နောက်ဆုံးရ အာဆင်နယ် သတင်းများ (2Dec-10am)

အန်ကတ်တီယာကို ပရိတ်သတ်တွေ စိတ်ကုန်သွားကြပြီ

အသင်းဖက်က နောက်ဆုံးကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တဲ့ အန်ကတ်တီယာ ကို ပရိတ်သတ်တွေက  အမြန်ဆုံးသာရောင်းထုတ်လိုက်ဖို့ တိုက်တွန်းပြောဆိုနေကြပါတယ်။  Sky Sports ရဲ့ဖော်ပြချက်အရ အာဆင်နယ်တို့ဟာ ကမ်းလှမ်းမှုအသစ်ကိုပြုလုပ်ခဲ့ကြပေမယ့် ကစားသမားဖက်က ပယ်ချခဲ့တာဖြစ်ပြီး ၊ ပရိတ်သတ်တွေက ဇန်နဝါရီမှာတင်ရောင်းချပြီး‌ ငွေဖော်ဖို့ကို ပြောဆိုနေကြတာဖြစ်ပါတယ်။

ကူလူဆက်စကီကို အာဆင်နယ်ဖက်က ဆက်သွယ်ကြောင်းအတည်ပြု

အီတလီ ဂျာနယ်လစ် ဒီမာဇီယို က  အာဆင်နယ်အသင်းတို့ဟာ  ကူလူဆက်စကီရဲ့  အေးဂျင့်ဖြစ်သူကို စတင်ချိတ်ဆက်နေပြီဖြစ်ကြောင်း အတည်ပြုပြောဆိုပါတယ်။  သူက  အာဆင်နယ်က သူ့ကိုလိုချင်နေပါတယ်။ သူတို့ဟာ ကိုယ်စားလှယ်တွေနဲ့တောင် စပြီးဆက်သွယ်နေပါပြီ။ ဂျူဗင်တပ်စ်ဖက်ကလည်း ပေါင် ၃၅ သန်း ( ထပ်ဆောင်းဆုကြေး)  နဲ့ရောင်းချလိုနေပါတယ်။ ဒီတော့အခြေအနေကတော့ အာဆင်နယ်ဖက်က ဘယ်လောက်ထိစျေးပေးမလဲဆိုတာကို စောင့်ကြည့်ရုံပါပဲ။ ကျွန်တော်ပြောနိုင်တာက တော့ အာဆင်နယ်နဲ့ ကူလူဆက်စကီရဲ့ အေးဂျင့်တွေ တစ်ခါတွေ့ဆုံခဲ့ကြပြီးပါပြီ  လို့ဆိုခဲ့တာပါ။

ဘရာဇီးတိုက်စစ်မှုးပြိုင်ပွဲမှာ အားသာနေတယ်ဆိုတဲ့ အာဆင်နယ်

90 Minutes ရဲ့ အဆိုအရ အာဆင်နယ်  နဲ့ ဝက်စ်ဟမ်းအပါအဝင် ပရီးမီးယားလိဂ် အသင်း ၅ သင်းလောက်ကစိတ်ဝင်စားနေတဲ့ ဖလာမင်ဂိုတိုက်စစ်မှုး  ဂါဘရီယယ် ဘာလိုဆာအတွက် ဖလာမင်ဂိုဆီကို ပြန်ချင်နေတဲ့ ပါဘလိုမာရီနဲ့ အလိုက်ပေးကမ်းလှမ်းရင် အားသာချက်တစ်ခုဖြစ်လာမယ်လို့  TBR  သတင်းဌာနက သုံးသပ်တင်ပြသွားပါတယ်။ အသက် ၂၈ နှစ်အရွယ်တိုက်စစ်မှုးအတွက် ဖလာမင်ဂိုတို့က ပေါင် သန်း ၃၀ ခန့်အလိုရှိနေတာဖြစ်ပါတယ်။ ဘာဘိုဆာဟာ  ဒီရာသီမှာ စုစုပေါင်း ၄၁ ပွဲကစားပြီး ၂၉ ဂိုးသွင်းယူပေးထားနိုင်သူဖြစ်ပါတယ်။ (ဘရာဇီးလိဂ်က ဒီဇင်ဘာ ၁၀ ရက်ဆို ပြီးပါပြီ)

မန်ယူလိုအသင်းကို အနိုင်ရဖို့ဆိုတာခက်ခဲပေမယ့် တိုးတက်လာတဲ့အသင်းအဖြစ် တစ်ခုခုလုပ်ပြနိုင်ဖို့မျှော်လင့်နေတယ်ဆိုတဲ့ အွန်နရီ

အသင်းရဲ့ ဂန္တဝင် အွန်နရီက    အမှန်အတိုင်းပွင့်ပွင့်လင်းလင်းပြောရရင်တော့ ထိပ်ပိုင်းအသင်းတွေကိုနိုင်ဖို့က ခက်ပါတယ်။ ကျွန်တော်ကတော့ မနိုင်ဘူးဆိုရင်လဲ လက်ခံတယ်။  ဒါပေမယ့် တစ်ပတ်မှာ တစ်ပွဲပဲကစားနေရတဲ့အခြေအနေမှာတော့  အာဆင်နယ်ဆီကမျှော်လင့်ထားပါတယ်။ အခုအချိန်မှာ တိုးတက်မှုဆိုတာ  ဇယားထိပ်ကအသင်းတွေကို နိုင်လားဆိုတဲ့မေးခွန်းပါပဲ ,,  အိုးထရက်ဖို့ဒ်မှာ သူတို့တစ်ခုခုလုပ်ပြသွားဖို့ ကျွန်တော်မျှော်လင့်ပါတယ် လိုဆိုခဲ့တာပါ။  ဂန္တဝင်ကြီးက  အသင်းကြီးတွေနဲ့တွေ့ရင် ချေမှုန်းခံနေရတာကြောင့် အသင်းကို အားမရဖြစ်နေပုံပါပဲ။ တဆက်ထဲ  အာတီတာ နဲ့ အာဆင်နယ်ကို အားပေးနေကြောင်းကိုလည်းထည့်ပြောသွားခဲ့ပါတယ်။

လူငယ်တွေအစွမ်းပြ ၊ ဝီးရှိုင်းယားလဲ  နည်းပြအဖြစ်ပါဝင်သွားခဲ့

အစ်ဆွစ်ချ်တောင်း အသင်းကို ၂ – ၀ နဲ့ရှုံးနေတာကနေ  ၂ -၂ သရေကျခဲ့ပြီး  ပယ်နယ်တီနဲ့နိုင်သွားခဲ့တဲ့   Papa John’s Trophy ဖလားပွဲမှာ ဘာလိုဂန်နဲ့  ဟတ်ချီဆန်တို့က တစ်ဂိုးစီသွင်းပြီး ခြေစွမ်းလည်းပြနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီပွဲမှာ အာဆင်နယ်နဲ့အတူ လေ့ကျင့်ရေးဆင်းနေတဲ့ ဂျက်ဝီးရှိုင်းယားလဲ  နည်းပြအဖွဲ့ဝင်တစ်ယောက်အဖြစ် ပထမဆုံးပါဝင်သွားခဲ့တယ်လို့ဖော်ပြထားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: