ဗင်နီရှက်စ် (သို့မဟုတ်) လင်းလက်စကြယ်

လာလီဂါအင်အားကြီးကလပ် ရီးရဲမက်ဒရစ်အသင်းဟာအရေးပါတဲ့ဆုဖလား ပေါင်းများစွာနဲ့ အောင်မြင် ကျော်ကြားတဲ့ကစားသမား ပေါင်းများစွာတို တောက်ပဖြတ်သန်းခဲ့ဖူးတဲ့အသင်းတစ်သင်းဖြစ်ပြီး လူငယ် ကစားသမားများကိုအရောင်တင်ပေးတဲ့အသင်းတသင်းလဲဖြစ်ပါတယ်။ ရွှေရောင်မျိုးဆက်တို့ရဲ့ အနာဂတ် အသင်းဆိုရင်လဲမမှားပါဘူး။ ဘောလုံးအသင်း ဆိုပေမယ့် အဖက်ဖက်က အားနည်းချက်နည်းပါး အောင် ဟန်ချက်ညီညီရွေ့လျှားနေတဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းဖြစ်ပါတယ်။ ကြယ်စင်စုတို့ရဲ့ ကမ္ဘာဆိုပါတော့။

လက်ရှိအချိန်မှာအသင်း အနေနဲ့ လူငယ် ကစားသမားများဖြင့် ကြယ်စင်စု သွေးသစ်လောင်းနေတဲ့ အခြေ အနေမှာ တောက်ပလာတဲ့ ဘရာဇီး လူငယ်ကစားသမား ဗင်နီရှက်စ် ရဲ့ အရည်အချင်းတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဘရာဇီးနိုင်ငံသား ဗင်နီရှက်စ် ဟာ ဖလင်မင်ဂိုအသင်းကနေပြီး ရီးရဲလ် အသင်းကို ၂၀၁၈ခုနှစ် ကရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ပြောင်းရွှေ့လာချိန်မှာ အသက်၁၈ နှစ်ပြည့်ပြီးကာစ သာရှိသေးပြီး  ဘရာဇီးဘောလုံးလောကအတွက် နေမာပြီးရင်  ပြောင်းရွှေ့ကြေး ပေါင် ၄၆ သန်းနဲ့ စျေးအကြီးဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။  သူဟာမျှော်လင့်ချက်များစွာကိုပွေ့ပိုက်ထားရသူဖြစ်သလို အလားအလာရှိတဲ့ ခြေစွမ်းခြေစကို လဲပြသထားနိုင်သူဖြစ်ပါတယ်။ ဥရောပအဆင့်မှာ လီဗာပူးကို ဂိုးသွင်းဖူးတယ်။ အယ်ကလပ်စီကို မှာလည်း ဂိုးသွင်းဖူးတယ်။

Advertisements

ရီးရဲလ်မက်ဒရစ် စီနီယာ ကစားသမားအဖြစ်ပွဲပေါင်း  ၁၃၃ ပွဲကစားထားပြီး ၂၃ ဂိုး သွင်း ၊ ဂိုးဖန်တီးမှု အကြိမ် ၃၀ ထိပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းနဲ့ ၃ ရာသီကြာ ဖြတ်သန်းမူမှာ အစားထိုးခံလူငယ်ကစားသမားတယောက်ရဲ့ ဖိအား ဟာ မတွေးဝံ့စရာ ကောင်းလောက် အောင်များပြားကြောင်းကိုလဲ ၂၀၁၉  ခုနှစ်က ဝေဖန်ခံနေရချိန်မှာ ထုတ်ဖော်ပြောကြား ခဲ့ဖူး  ပါတယ်။  ရိုနယ်ဒိုလောင်းရိပ်ဟာ မက်ဒရစ်တိုက်စစ်ပိုင်း က လူငယ်အားလုံးကိုသက်ရောက်ခဲ့တာပါ။

ဒါပေမယ့်သူဟာ ယင်းအခြေနေက လွတ်မြောက်အောင် ကြိုးစားမူကိုအရင်းတည်ပြီး ၊ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ရဲ့ အားပေးထောက်ခံမူနဲ့အတူ ဝေဖန်သူမူတွေဆီက သင်ခန်းစာယူကာ အကောင်ဆုံးပြန်လာလိမ့်မယ်လို့လဲ အသင်းနည်းပြဟောင်း ဇီဒန်းက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ အခုတော့ အဲ့ဒီအချိန် ရောက်လာပြီထင်ပါတယ်။

အခုရာသီမှာတော့ သူက အသင်းအတွက် ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ၁၇ ပွဲပါဝင်က စားထားပြီး ၁၁ ဂိုးသွင်း ၊ ဖန်တီးမူ ၅ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပြီး လာလီဂါမှာ ၁၄ ပွဲကန် ၊  ၁၄ ဂိုးသွင်း ယူထားနိုင်ပါတယ်။ အဓိက ဝါရင့်တိုက်စစ်ကစားသမားတဦးဖြစ်တဲ့ ဘန်ဇီးမားနဲ့အတွဲ ညီညီအသင်း ရဲ့တိုက်စစ်ကို ဦးဆောင်နေ တာလဲ ဖြစ်ပါတယ်။

အသင်းရဲ့လက်ရှိနည်းပြဖြစ်တဲ့ အန်ဆယ်လော့တီက ဗင်နီရှက်စ် ရဲ့ စွမ်းဆောင်ရည်ကောင်းတွေ နဲ့ပတ်သက်ပြီး

‘ သူရဲ့တစ်ကိုယ်​တော် အရည်အချင်းကို သိပါတယ်။ ဒီတော့ အခုခြေစွမ်းပြနေတာတွေက သိပ်ပြီးတော့ အထူးအဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် ဒီရာသီ ဂိုးသွင်းစွမ်းရည်ကတော့ မဖြစ် မနေချီးကျူး ရမှာဖြစ်ပါတယ်။ဒီပုံစံကိုလဲ ဆက်လက်ထိန်းထားနိုင်ဖို့သူ့အနေနဲ့ ဒီထက်ပိုအာရုံစိုက်ရမှာဖြစ်ပါတယ်။ ရတဲ့အခွင့်ရေးပေါ်မှာ သာယာမနေဘဲ ကြိုးစားရမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ သူဟာအခုချိန်မှာ နောက်တဆင့်ကို ရောက်နေတဲ့ ကစားသမားတစ်ယောက်ဖြစ်လို့ပါ ‘‘ လို့ပြောကြားထားပါတယ်။

အသက် ၂၁ နှစ်အရွယ်တောင်ပံ တိုက်စစ်သမား တစ်ယောက်အနေနဲ့ ရီးရဲလိုအသင်းကြီးမှာ ထိုက်သင့်တဲ့အရေးပါမှုကို တည်ဆောက် ထားနိုင်ပြီဖြစ်ပါတယ်။  နောက်ပြီး နိုင်ငံနဲ့ကလပ် အသင်းဖော် ကစ်စ်မဲရိုကလဲ သူဟာ အမြင်မတူသူများထံမှဝေဖန်သံ တွေကိုအမြဲနားထောင်ပြီးသင်ခန်းစာယူရမှာဖြစ်တဲ့အကြောင်း၊  ဒီအသက်အရွယ်မှာ လုပ်ပြထားနိုင်တာ ထက်ပိုကြိုးစားရမည်ဖြစ်ကြောင်းအကြံပေးပြောဆိုထားတာလဲ ဖြစ်ပါတယ်။

ဒီဘရာဇီးသားလေးဟာဘောလုံးလောကမှာ မကြာခနမြင်တွေ့ရလေ့ရှိတဲ့ ထွန်းတောက်မလိုနဲ့ တိမ်မြှပ်သွားတဲ့ ကစားသမားတစ်ယောက်ဖြစ်လာမလား ။ အမှန်တကယ်ထွန်းတောက်တဲ့ ဘောလုံးလောကရဲ့ ကြယ်ပွင့်တစ်ပွင့် ဖြစ်လာမလား ဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ရိုကျိုးတတ်တဲ့ အမူအကျင့်တွေနဲ့အတူ ဥရောပမှာ မျက်နှာစာဖွင့်စပြုနေပြီဖြစ်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: