ယူနိုက်တက်ပွဲက အမှားတွေကို တူချယ်ဘယ်လိုကုစားမလဲ

ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ်ဟာတစ်ဖက်တစ်ဂိုးစီ နဲ့ သရေရလဒ် ထွက်ပေါ် ခဲ့ပါတယ်။

ဂျူဗင်တပ်ကိုအနိုင်ရခဲ့တဲ့ပွဲစဉ်က ပါဝင်ခဲ့တဲ့ ကန်တေ ၊ ချေးလ်ဝဲလ်နဲ့ ကိုဗာဆစ်(ဒုတိယပိုင်းမှာ လူစားလဲ၀င်ရောက်ကစား)တို့နေရာမှာ လိုတပ်စ်ချိခ်၊မားကိုစ်အလွန်ဆိုနဲ့ တီမိုဝါနာတို့ကို အစားထိုးပြီး ကျန်တဲ့ နေရာ တွေမှာ အပြောင်းအလဲမရှိပဲ ပွဲထွက်လာခဲ့ပါတယ်။

ပွဲအစကတည်းက မိုက်ကယ်ကာရစ်ရဲ့မန်ချက်စတာ ယူနိုက်တက်ဟာ သရေတစ်မှတ်ရယူခဲ့ဖိုသာ စတန်းဖိုဒ့်ဘရစ်ခ်ျကို လာရောက်ခဲ့ပုံပေါ်ပြီး ချဲလ်ဆီးအသင်းကပဲ တစ်ပွဲလုံးဘောလုံးပိုင်ဆိုင်မှု အသာနဲ့ဖိအားပေး ကစားသွားခဲ့ပြီး ဂိုးရရှိဖို အခွင့်အ‌ရေးတွေအများကြီးဖန်တီးခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။‌

ချဲလ်ဆီးတို့ ရဲ့ ယူနိုက်တက်နဲ့ပွဲမှာ အဓိက အားနဲချက်ကိုပြောရရင်တော့ အခွင့်အရေးတွေကို အသုံးမချနိုင်တာဖြစ်ပါတယ်။ ပွဲကြီးတွေရဲ့ ဥပဒေသ ဟာ ရတဲ့အခွင့်အရေးကို အပိုင်အသုံးချနိုင်သူကသာ အနိုင်ဖြစ်ပါတယ်။ မန်ယူအသင်းက ရတဲ့အခွင့်အရေးတစ်ကြိမ်ကနေ ဦးဆောင် ဂိုးရခဲ့ပြီး ဂျော်ဂျင်ဟိုရဲ့ ဘောလုံးထိန်းသိမ်းပုံ မသေသပ်တာကနေ ဆန်ချိုက ကွင်းလယ်လောက် ကနေ  ဆွဲပြေးပြီး မန်ဒီနဲ့တစ်ယောက်ချင်းအတွေ့မှာ အပိုင်သွင်းယူခဲ့တာဖြစ်ပါတယ်။  ယူနိုက်တက်ရဲ့ ဆန်ချိုဟာ ဒါကိုလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးတိုက်စစ်ကတော့ အားလုံးသိတဲ့အတိုင်းဖြစ်ခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ ပွဲစဉ်တစ်ခုလုံး တန်ပြန်တိုက်စစ်ကနေသာ ဂိုးရဖို ကြိုးစားနေခဲ့ပြီး ပွဲချိန် ၈၈မိနစ်မှာတော့ မန်ဒီရဲ့အမှားကနေ ဖရက်ဒ်အခွင့်အရေးရခဲ့ပေမယ့် အဆုံးသတ်ပုံ လိုအပ်ချက်ရှိခဲ့တာကြောင့် မန်ဒီအနေနဲ့ အလွယ်တကူ ကာကွယ်နိုင်ခဲ့ပါတယ်။ မဟုတ်ရင် မျှော်လင့်မထားတာတောင်ဖြစ်သွားနိုင်ပါသေးတယ်။

အချိန်ပို နောက်ဆုံးမိနစ်အထိ ချဲလ်ဆီးအသင်းဟာ အနိုင်သုံးမှတ်ရဖို အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပြီး ပူလီဆစ်ရဲ့ ဖြတ်တင်ဘောကို ရူဒီဂါ ကန်သွင်းခဲ့ရမှာလည်း လွဲချော်ခဲ့ပြန်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဂိုးပေါက်ကန်သွင်းမှု ၂၄ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီး ‌၆ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပါတယ်။ မန်ယူအသင်းက‌တော့ ဂိုးပေါက်ကန်သွင်းမှု သုံးကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး နှစ်ကြိမ် ဂိုးပေါက်တည့်ကာ တစ်ဂိုးရခဲ့တာဖြစ်ပါတယ်။

ကောင်းပြီ။  ပြီးခဲ့တာက ပြီးခဲ့ပြီ။ အခုနောက်ပွဲကစောင့်နေပြီ။

ကြားရက်မှာ၀က်ဖိုဒ့်အသင်းရဲ့အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ တူချယ်အနေနဲ့ ရမှတ်သုံးမှတ်ရဖို့  ပြင်ဆင်စရာတွေရှိနေပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဥ်မှာ သရေကျခဲ့တာကြောင့် အနိုင်သုံးမှတ်ဆုံးရှုံးထားရတဲ့ ချဲလ်ဆီးဟာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ဖို့ ၀က်ဖိုဒ်ရဲ့ အိမ်ကွင်းမှာ  မဖြစ်မနေ နိုင်ပွဲရှာဖွေဖို့ လိုအပ်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ အမှားတွေကနေသာ ဂိုးသွင်းဖို့ အခွင့်အရေးရခဲ့တာဖြစ်ပါတယ်။တူချယ်ဟာ ခြေစွမ်းမပြနိုင်တဲ့ ဗာနာ၊အိုဒွိင်းတိုကို စောစော လူစားမလဲခဲ့တာကလည်း အားနည်းချက်တစ်ခုဖြစ်ခဲ့ပြီး ချေးလ်ဝဲလ် ဒဏ်ရာရနေစဉ်ကာလမှာ အစား၀င်ကစားမာ့် အလွန်ဆိုရဲ့ ခြေစွမ်းကလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။ လူကာကူ ပြန်လည်ပါ၀င်နိုင်တော့မှာက‌တော့ ချဲလ်ဆီးအတွက် သတင်းကောင်းတစ်ခုဖြစ်ပြီး တူချယ်အနေနဲ့ နောက်ပွဲစဉ်တွေမှာတော့ မေဆင်မောင့်ကို ပိုပြီးနေရာပေး ကစားသင့်နေပါပြီ။

အနိုင်သုံးမှတ်ရယူဖိုအတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်းထုတ်ပုံ၊ လူစားလဲပုံတွေမှာ အားနည်းချက်ရှိခဲ့တဲ့ တူချယ်အနေနဲ့ ဝက်ဖို့ဒ်နဲ့ပွဲမှာ အဓိက‌အဖြေရှာသွားရမယ့် ပြဿနာသုံးခုကိုရွေးထုတ်ထားပါတယ်။

(၁)ရှေ့တန်းမှာ ဘယ်သူ့ကို ပွဲထုတ်မလဲ

မန်ယူနဲ့ပွဲစဉ်မှာ ရှေ့တန်းတိုက်စစ်က ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့တာဟာ ပြဿနာတစ်ခုအဖြစ်ပေါ်လွင်ခဲ့ပါတယ် ။ ပွဲထွက်လူစာရင်းမှာ ပါ၀င်လာခဲ့တဲ့ တီမိုဝါနာဟာ ဂိုးပေါက်ကန်သွင်းမှု ခြောက်ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့် အပိုင်းအခွင့်အရေးအချို့ကို  ဂိုးအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ပွဲချိန်၈၂မိနစ်မှာ ဒဏ်ရာကနေသက်သာလာခဲ့တဲ့ လူကာကူ ၀င်ရောက်လာခဲ့ပြီး ဘယ်လ်ဂျီယံသားကြီး ကမှ တူချယ်မျှော်လင့်ထားတာထက် ကစားပြနိုင်ခဲ့ပါတယ်။ ဟာဗက်ဇ်က ဒဏ်ရာရနေချိန်မှာ ဝါနာက အလုပ်မဖြစ်သလို false 9 role မှာ ပွဲထုတ်ဖူးတဲ့ ပူလီဆစ်ကလည်း ကြံခိုင်မှုအပြည့်အ၀ မရှိသေးတာဟာ တူချယ်အတွက် ခေါင်းခဲစရာပါပဲ။

၀က်ဖိုဒ်နဲ့ ပွဲမှာ ဝါနာကိုဆက်သုံးမလား၊ဒါမှမဟုတ် ကြံခိုင်မှု အကောင်းအဆုံးအနေအထား မရသေးတဲ့ ပူလီဆစ်၊ဟာဗက်ဇ်နဲ့ လူကာကူ သုံးဦးထဲက တစ်ဦးဦးကို တိုက်စစ်မှာ ပွဲထုတ်ရမလား ဆိုတာကိုတော့ တူချယ်အနေနဲ့ အဖြေရှာရမှာဖြစ်ပါတယ်။ ဒဏ်ရာကပြန်လည်သက်သာလာပြီး တနင်္ဂနွေနေ့က အနားရထားတဲ့ ဟာဗက်ဇ်ကတော့ ပူလီဆစ်၊လူကာကူတို့ထက် ကြံခိုင်မှု ပိုပြည့်နေနိုင်တဲ့အနေအထားမှာတော့ရှိနေပါတယ်။

 (၂)ကန်တေရဲ့ အခြေအနေ ဘယ်လိုရှိသလဲ

ဂျူဗင်တပ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ကန်တေဟာ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲကို လွဲချော်ခဲ့ရပါတယ်။ တူချယ်ကတော့ ကန်တေအနေနဲ့ တစ်ပတ်အတွင်းမှာ ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်နေပေမယ့် ၀က်ဖိုဒ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့  ပြင်သစ်ကွင်းလယ်လူဟာ ကြံ့ခိုင်မှု အပြည့်နဲ့ကစားနိုင်မှာ မဟုတ်သေးတာ တော့အသေအချာပါပဲ။ကန်တေမပါ၀င်နိုင်တဲ့အခါတိုင်း ချဲလ်ဆီး ကွင်းလယ်ဟာ လိုအပ်ချက်တွေရှိနေတတ်တာကို တွေ့မြင်ရတတ်ပြီး မန်ယူနဲ့ပွဲမှာလည်း ဒီအချက်ဟာ ပေါ်လွင်ခဲ့ပါတယ်။ ဒီတော့ အဓိကကွင်းလယ်လူ ကန်တေကို ချန်လှန်ထားခဲ့မလား ၊ အရဲစွန့်ပြီး ပွဲထုတ်မလားဆိုတာကို တူချယ်အနေနဲ့ ဆုံးဖြတ်ချက် ချရမှာဖြစ်ပါတယ်။

(၃)အက်ဇ်ပလီကျူတာ ရဲ့ အခန်းကဏ္ဍက ဘာလဲ

အက်ဇ်ပလီကျူတာဟာ ချဲလ်ဆီးအသင်းအတွက် နောက်တန်းမှာ နေရာစုံကစားခဲ့ရသူဖြစ်ပြီး ဝါရင့်ကစားသမားတစ်ဦး လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ တူချယ်ဟာ သူ့ကို ထည့်သွင်း အသုံးပြုခဲ့ခြင်းမရှိခဲ့ပဲ မန်ယူနဲ့ပွဲစဉ်မှာလည်း ဒဏ်ရာရနေတဲ့ ချေးလ်ဝဲလ်ရဲ့နေရာမှာ မားကိုစ် အလွန်ဆိုကိုသာ ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။အလွန်ဆိုဟာ ချေးလ်ဝဲလ်ရဲ့ နေရာကို ကောင်းကောင်းအစားထိုးနိုင်ခဲ့ခြင်းမရှိတာကို မြင်တွေ့ခဲ့ရပြီး ဖြစ်တာကြောင့် တူချယ်အနေနဲ့ ၀က်ဖိုဒ့်နဲ့ပွဲစဉ်မှာ အလွန်ဆိုကိုပဲ ခေါင်းမာမာနဲ့ ဆက်ပွဲထုတ်မလား ၊ ဒါမှမဟုတ် နေရာစုံကစားနိုင်တဲ့ အက်ဇ်ပလီကျူတာကို wing back မှာ ကစားစေမလား ၊ ဒါမှမဟုတ် နောက်ခံလူသုံးယောက်နေရာမှာ ထည့်သွင်းလာနိုင်‌ချေရှိလာမလား ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပြသနာတစ်ခုကြုံလာတိုင်း အဖွဲ့ဝင်တွေနဲ့ တူတူပူးပေါင်းအဖြေရှာတတ်တဲ့ တူချယ်ဟာ အခုအပတ်မှာလည်း ခြေစွမ်းကောင်းနဲ့အတူ ပြန်လာမယ်လို့ ယုံကြည်ရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: