နံနက်ခင်း ချဲလ်ဆီးမှတ်စု (2Dec-8am)

ဆာအူးနဲ့ ချဲလ်ဆီးတို့ ဆက်ရန်မရှိပြီ

အငှားရောက်လာကတည်းက ခြေစွမ်းမပြနိုင်တဲ့ ဆာအူး ဟာ ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့တာကြောင့်  သူနဲ့ ချဲလ်ဆီးကြားမှာ အနာဂတ်တစ်ခုမရှိတာသေချာပြီဖြစ်ကြောင်း အခိုင်အမာပြောဆိုလာကြပါတယ်။ အပြောင်းအရွှေ့ရာသီမှာမျှော်လင့်ချက်ကြီးခဲ့ကြပေမယ့် ပထမဆုံးကစားကတည်းက ပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့သလို  ပရီးမီးယားလိဂ်မှာလည်း ၃ ကြိမ်သာ ကစားခွင့်ရထားခဲ့ပါတယ်။

ဂျော်ဂျင်ဟိုနဲ့ ကောလာဟာလ

Calciomercato သတင်းဌာနရဲ့ဖော်ပြချက်အရ  ဂျူဗင်တပ်စ် အသင်းဟာ  ကွင်းလယ်လူဂျော်ဂျင်ဟိုကို အသင်းအနေနဲ့ရောင်းချဖို့ရှိမရှိ ကစားသမားအေးဂျင့်ထံကို ချိတ်ဆက်မေးမြန်းခဲ့တယ်လို့ဆိုပါတယ်။ ချဲလ်ဆီးအသင်းရဲ့ တုန်ပြန်မှုဘယ်လိုရှိသလဲဆိုတာကို အဆိုပါသတင်းမှာ မဖော်ပြထားပေမယ့်  ကစားသမားအနေနဲ့  အသင်းက စွန့်ခွာဖို့ ဆုံးဖြတ်ဖွယ်မရှိကြောင်း သုံးသပ်ရေးသားထားပါတယ်။

နောက်ဆုံးအဆင့်တွေမှာ ညှိုနှိုင်းနေဆဲ ခရစ်စတန်ဆန်

အသင်းဖက်က ၅ နှစ်စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့်  ခရစ်စတန်ဆန် က  ၃ နှစ်စာချုပ်  သို့မဟုတ်  ပိုမိုမြင့်မားသောလစာနဲ့  ၅ နှစ်စာချုပ်ကိုပဲအလိုရှိနေတယ်လို့  The Athletic  က ဖော်ပြပါတယ်။ အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ အသက် ၃၀ ကျော်ကာလထိအသင်းနဲ့ စာချုပ်မိမနေစေချင်တဲ့ သဘောဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

လော့တပ်ချိ ကို အမှန်အကန် ချီးကျူးသွားတဲ့ ဂျိုးကိုလ်း

ဝက်ဖို့ဒ်ကိုအနိုင်ရတဲ့ပွဲမှာ မိနစ် ၉၀ လုံးပါဝင်ကစားသွားတဲ့ လော့တပ်ချိဖ်ကို  ကစားသမားဟောင်း ဂျိုးကိုး က ချီးကျူးသွားခဲ့ပါတယ်။ ကစားသမားကိုရော  ကစားသမားကို ပြန်လည်တည်ဆောက်ပေးခဲ့တဲ့ နည်းပြကိုပါ ချီးကျူးခဲ့တာဖြစ်ပါတယ်။

သူ့ကိုမြင်ခဲ့ရတာတွေနဲ သိပ်ကိုကွာခြားသွာပါပြီ။ သူကိုထည့်သွင်းကစားစေခဲ့တယ် ၊ သူကလည်း သန်မာတဲ့ပုံစံနဲ့ ပွဲတွေကိုချဥ်းကပ်လာခဲ့တဘ်။ ဒါတူချယ်တည်ဆောက်ခဲ့တဲ့ အရာပါပဲ။  သူမြင်ချင်တဲ့ပုံစံကို အကောင်းဆုံးသွတ်သွင်းသွားနိုင်ခဲ့တယ်။ အခုတော့ အတူတကွစီနင်းနေတဲ့ရထားကြီးကို အခု   ချိဖ်  က မောင်းနှင်နေပါပြီ”  လို့ ဆိုခဲ့တာပါ။

ဟာဗက်စ်ကို ပုံမှန်ခြေစွမ်းရအောင် ကူညီနေတဲ့ တူချယ်

ချဲလ်ဆီးနည်းပြ တူချယ်ဟာ ဟာဗက်စ် ရဲ့ အဆင့်အတန်းတစ်ခုကို ဆွဲထုတ်နိုင်ခဲ့သူဖြစ်တယ်လို့   ချီးကျူးခံနေရပါတယ်။  ဝက်ဖို့ဒ် ကိုအနိုင်ရတဲ့ပွဲမှာ  ဖန်တီးမှုတစ်ခုပြုလုပ်ပေးခဲ့သလို အရေးပါတဲ့ ရွှေ့လျားမှုတွေနဲ့လည်းအသင်းကို ကောင်းစွာအထောက်အပံ့ပေးနိုင်ခဲ့ပါတယ်။  ပရိတ်သတ်အများစုကလည်း နိုင်ပွဲမှာ အဓိက ကျခဲ့သူတစ်ယောက်ဖြစ်တဲ့ ဟာဗက်စ် ရဲ့ခြေစွမ်းကို ချီးကျူးနေကြပါတယ်။ ဟာဗက်စ်ဟာ တိုက်စစ်မှုးတွေမရှိချိန်မှာလည်း အထောင်မှာ ဝင်ရောက်ကစားပေးခဲ့သူဖြစ်ပါတယ်။

မောင့် ဟာ ဘယ်တုန်းကမှ ပုံစံပျက်မနေခဲ့ဘူး လို့ မာဖီကပြော

ကစားသမားဟောင်း ဒန်နီမာဖီက မေဆင်မောင့်ဟာ အားပေးသူတွေကို ဘယ်တုန်းကမှ စိတ်မပျက်စေခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ ခက်ခဲတဲ့နိုင်ပွဲမှာ ကိုယ်တိုင်တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့မောင့်နဲ့ပတ်သတ်ပြီး  မာဖီက   ချဲလ်ဆီးမှာ ကစားသမားကောင်းများစွာရှိနေပေမယ့်  မေဆင်မောင့်ကို မြင်ရတာတော့ တော်တော်လေးကြီးကျယ်ခန်းနားပါတယ်။ သူ့ဆီကဘာတွေရနိုင်တယ်ဆိုတာကို အားလုံးအမြင်ပါ။  ထိချက်တွေကောင်းတယ်၊  အထိမ်းအသိမ်းကောင်းတယ်၊ နည်းစနစ်ကောင်းတယ်၊ နေရာစုံမှာလိုက်ကစားပေးတယ်။ တကယ့်ကိုကြောက်စရာကစားသမားပါပဲ။ ချဲလ်ဆီးဟာ ပထမပိုင်းမှာ ရုန်းကန်ခဲ့ရတယ်။ ဒါပေမယ့်  မောင့်ရဲ့ လုပ်ဆောင်ချက်တွေက အမှားမပါသလောက်ပါပဲ။  သူကကိုယ်တိုင်သွင်းယူနိုင်သလို ဇီယက်ချ်ရဲ့ ဂိုးမှာလည်းအခရာကျခဲ့ပါတယ်။ တူချယ်ကတော့ မောင့်ပြန်ကစားနိုင်လို့ ပျော်နေတော့မှာပါ   လို့ပြောသွားခဲ့တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: