နံနက်ခင်း ချဲလ်ဆီးမှတ်စု (3Dec-8am)

ပရိတ်သတ်တွေအံ့သြခဲ့ကြတဲ့  ESPN ရဲ့ အဆင့်သတ်မှတ်ချက်

ESPN က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံအစွန်လူတွေထဲမှာ အလွန်ဆိုက ထိပ်ဆုံး ၁၀ ယောက်စာရင်းဝင်ပြီး ၊ ဘင်ချေးဝဲလ်က ပါဝင်မလာတဲ့အတွက် ချဲလ်ဆီးပရိတ်သတ်တွေဟာ အံ့အားသင့်နေကြပါတယ်လို Football London က ဖော်ပြလာပါတယ်။ အဆို ပါစာရင်းမှာ  လီဗာပူးကစားသမား  ရော်ဘတ်ဆန် ၊  အယ်ဖွန်ဆိုဒေးဗီးနဲ့ သီအို ဟာနန်ဒက်စ်တို့လဲပါဝင်ကြပါတယ်။

ဇီယက်ချ်ရဲ့   ပြောစကား

ဝက်ဖို့ဒ်နဲ့ပွဲမှာ အရေးပါတဲ့အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီးတဲ့နောက်  ဇီယက်က အခုလိုပြောခဲ့ပါတယ်။

“ ဒီဂိုးဟာ ဘာကြောင့်မန်နေဂျာက ကျွန်တော့်ကိုရွေးသလဲဆိုတာရဲ့ သက်သေဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ပျော်ရွင်မိပါတယ်။ ပွဲကလည်းတကယ့်ကို ခက်ခဲပါတယ်။ အစအဆုံးလုံးဝမလွယ်ကူခဲ့ပါဘူး၊  ဒီနေ့ဟာ ကျွန်တော်တို့ရဲ့အကောင်းဆုံးနေ့တစ်နေ့မဟုတ်ပေမယ့်  ၃ မှတ်ရအောင်ယူနိုင်ခဲ့ပါတယ် .. ကျန်တာတွေကတော့ မေ့ပစ်လိုက်တာပဲကောင်းပါတယ် “ လို့ဆိုခဲ့တာပါ။

တူချယ်ပြောတဲ့ ခရစ္စတန်ဆန်ရဲ့ စာချုပ်ကိစ္စ

လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ခရစ္စတန်ဆန်ရဲ့ စာချုပ်နဲ့ပတ်သတ်ပြီး

ကျွန်တော်တို့ဟာ သတင်းကောင်းမကြားရသေးခင် အခိုက်အတန့်လေးကို ကျော်ဖြတ်နေကြတာပါ။ ကလပ်ရဲ့သဘောထား ၊ ကစားသမားရဲ့သဘောထား ၊ နည်းပြရဲ့သဘောထား အကုန်တူတူပါပဲ။ ခရစ္စတန်ဆန်ကို ဆက်နေစေချင်တယ်။ ကျွန်တော်တို့ကြားမှာ ကတိကဝတ်တွေပြုဖို့တော့လိုပါတယ်။ ဒါပြီးရင် စာချုပ်အပြီးသတ်လို့ရပါပြီ  လို့တူချယ်က ဆိုပါတယ်။ ခရစ္စတန်ဆန်အနေနဲ့  ငွေကြေး ၊ စာချုပ်သက်တမ်းအပါအဝင် ကစားခွင့်ကိုလည်းတောင်းဆိုနေတယ်လို့  သတင်းတွေကဖော်ပြနေကြပါတယ်။ လီဗာပူးအသင်းကလည်း သူတို့ရဲ့  နောက်တန်းကိုဖြည့်တင်းဖို့  ခရစ္စတန်ဆန်ကိုခေါ်ယူနိုင်ချေရှိတယ်လို့ သိရပါတယ်။

လီဝန်နဲ့ ချဲလ်ဆီးကစားသမားတစ်ယောက်အလဲအထပ်လုပ်ဖို့ရှိနိုင်တယ်လို့  ကျွမ်းကျင်သူပြော

အပြောင်းအရွှေ့ကျွမ်းကျင်သူ  အီယန်မက်ဂယ်ရီက   တီမိုဝါနာနဲ့  လီဝန်ဒေါစကီးကို လဲလှယ်ဖို့ ကမ်းလှမ်းမှုတစ်ခုရှိနေတယ်လို့  ဆိုလာပါတယ်။ သူက

စူပါအေးဂျင့် ဇဟာဗီက  မာရီနာနဲ့  တော်တော်လေးရင်းနှီးပါတယ်။  သူ့အနေနဲ့  လီဝန်ဒေါစကီးနဲ့ပတ်သတ်ပြီး မာရီနာကို သေချာပေါက်ကမ်းလှမ်းထားတာတစ်ခုရှိပါတယ်။ အဲ့တာက ကစားသမားတစ်ယောက်နဲ့ လီဝန်ကို အလဲအထပ်သဘောနဲ့ အပြောင်းအရွှေ့လုပ်ဖို့ဖြစ်ပါတယ်။  ကျွန်တော့်အထင်တော့ ဇဟာဗီ လိုချင်နေတာ  တီမိုဝါနာဖြစ်ဖို့များပါတယ်  လို့   Transfer Window Podcast မှာပြောသွားခဲ့တာဖြစ်ပါတယ်။

မာကွင်ဟို့စ်ကို လျာထားတဲ့ ချဲလ်ဆီး

စပိန်သတင်းစာ Fichajes ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ  ပီအက်စ်ဂျီအသင်းရဲ့ နောက်ခံလူ မာကွင်ဟို့စ်ကို  နွေရာသီမှာခေါ်ယူဖို့ လျာထားကြောင်းဖော်ပြလာပါတယ်။ လက်ရှိအသင်းလူစာရင်းမှာထိပ်တန်းနောက်ခံလူ ၅ ဦးထိရှိထားပေးမယ့်  အသက်အရွယ် နဲ့ စာချုပ်အနေအထားတွေကြောင့် ထိပ်တန်းပစ်မှတ်တွေကိုလည်း ပြင်ဆင်ထားရတာဖြစ်တယ်  လို့ဆိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: