၀က်ဖိုဒ့် နဲ့ပွဲစဉ်ကနေ တူချယ်ရခဲ့တဲ့ သင်ခန်းစာ ၄ခု

ဒဏ်ရာရကစားသမားတွေနဲ့ပွဲပန်းနေတဲ့ကစားသမားတွေ များပြားနေတဲ့ ချဲလ်ဆီးအသင်းဟာ ၀က်ဖိုဒ့်ကို သာမန်ထက်နိမ့်ကျနေတဲ့ ခြေစွမ်းနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး လက်ရှိရာသီမှာ အဆိုးရွားဆုံးမြင်တွေ့ ခဲ့ရတဲ့ အသင်းရဲ့စွမ်းဆောင်မှုလည်းဖြစ်ပါတယ်။  ဒီပွဲစဉ်ကနေ တူချယ့်အတွက် သင်ခန်းစာတွေ အများကြီး ရခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ တူချယ် သင်ယူလေ့လာခဲ့ရတဲ့ သင်ခန်းစာတွေကတော့

(၁) သီယာဂိုဆေးလ်ဗားရဲ့ အရေးပါမှု

အသက်၃၇နှစ်အရွယ် ဘရားဇီးသားကြီးဟာ ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၇ပွဲဆက် ပထမပွဲထွက်လူစာရင်းမှာ ပါ၀င်ခဲ့သလို နိုင်ငံတကာဘောလုံးပွဲစဉ်တွေမှာလည်း ဘရာဇီးလ်အသင်းအတွက် ကိုယ်စားပြု ကစားခဲ့ရပါသေးတယ်။ဒါကြောင့် ၀က်ဖိုဒ့်နဲ့ပွဲစဉ်မှာ ပွဲပန်း‌နေတဲ့ဆေးလ်ဗားကို ပွဲထွက်လူစာရင်းမှာ မထည့်သွင်းပဲ အရန်ခုံမှာ ထိုင်နေစေဖို တူချယ်က ဆုံးဖြတ်ခဲ့ပုံပါပဲ။

ဒုတိယပိုင်းအစမှာတော့ တူချယ်ဟာ ဆာအူး အစား သီယာဂိုဆေးလ်ဗားကို ထည့်သွင်းခဲ့ရပါတယ်။ဝါရင့်နောက်ခံလူကြီးဟာ အသင်းရဲ့ဆိုးဝါးနေတဲ့ ခြေစွမ်းကို အိပ်မက်ဆန်ဆန် လုံး၀ပြောင်းလဲသွားအောင် မလုပ်နိုင်ခဲ့ပေမယ့် အိမ်ရှင်အသင်းရဲ့ဖိအားပေး ကစားမှုတွေကိုတော့ တားဆီးနိုင်ခဲ့တယ်လို ဆိုရပါမယ်။

ဆေးလ်ဗားဟာ ခံစစ်ဗဟိုလူ သက်သက်သာမဟုတ်ပဲ အသင်းရဲ့ခံစစ်ကို ဦးဆောင်သူ၊လမ်းညွှန်သူ တစ်ဦးဆိုလည်းမှန်ပါတယ်။ဆေးလ်ဗားရဲ့ပါ၀င်မှုဟာ ချဲလ်ဆီးအသင်းအတွက် အရမ်းကိုအရေးကြီးပေမယ့် အသက်အရွယ်ကြောင့် လာမယ့်ပွဲစဉ်တိုင်းမှာ ပွဲချိန်ပြည့် ပါ၀င်နိုင်ဖို့ မရှိတာက‌တော့ တူချယ် ရင်ဆိုင်ရမယ့် ခံစစ်ပြဿနာတစ်ခုပဲဖြစ်ပါတယ်။

၂။ Wing Back ဟာ အက်ဇ်ပီလီကွယ်တာရဲ့ နေရာမဟုတ်

အသက်၃၂နှစ်ရှိပြီ ဖြစ်တဲ့ စပိန်သားကြီးဟာ အသင်းနဲ့အတူ  ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားနဲ့ အခြားသော ဆုဖလားများစွာကို ကိုင်မြှောက်ခဲ့ဖူးတဲ့ ဂန္တ၀င်ကစားသမားတစ်ဦး ဖြစ်နေပါပြီ။ ချဲလ်ဆီးအသင်းရဲ့ အောင်မြင်မှုတွေမှာ အရေးပါခဲ့တဲ့ အက်ဇ်ပီလီကွယ်တာအတွက် နောက်လာမယ့် ပွဲ‌စဥ်တွေမှာလည်း သူ့ရဲ့ အခန်းကဏ္ဍဟာ အရေးပါလာမယ့်  ပွဲစဉ်တွေ အများအပြားရှိနေဦးမှာပါ။

 ဒါပေမယ့် ၀က်ဖိုဒ့် နဲ့ပွဲစဉ်မှာ ရိစ်ဂျိမ်းရဲ့နေရာကို ၀င်ရောက်ကစားခွင့်ရခဲ့တဲ့ အက်ဇ်ပီလီကွယ်တာအတွက်တော့ Wing Backဟာ သူရဲ့နေရာ မဟုတ်ကြောင်း ပေါ်လွင်ခဲ့ပါတယ်။ ‌ခံစစ်သုံးယောက်တန်းမှာဆို သူဟာ ခြေစွမ်းပြနိုင်မှာဖြစ်ပေမယ့် Wing Back နေရာကို ၀င်ရောက်ကစားချိန်မှာတော့ အက်ဇ်ပလီကွယ်တာဟာ သူ့ရဲ့ အသက်အရွယ်အရရော ကစားဟန်အရပါ အတော်လေးရုန်းကန်ခဲ့ရပါတယ်။ ပြိုင်ဘက်အသင်းကို တစ်ကြိမ်မှ လိမ်ခေါက် မကျော်ဖြတ်နိုင်ခဲ့သလို ‌တိုက်စစ်ကိုလည်း ဖြတ်တင်ပေးပိုမှုနှစ်ကြိမ်သာရှိခဲ့ပါတယ်။ဘောလုံးပေးပိုမှုမှာလည်း ၆၀ ရာခိုင်နှုန်းသာတိကျမှုရှိခဲ့တာဖြစ်ပါတယ်။

နောက်လာမယ့် ပွဲစဉ်တွေမှာ အက်ဇ်ပီလီကွယ်တာကို  Wing Backအစား နောက်တန်းသုံးယောက် ခံစစ်မှာသာ တူချယ်အနေနဲ့ နေရာပေးသင့်တယ်ဆိုတာကို ၀က်ဖိုဒ့်နဲ့ပွဲစဉ်မှာ ပေါ်လွင်ခဲ့ပါတယ်။

၃။ အသင့်မဖြစ်သေးတဲ့ ဆာအူး

ဂျော်ဂျင်ဟို၊ ကန်တီတို့ မပါ၀င်နိုင်တဲ့ ကွင်းလယ်မှာ လိုတက်စ်ချိခ်နဲ့ တွဲဖက်ပြီး ဆာအူးဟာ အသင်းအတွက် ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ ဒါဟာ အက်သလက်တီယိုမက်ဒရစ်က‌နေ တစ်ရာသီအငှားနဲ့ လန်ဒန်‌မြေကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ချဲလ်ဆီးအသင်းအတွက် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဒုတိယမြောက်ပွဲစဉ်လည်းဖြစ်ပါတယ်။

စပိန်‌မြေနဲ့ အင်္ဂလန်မြေတိုရဲ့ ကစားဟန် မတူညီမှုဟာ သူ့အတွက် အခက်အခဲတစ်ခုဖြစ်ခဲ့ပြီး ခြေစွမ်းမပြနိုင်ခဲ့တဲ့အတွက် ဒုတိယပိုင်းအစမှပဲ သီယာဂိုဆေးလ်ဗားနဲ့ လူစားလဲခဲ့ရပါတယ်။ တိကျတဲ့ဘောလုံးပေးပို့မှု ၁၁ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး မလိုအပ်ပဲ ကစားပုံကြမ်းတမ်းခဲ့တာကြောင့် အဝါကတ်ပါရခဲ့ပါတယ်။ ကစားခွင့်ရတဲ့ ၄၅မိနစ်လုံးမှာလည်း အသင်းရဲ့ ကွင်းလယ်မှာ ကစားကွက်ပုံဖော်ဖို့၊ ခံစစ်ကိုပံ့ပိုးဖို့၊ တိုက်စစ်အတွက် အခွင့်အရေးတွေဖန်တီးပေးဖို့ ဘယ်မှာမှ အားမကိုးခဲ့ရပဲ ဒီပွဲစဉ်ဟာ သူ့အတွက် စိတ်ပျက်စရာ ပွဲတစ်ပွဲဖြစ်ခဲ့ရပါတယ်။

“သူ အဝါကတ်ထိသွားတော့ ကျွန်တော့်အနေနဲ့ ရွေးချယ်စရာ နှစ်ခုရှိခဲ့ပါတယ်။ လူစားလဲမလား ဒါမှမဟုတ် Wing Backမှာ ပြောင်းကစားခိုင်းမလားပေါ့။သူ့အနေနဲ့ ကစားကွက်နေရာ အသစ်မှာ ကစားဖို အဆင့်သင့်မဖြစ်သေးတဲ့ ပွဲစဉ်တစ်ခုဖြစ်ခဲ့ပုံပါပဲ ဒါကြောင့် အသင်းရဲ့ကစားပုံပြောင်းဖို သူ့ကို လူစားလဲခဲ့လိုက်ပါတယ်”လို့  တူချယ်က ဆိုပါတယ်။

(၄) ခြေစွမ်းပြနိုင်ခဲ့တဲ့ မောင့်နဲ့ဟာဗက်စ်

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ဂိုးကို အတွဲအဖက်ညီညီနဲ့ ရယူခဲ့တဲ့ မေဆင်မောင့်နဲ့ ဟာဗက်စ် တို့အတွက် လက်ရှိရာသီအစဟာ သိပ်တော့မချိုမြိန်ခဲ့ပါဘူး။သူတိုနှစ်ယောက်လုံးဟာ အသေးစားဒဏ်ရာ ပြဿနာတွေရှိခဲ့ကြ ပြီး အကောင်းဆုံးခြေစွမ်းတွေကို တဖန်ပြသဖို့ ရုန်းကန်ခဲ့ကြရပါတယ်။

၀က်ဖိုဒ့်နဲ့ပွဲမှာတော့ သူတိုနှစ်ယောက်ရဲ့ ခြေစွမ်းတွေကို ပြန်လည်မြင်တွေ့ ခဲ့ရပြီး မောင့် နဲ့ ဇီယက်ခ်ျတို့ရဲ့ သွင်းဂိုးတွေကို ဟာဗက်စ်နဲ့ မေဆင်မောင့်ဟာ ဖန်တီးပေးနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းအတွက် အနိုင်သုံးမှတ်ရယူဖို့ အဓိကကျခဲ့တဲ့ ကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။

ဟာဗက်စ်ကလည်း အသင်းရဲ့ခြေစွမ်းနိမ့်ပါးနေချိန်မှာ သူရဲ့ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။  အသင်းဖော်တွေဆီကနေ  အကူအညီအထောက်အပံ့တွေအများကြီးမရခဲ့ပေမယ့် ရှေ့တန်းမှာ သူတစ်ယောက်တည်း ကြိုးစား ကစားသွားခဲ့ပြီး သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့သလို ၀က်ဖိုဒ့်အသင်းကိုလည်း အကောင်းဆုံးဖိအားပေးနိုင်ခဲ့ပါတယ်။

“ဒီပွဲစဥ်မှာ ဟာဗက်စ် ဟာ တကယ်ကို သန်သန်မာမာ ကစားနိုင်ခဲ့ပါတယ်။  ပုံမှန်ခြေစွမ်းမှာ ရှိနေတာ သူတစ်‌ယောက်ပဲ ရှိတယ်လို ခံစားခဲ့ရပါတယ်”လို့ တူချယ်ကပြောခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: