ကံကောင်းလို့နိုင်တာဖြစ်ကြောင်း ၀န်ခံခဲ့တဲ့ တူချယ်

ချဲလ်ဆီးဟာ ၀က်ဖိုဒ့်ကို အဝေးကွင်းမှာ (၁-၂)ဂိုး ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်ကတော့ တကယ်ကို အားရစရာမရှိခဲ့ပါဘူး။  ဒဏ်ရာပြဿနာတွေနဲ့အတူ အသင်းရဲ့ခြေစွမ်းညံ့ဖျင်းခဲ့တာနဲ့ပတ်သက်ပြီး တူချယ်ဟာ ဆင်ခြေတွေလည်း မပေးခဲ့သလို အမှန်တရားကိုလည်း မဖုံးကွယ်ထားခဲ့ပါဘူး။ဂျာမန်သားကြီးက ရိုးရိုးသားသားပဲ သူ့ရဲ့အတွေးတွေကို ဖွင့်ဟလာခဲ့ပါတယ်။

“ကျွန်တော်တို့ ဒီပွဲစဉ်အတွက် အသင့်မဖြစ်ခဲ့ဘူးလို ခံစားရပါတယ်။အသင်းကို အဆင်သင့်ဖြစ်စေဖို့အတွက် ကျွန်‌တော့်မှာလည်း တာ၀န်ရှိခဲ့ပါတယ်။သူတို့တွေရင်ဆိုင်ရမယ့်အရာတွေအတွက် အဆင်သင့်ဖြစ်နေအောင် မပြင်ဆင်မိခဲ့ဘူး။ ဒါကြောင့်လည်း ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်‌ဟာ နိမ့်ကျခဲ့ရပါတယ်။ကျွန်တော်တို့ ကံကောင်းပြီး နိုင်ခဲ့ရတာလို့ ၀န်ခံရမယ်ထင်ပါတယ်”

ကန်တီ၊ ကိုဗာဆစ်၊ ချေးလ်ဝဲလ်နဲ့ ရိစ်ဂျိမ်းတို့ ဒဏ်ရာကြောင့် ဒီပွဲစဉ်မှာ မပါ၀င်ခဲ့သလို တီမိုဝါနာနဲ့ဂျော်ဂျင်ဟိုတို့ရဲ့ ကြံ့ခိုင်မှုကလည်း အရန်ခုံမှာ မိနစ်ကိုးဆယ်လုံးထိုင်နေဖို့လောက်ပဲ ရှိနေခဲ့ပါတယ်။ဒါကြောင့် ၀က်ဖိုဒ့်ကို ရင်ဆိုင်ဖို့ ပွဲထုတ်ရမယ့် လူစာရင်းအတွက် တူချယ်မှာ ရွေးချယ်စရာများများစားစား မရှိခဲ့ပါဘူး။

ကွင်းလယ်မှာ လိုတပ်စ်ချိခ်နဲ့ ဆာအူးနီဂွက်ဇ်တို့ကို တွဲဖက်ကစားစေခဲ့ပေမယ့် ဆာအူးဟာ ဒုတိယပိုင်းအစမှာပဲ သီယာဂိုဆေးလ်ဗားနဲ့ လူစားလဲခံခဲ့ရပါတယ်။ချာလိုဘတ်ကလည်း ခံစစ်ကနေ တိုက်စစ်လိုက်ပါဖို့ ကြိုးစားရင်း ဒဏ်ရာရခဲ့တာပဲ အဖက်တင်ခဲ့ပါတယ်။

Wing Back နေရာမှာ ဘန်ချေးလ်ဝဲလ်နေရာမှာ ကစားခွင့်ရတဲ့ မားကိုစ်အလွန်ဆိုကလည်း ခြေစွမ်းမပြနိုင်သလို ပွဲထွက်လူစာရင်းမှာ အချိန်အတန်ကြာပျောက်ဆုံးနေတဲ့ အက်ဇ်ပီလီကွယ်တာကလည်း ရိစ်ဂျိမ်းရဲ့ နေရာမှာ ၀င်ရောက်ကစားခဲ့ပေမယ့် စပိန်ဝါရင့်ကွင်းလယ်လူဟာ Right Wing Backနေရာမှာ  ဘယ်လိုမှကို အဆင်မပြေခဲ့ပါဘူး။

အသင်းနဲ့ ပွဲစဉ်သုံးပွဲလောက် လွဲချော်ထားခဲ့တဲ့ ခရစ်စတီယန်ဆန်ဟာ ခွန်အားအပြည့်နဲ့ ပါ၀င်ကစားနိုင်မယ်လို ထင်ခဲ့ရပေမယ့် ၀က်ဖိုဒ်နဲ့ပွဲအတွက် ပြင်ဆင်ချိန် နှစ်ရက်လောက်ပဲရှိခဲ့တာဟာ သူ့အတွက် အားနည်းချက်တစ်ခုဖြစ်ခဲ့ပြီး ပွဲချိန်အတွင်း အမှားတွေအများအပြားလုပ်မိစေခဲ့ပါတယ်။

“ကျွန်တော်တို့ ကစားသမားအချို့ကို ဆုံးရှုံးထားရတယ်။ကစားသမားအချို့ကတော့ ပွဲပန်းနေကြပါပြီ။ အနိုင်သုံးမှတ်ကို ၀က်ဖိုဒ့်အသင်းကနေ ခိုးလာခဲ့တယ်ပဲ ဆိုရမှာပါ။ ပထမဆုံးအနေနဲ့ ငါတို ကံကောင်းလို့ နိုင်ခဲ့တာလို ခံစားမိပါတယ်”လို့ တူချယ်ကပွဲအပြီး အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ နောက်နှစ်ရက်အကြာမှာတော့ လန်ဒန်မြိုခံပြိုင်ဘက် ၀က်စ်ဟမ်းအသင်းနဲ့ အဝေးကွင်း ဒါဘီပွဲစဉ်တစ်ပွဲကို ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: