မနက်ဖြန်ပဲ သူ့ကိုခေါ်လိုက်ပါ – ဒါရင်းဘန့်

စပါးတိုက်စစ်မှုးဟောင်းလဲဖြစ် ၊ လက်ရွေးစင်တိုက်စစ်မှုးဟောင်းလဲဖြစ်တဲ့  ဒါရင်းဘန့်ကတော့  ကဲဗက်လီဝင်ကို ခေါ်ဖို့အခွင့်အရေးသာရှိရင် မနက်ဖြန်ပဲခေါ်လိုက်တော့လို့ ဆိုလိုက်ပါတယ်။

အာဆင်နယ်ရဲ့ တိုက်စစ်မှုးရှာပုံတော်က သိပ်ကိုကျယ်ပြန့်နေခဲ့ပါပြီ။ လာလီဂါဖက် ၊  စီးရီးအေဖက် ၊ ပရီးမီးယားလိဂ်ဖက် ၊ ပြင်သစ်လီဂူးဖက် ၊ ဒါတွေကျော်လွန်လို့ ရုရှားလိဂ် နဲ့ ဆွစ်ဇာလန်ဖက်လဲရောက်တယ်၊ ဘရာဇီးဖက်လဲရောက်တယ်။  အခုတော့ ပြည်တွင်းဖြစ်ကယ်ဗက်လီဝင်နဲ့ သတင်းထွက်လာခဲ့ပြန်ပြီ။

မနေ့ကဖော်ပြတဲ့  The Times ရဲ့အဆိုအရတော့ အာဆင်နယ်တို့ဟာ လီဝင်ကိုတကယ်စိတ်ဝင်စားနေကြပြီး နွေရာသီမှာခေါ်ယူဖို့ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။  မနှစ်က ၂၁ ဂိုးသွင်းယူထားတဲ့  တိုက်စစ်မှုးဟာ ဒီရာသီမှာတော့  ဒဏ်ရာကြောင့်နားနေရချိန်များပြီး ၃ ဂိုးသာသွင်းယူထားနိုင်ပေမယ့်  လိဂ်မှာတော့ ကျော်ကြားမှုရှိနေဆဲဖြစ်ပါတယ်။ အဲဗာတန်က သူတို့တိုက်စစ်မှုးအတွက် ပေါင်သန်း ၅၀ လိုချင်နေပါသတဲ့။

အာဆင်နယ်ပရိတ်သတ်ဖြစ်တဲ့ ဘန့်ကတော့ အခုလိုပဲပြောပါတယ်။

အခွင့်အရေးရရင် မနက်ဖြန်သာခေါ်ဗျာ ။ သူဘာလုပ်ပေးနိုင်တယ်ဆိုတာသိနေတာပဲကို။  သူက ကြိုးစားတဲ့ကစားသမားဖြစ်တယ်၊  ဘောလုံးကိုင်ထားနိုင်တယ်၊  ဂိုးသွင်းနိုင်တယ်၊ ပြီးတော့အမြင့်ဘော သိပ်ကောင်းတယ်။  အာဆင်နယ်လိုချင်နေတာတွေသူ့ဆီမှာရှိတယ်။  အသက်အရွယ်အရလဲ သင့်တော်တယ်။ ကျွန်တော်ကတော့ကြိုက်တယ်ဗျာ  လို့ အားရပါးရပြောပါတယ်။  ကဲဗက်လီဝင်သာ ရောက်လာရင်တော့ ငယ်ရွယ်တဲ့ အာဆင်နယ် လူစာရင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာမှာပါ။

Pressing Play အတွက် တိုက်စစ်မှုးတစ်ယောက်ကိုရည်ရွယ်တယ်ဆိုရင်တော့ ကဲဗက်လီဝင်က သင့်တော်တဲ့ကစားသမားပါပဲ။  သူအဲဗာတန်မှာ ဘာတွေလုပ်ပြခဲ့တယ်ဆိုတာလဲမြင်နေတာပဲ မဟုတ်လား။  ဆာကာ ၊ စမစ်ရိုတို့နဲ့သေချာပေါက်အတွဲညီမှာပါ။  အာဆင်နယ်ကလဲ ဒီဖက်နှစ်တွေမှာ သူတို့အတွက် ကောင်းမယ်လို့ထင်တဲ့ကစားသမားဆိုရင် ငွေသုံးစွဲမှုတွေလုပ်နေကြတာပဲဆိုတော့  အဲဗာတန်ကသာအရောင်းစာရင်းမှာ လီဝင် ကိုထည့်ထားရင်တော့ ဒီအပြောင်းအရွှေ့ကဖြစ်လာနိုင်စရာရှိပါတယ်။  ဒါက  The Boot Room  ရဲ့အာဘော်ဖြစ်ပါတယ်။

ရှက်ဖီးယူနိုက်တက် နဲ့အတူ ပထမတန်းလိုနေရာ‌တွေမှာ ကျင်လည်ခဲ့ပြီး အဲဗာတန်နဲ့လဲ  ၆ ရာသီတိုင်ပြီမို့  အဂ်လန်မြေရဲ့အကြောင်းကတော့ အထွေအထူးလေ့လာနေစရာမလိုတော့။ တကယ့်     Typical English Player လို့တောင်ဆိုလို့ရပါတယ်။ သူ့ရဲ့ မန်နေဂျာဟောင်း နီဂျယ်ကလောက် က တော့ “  သူက သန်မာတယ်။ သူရောက်နေတဲ့အဆင့်အတွက်သူကောင်းကောင်းအရည်အသွေးရှိတယ်။ ပြီးတော့ လေထဲမှာဆိုရင် ဘယ်သူနဲ့ယှဥ်ယှဥ် သူဦးတာပါပဲ “ လို့ ပြောပြခဲ့တယ် အနှစ်ချုပ်ရရင်တော့  သန်သန်မာမာနဲ့ထိုးဖောက်ကစားနိုင်တဲ့ တိုက်စစ်မှုးဆိုပါတော့။ အာဆင်နယ်မှာ သူ့လိုလူ လိုအပ်ပါတယ်။

ကစားသမားဘဝမှာ ပွဲပေါင်း ၂၃၀ ကစားထားပြီး ၇၄ ဂိုး သွင်းထားနိုင်တာက သူ့ရဲ့မှတ်တမ်းဖြစ်ပါတယ်။ အသက် ၂၄ နှစ်ပဲရှိသေးတာကြောင့် အများကြီးလည်းမျှော်လင့်နိုင်ပေမယ့် သန်း ၅၀ ကတော့ အာဆင်နယ်ပေးဖို့ဆန္ဒရှိမရှိမသေချာပါဘူး။ ကဲဗက်လီဝင်ရဲ့ အဓိကအားသာချက်ကတော့  ပရီးမီးယားလိဂ်အတွက်အချိန်ယူစရာမလိုတဲ့အချက်ပါပဲ။  အရမ်းစျေးများတဲ့   Highly Rated တိုက်စစ်မှုးတွေကို စွန့်စားခေါ်ယူမယ့်အစား  ကဲဗက်လီဝင် ကိုသက်သာတဲ့စျေးနှုန်းနဲ့ အင်အားဖြည့်တာကလဲ သင့်တော်တယ်လို့   Gunners’ Side အနေနဲ့ ယူဆပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: