမှာမှ ၁၃ ပွဲဘဲ ကစားထားရသေးတယ်။ အခု ဒီရာသီမှာတော့ စိတ်မကောင်းစွာနဲ့ ပြိုင်ပွဲစုံ ၃ ပွဲ သာကစားထား ရပါတယ်။

သူဘာကြောင့် ဒီလိုဖြစ်ခဲ့လဲ?

ဘောလုံးကစားသမားတိုင်းမှမဟုတ်ပါဘူး။ တခြားနယ်ပယ်ထဲမှာလဲ အောင်မြင်ချိန်ကျရှံးချိန် အနိမ့်အမြင့် အတက်ကျကတော့ ရှိတာပါဘဲ။ မရှိတဲ့ သူရယ်လို့ လက်ညိုးထိုးပြဖို့လူမရှိသလောက်ပါဘဲ။ အနည်းနဲ့ အများဘဲ ကွာသွားမှာဖြစ်ပါတယ်။ သူလက်စွမ်းမတည်ငြိမ်ဖြစ်ရတဲ့ကြောင်းကိုလဲ အင်တာဗျူးတခုမှာ ရှင်းပြထားခဲ့ပါတယ်။ အင်တာဗျူးကလဲ နည်းပြဆာရီနဲ့ သူ့ကြားမှာ နားလည်မူ လွဲခဲ့ကြတဲ့ အခိုက်အတန့်လေးကို မေးတာကစပြီး ဖြေဖြစ်သွားတာလို့သိရပါတယ်။  တကယ်တော့ သူအဆင်မပြေတာက သူရဲ့ပါစင်နယ်ကိစ္စတခုကြောင့် ဘောလုံးမှာအာရုံစူးစိုက်မူနည်းသွားခဲ့တယ်။ လူ့ဘဝရဲ့ အရေးပါတဲ့ ကိစ္စဖြစ်လို့ သက်ရောက်မှုကြီးခဲ့တယ်။ ဒါကစခဲ့တာပါပဲ။

အင်ဒရီပီရက်ဇ် ဆိုတဲ့အမျိုးသမီးနဲ့ ကီပါ တို့ဟာ ၇ နှစ်ကြာတွဲခဲ့ကြတဲ့ ပါတနာတွေဖြစ်ပါတယ်။ ငယ်ငယ် တုန်းကထဲ က ခင်မင်ခဲ့ကြသူတွေလည်းဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းဘဝကိုနေထိုင်တတ်တဲ့ ကီပါရဲ့   အင်စတာဂရမ် ကိုကြည့်ရင် သူတို့အတွဲပုံတွေအပြည့်ပဲဖြစ်ပါတယ်။ ဒါပေမယ့် သူ့ဘဝကို  Upside Down ဖြစ်သွားစေတဲ့ လမ်းခွဲမှုဟာ  ပရိုဖက်ရှင်နယ်ဘဝရဲ့ လက်စွမ်းပြမှုတွေကိုပါယူသွားခဲ့ပါတယ်။  ကမ္ဘာ့အဆင့်ဂိုးသမားတစ်ယောက်ဟာ ၂၄ ပွဲမှာ ၃၂ ဂိုးပေးလိုက်ရတော့တာပါပဲ။

ပြီးတော့အသေးစားဒဏ်ရာလေးတွေက သူ့ကိုအနှောင့်အယှက်ပေးတယ်စသည်ဖြင့်ပေါ့။ ဒါပေမယ့် သူကြိုးစားနေကြောင်း၊ နားလည်မူလွဲသွားတဲ့ပြဿနာမှာလဲ အများထင်ထားသလိုမဟုတ်ကြောင်း၊ ဒီလိုမျိုး ပြင်းပြင်းထန်ထန်ဝေဖန်ခံရတာလဲ တခါမှမကြုံ ဖူးလို့ စိတ်ဓာတ်ကျမိကြောင်း၊ အရင်လို လက်စွမ်းတွေပြန်ရဖို့ပရိတ်သတ်တွေအနေနဲ့ဆက်လက် အားပေးဖို့လိုကြောင်းစတဲ့ အကြောင်းအရာ တွေအများကြီးကိုသူက ပွင့်လင်းစွာပြောပြသွားခဲ့တယ်။

ဒါပေမယ့် ချဲလ်ဆီးအသင်းနဲ့ကီပါအတွက် အရာရာဟာ နောက်ကျခဲ့ပါပြီလို့ဆိုရမယ်။ နည်းပြ အပြောင်းအလဲနဲ့အတူ ပရိတ်သတ်တွေရဲ့ယုံ ကြည်မူပြန်မရခြင်း၊ ဂိုးသမားသစ်မန်ဒီ ရောက်ရှိလာပြီး လက်စွမ်းပြနေခြင်းတို့ကြောင့် သူဟာ ကောင်း ပါသော်လည်း ဒုတိယနေရာကိုရောက်ရှိခဲ့တာဖြစ်တယ်။ ဒါပေမယ့် အခွင့်အရေးရတာနဲ့  အသင်းအတွက် ပေးဆပ်ဖို့အသင့်ရှိတဲ့ ဂိုးသမားတယောက်ဖြစ်တဲ့အပြင် ဒီအသင်းနဲ့ ထိုက်တန်ကြောင်းကိုလဲ ပြသထားတာကို စာဖတ်သူတွေအနေနဲ့လဲ မြင်တွေ့လိမ့်မယ်လို့ ထင်ပါတယ်။

အခုကောလဟာလ သတင်းတွေအရ  နည်းပြဟောင်း ဆာရီရှိတဲ့ စီးရီးအေ ကလပ် လာဇီယိုအသင်းကို ပြောင်းရွေ့ဖို့သတင်းတွေထွက်ပေါ် နေတာကိုတွေ့နေရပါတယ်။ နည်းပြဆာရီအတွက် ကစားသမားအပြောင်း ရွေ့စာရင်းမှာ ကီပါ က ထိပ်ဆုံးမှာပါဝင်နေတယ်လို့သိရပြီး ကစားသမားကိုယ်တိုင်ကလဲ သွားဖို့ ချိတ်ဆက်နေတဲ့အပြင် ခေါ်ယူခဲ့မယ်ဆိုရင် ဇန်နဝါရီအပြောင်းရွေ့မှာမဖြစ်နိုင်ကြောင်းနှင့် ရာသီကုန်ဖြစ်နိုင်တယ်လိုလဲ ရေးနေကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကီပါ ကို ကွင်းထဲမှာလက်စွမ်းပြနေတာပဲမြင်ချင်မိတာပါပဲ။ ဘယ်အသင်းမှာဖြစ်ဖြစ်ပေါ့။ ကစားသမားတို့ရဲ့သဘာဝအတိုင်း တချိန်ချိန်မှာ လက်စွမ်းတွေကျဆင်းလာမယ်ဆိုရင်တောင်  အခုကတော့ သိပ်စောလွန်းပါသေးတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: