အာဆင်နယ်ရဲ့ နောက်ဆုံးကမ်းလှမ်းမှုကိုလည်း ထပ်မံငြင်းပယ်ခဲ့တဲ့ အန်ကက်တီးယား

အာဆင်နယ်အသင်းရဲ့ လူငယ်တိုက်စစ်မှူးဖြစ်သူ အန်ကက်တီးယားကတော့ အသင်းရဲ့ နောက်ဆုံးကမ်းလှမ်းထားတဲ့ စာချုပ်ကို ငြင်းပယ်ထားပြန်တယ်လို့ သတင်းတွေက ဆိုပါတယ်။ အန်ကက်တီးယားရဲ့ စာချုပ်သက်တမ်းဟာ လက်ရှိရာသီအကုန်အထိပဲဖြစ်ပြီး လာမယ့် ဇန်နဝါရီမှာ ကစားသမားဟာ အခြားကလပ်အသင်းတွေနဲ့ ဆွေးနွေးခွင့်ရှိနေပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ခရစ္စတယ်ပဲလေ့စ်၊ ဘရိုက်တန် အသင်းတို့က အသက်၂၂နှစ်အရွယ် အာဆင်နယ်တိုက်စစ်မှူးကို ခေါ်ယူဖို ချိတ်ဆက်ခဲ့သေးပေမယ့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပါဘူး။

အဲ့ဒီ့အချိန်ကစပြီး အန်ကက်တီးယားဟာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲမှ ပါ၀င်ကစားခွင့်မရခဲ့ပဲ လိဒ်စ်နဲ့ ၀င်ဘယ်လ်ဒန် အသင်းတိုကို ယှဉ်ပြိုင်ကစားခဲ့ရတဲ့ EFLဖလားပွဲစဉ်မှာသာ ပွဲထွက်ကစားခွင့် ရခဲ့ပါတယ်။

အာတီတာက အန်ကက်တီးယားကို အမ်းမရိတ်မှာ ဆက်ရှိနေဖို လူသိရှင်ကြား တောင်းဆိုခဲ့ပေမယ့် ကစားသမားက‌‌တော့ ပြောင်းရွှေ့ဖို အတွက်ပဲ စိတ်ပိုင်းဖြတ်ပြီးပုံပါပဲ။ စာချုပ်သစ်မှာ ပွဲထွက်ကစားခွင့်ရဖို အာမခံချက် မပါတာရယ်၊လစာနည်းပါတာရယ်ကြောင့် အန်ကက်တီးယားဟာ ငြင်းဆိုခဲ့တာဖြစ်တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

အာဆင်နယ်အသင်းက‌တော့ သူတိုရဲ့ တိုက်စစ်မှူးကို ဆက်ထိန်းသိမ်းဖိုကြိုးစားဦးမလား၊ နွေရာသီမှာ အလွတ်ထွက်ခွာစေမလား ဒါမှမဟုတ် ဇန်နဝါရီမှာ အခကြေးငွေနဲ့ ရောင်းချသွားမလားဆိုတာ မကြာခင် ဆုံးဖြတ်ရပါတော့မယ်။

ဟေးအန်းအကယ်ဒမီထွက်ကစားသမားဟာ အာဆင်နယ်အတွက်   ၅ ရာသီတိုင်ပြီဖြစ်တဲ့ ဒီကစားသမားဟာ  ၆၇ ပွဲကစားပြီး ၁၅ ဂိုးသွင်းယူပေးထားပြီးဖြစ်ပါတယ်။  ၂၀၁၉-၂၀ ရာသီတုန်းကတော့ ချန်ပီယံရှစ်မှာ လိဒ် နဲ့အတူ ၁၉  ပွဲကစားပြီး ၅ ဂိုးသွင်းယူခဲ့ပါသေးတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: