နောက်ဆုံးရ အာဆင်နယ် သတင်းများ (1Dec-11am)

အူဘာကို ချန်လှပ်ထားဖို့ တွန်းအားပေးပြောကြားလာတဲ့ ဂျာနယ်လစ်

အားကစားဂျာနယ်လစ် ချားဝက်စ်က အာတီတာအနေနဲ့ အူဘာမီယန်ကို  မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ချန်လှပ်ထားဖို့ စဥ်းစားနေမယ်လို့ ယုံကြည်ကြောင်း သူ့ရဲ့    Youtube Channel ကနေတစ်ဆင့်ပြောဆိုသွားခဲ့ပါတယ်။ သူက  အူဘာပုံစံကောင်းတွေရမနေဘူးဆိုတာ ယုံမှားသံသယရှိစရာမလိုပါဘူး။ ယုံကြည်မှုလဲပျောက်ဆုံးနေသလို အသင်းကိုလည်း ဒုက္ခပေးနေပါတယ်။  သူဟာ နယူးကာဆယ်နဲ့ပွဲမှာလဲ ဂိုးသွင်းခဲ့သင့်တယ်။ ဝက်ဖို့ဒ်နဲ့ပွဲမှာလည်းသွင်းနိုင်ခဲ့သင့်တယ်။ ဒါပေမယ့် အိုဒီဂိတ်ရဲ့ ဂိုးကိုတောင်ခိုးယူသွားတဲ့အပြင် ကိုယ်တိုင်လဲအံ့သြစရာတွေလွဲချော်ခဲ့တာပါ။ သူကအသင်းကို ဝန်ထုပ်ဝန်ပိုးဖြစ်နေစေပါပြီ။ ဒီတော့ မီခေးအနေနဲ့ အူဘာမီယန်ကို ချန်ထားခဲ့ဖို့ တွေးနေလောက်ပြီထင်ပါတယ် လို့ရှင်းပြသွားခဲ့တာပါ။

ဝင်းဂါးကို ပြန်လာစေချင်နေတဲ့ အီဒူး

အာတီတာနည်းတူ  အီဒူးကလဲ အာဆင်ဝင်းဂါး အသင်းကိုပြန်လာရေးအတွက် မျှော်လင့်နေကြောင်းအခုလိုထုတ်ပြောလာခဲ့ပါတယ်။

သူ့ရဲ့   Documentary ပြပွဲမှာ အာဆင်းကိုတွေ့ရတာ သိပ်ပြီးဝမ်းသာ ဂုဏ်ယူစရာကောင်းပါတယ်။  ကျွန်တော်တို့ စကားတွေတော်တော်ပြောဖြစ်ကြတယ်။ ကျွန်တော့်အတွက် သူကဘယ်လောက်အရေးကြီးတယ်ဆိုတာ သူကိုယ်တိုင်တောင် ယုံနိုင်ပါ့မလားမပြောနိုင်ပါဘူး။ သူ့ကို အသင်းနဲ့ပတ်သတ်လို့ အခုထက်ပိုပြီး ထဲထဲဝင်ဝင်ရှိနေစေချင်တယ်လို့  ပြောပြခဲ့ပါတယ်။ နောက်ပြီး  သူ့ရဲ့ရုပ်ရှင်ထဲမှာ ကျွန်တော့်ကိုယ်ကျွန်တော်ပြန်မြင်နေရတာ သိပ်ကိုကျေနပ်စရာကောင်းကြောင်းကိုလည်းပြောပြခဲ့ပါတယ် လို့ဆိုပါတယ်။

ပစ်မှုမှတ်တမ်းရှိသူကို ပြန်တိုက်ခိုက်နိုင်ခဲ့တဲ့ ဂါဘရီယယ်

အာဆင်နယ်နောက်ခံလူ ဂါဘရီယယ် ဟာ  မနေ့ညက မိတ်ဆွေတစ်ယောက်နဲ့အတူ အိမ်ပြန်လာစဥ်မှာ လူယက်မှုတစ်ခုနဲ့ကြုံခဲ့ရပေမယ့် ပြန်လည်တိုက်ခိုက်ပြီးလွတ်မြောက်ခဲ့တယ်လို့  Daily Mail   က ဖော်ပြလာပါတယ်။ ဘေ့စ်ဘောတုတ် ကိုကိုင်ထားပြီး ဂါဘရီယယ်ရဲ့  မာစီဒီးနဲ့ နာရီတို့ကို ခြိမ်းခြောက်ရယူဖို့ကြိုးစားပေမယ့် ၊ ပြန်လည်တိုက်ခိုက်နိုင်ခဲ့ပြီး  လုယက်သူကလည်းထွက်ပြေးသွားခဲ့ပါတယ်။ ရဲအရာရှိရဲ့  အချက်အလက်တွေအရ လုယက်သူဟာ   အက်ဒါရာဟင်မြုစ် ဆိုသူဖြစ်ပြီး ပြစ်မှုမှတ်တမ်းဟောင်းရှိထားသူလည်းဖြစ်တယ်လို့ဆို+ပါတယ်။ ဒီဖြစ်စဥ်ကနေ ဂါဘရီယယ်ဟာ ဒဏ်ရာတစ်စုံတစ်ရာ မရရှိခဲ့ဘူးလို့လဲသိရပါတယ်။

ဆန်းချက်ကိုခေါ်ဖို့ တိုက်တွန်းတဲ့ ကစားသမားဟောင်း

အာဆင်နယ်ကစားသမားဟောင်း ကီဗင်ကင်းဘဲလ်က  လိုင်လီကစားသမား ရီနာတိုဆန်းချက်ကိုခေါ်ယူဖို့ တိုက်တွန်းခဲ့ပြီး ၊ ပေါ်တူဂီသားရဲ့ အတွေ့အကြုံတွေက အသင်းကို ကူညီပေးနိုင်လိမ့်မယ်လို့ဆိုပါတယ်။  ကင်းဘဲလ် က  သူက ဒဏ်ရာမှတ်တမ်းတွေရှိတာမှန်ပါတယ်။ ဒါပေမယ့် အသက်လဲ ငယ်ရွယ်သေးသလို  အရည်အသွေးတွေလဲရှိသူပါ။ မြန်တယ် ၊ ခွန်အားရှိတယ် ၊ ဂိုးသွင်းနိုင်တယ် ၊ နောက်ပြီး ဖန်တီးနိုင်တယ်ပေါ့ဗျာ .. ဒီလို အရည်အသွေးတွေအသင်းမှာရှိနေတာ သိပ်ကောင်းတာပေါ့   လို့  Football Insider   နဲ့တွေ့ဆုံစဥ်မှာပြောကြားခဲ့တာပါ။

ပြိုင်ဖက်ဟောင်းကို ချီးကျူးတဲ့ ပီရက်စ်

ဂန္တဝင်ကစားသမားကြီး ပီရက်စ် က မန်ယူနဲ့ပွဲမတိုင်ခင်မှာ  ပြိုင်ဖက်ဟောင်းကို ချီးကျူးပြောဆိုလိုက်ပါတယ်။ မဟာပြိုင်ဖက်ဟောင်းရဲ့ နောက်ခံလူ ဂယ်ရီနဗီးလ် ဟာ သူ့ကိုဘယ်လိုထိမ်းကျောင်းရမယ်ဆိုတာ သိထားသူဖြစ်ကြောင်း အခုလိုဆိုပါတယ်။  ကျွန်တော့်ရဲ့ မိတ်ဆွေ ဂယ်ရီက စိတ်ပိုင်းဆိုင်ရာအားဖြင့် ကျွန်တော့်ကိုအသာရတဲ့သူပါပဲ  .. အချိန်တိုင်းစကားတွေလာပြောနေပြီး နှောင့်ယှက်နေခဲ့တယ်။  ကျွန်တော်က အဂ်လိပ် လိုကောင်းကောင်းနားမလည်တော့  ဘာပြောနေမှန်းမသိပေမယ့် ကောင်းတာတွေမဟုတ်မှန်းတော့နားလည်ပါတယ်။  သူက အမြဲ ကျွန်တော့်ကိုစိုက်ကြည့်နေတယ်။  သူက ကျွန်တော့်ကို ကောင်းကောင်းထိန်းနိုင်တယ်ဗျ .. ကံဆိုးစွာပဲ သူနိုင်သွားတယ်ဗျာ .. ကျွန်တော်က သူရယ်   ရွန်နီရယ် ကြားထဲမှာပြေးလွှားနေခဲ့ရတာပါ   လို့    လေးစားမှုအပြည့်နဲ့ ပြောဆိုသွားခဲ့ပါတယ်။

အဒမ်စ် ကိုခေါ်ချင်ရင် ခပ်သွက်သွက်လုပ်ရမယ့် အီဒူး

နွေရာသီတုန်းကလဲ ချဥ်းကပ်ခဲ့ဖူးပြီး ကာလရှည်စောင့်ကြည့်နေခဲ့တဲ့  လိုက်ဇစ်ကွင်းလယ်လူ တိုင်လာ အဒမ်စ်ကိုခေါ်ယူလိုပါက အီဒူးအနေနဲ့ လက်သွက်မှရမှာဖြစ်ကြောင်း ၊ ယူနိုက်တက်နည်းပြသစ် ရန်းနစ်နဲ့ အလွန်ရင်းနှီးတဲ့ အဒမ်စ် ဟာ ယူနိုက်တက်ရဲ့ ရေဒါထဲမှာ ပါလာကောင်းပါလာနိုင်ကြောင်း   BILD ကဖော်ပြသွားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ အာဆင်နယ်နဲ့သတင်းထွက်ဖူးပြီး လက်ရှိမှာလည်း ဂျာမနီကလပ်အတွက်ခြေစွမ်းပြနေသူဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: