အိုဒွိုင်းဟာလည်း ချေးဝဲလ်နေရာ ဝင်ကစားနိုင်ကြောင်းပြောဆိုသွားခဲ့တဲ့ တူချယ်
ဘန်ချေးဝဲလ်ရဲ့ ဒဏ်ရာကြောင့် မာကိုအလွန်ဆိုက ညာနောက်ခံလူနေရာမှာ ဝင်ကစားနေရပေမယ့် ပွဲကြပ်ကာလကိုရင်ဆိုင်ဖို့အတွက် ကစားသမားလုံလောက်မှုမရှိတဲ့အပေါ် တူချယ်အနေနဲ့ အိုဒွိုင်းကိုလည်း လျာထားကြောင်း အခုလိုပြောခဲ့ပါတယ်။
ချေးဝဲလ်နဲ့ မာကို တို့ဟာ နေရာတစ်နေရာအတွက် ပြိုင်ဆိုင်ခဲ့ရတယ်။ အခု ချေးဝဲလ်ဒဏ်ရာကြောင့် မာကိုအနေနဲ့ အဓိက တာဝန်ရှိလာပါပြီ။ ဒါပေမယ့် ၃ ရက်ခြားတစ်ခါ ပွဲကစားဖို့ကတော့မဖြစ်နိုင်ပါဘူး။ စိတ်ပူစရာမရှိတာက အိုဒွိုင်းလဲ ဒီနေရာကိုကစားနိုင်ပါတယ်။ ဒါပေမယ့် မာကို ကပဲ အဓီက တာဝန်ယူရပါလိမ့်မယ်။ ဒါသူ့နေရာဖြစ်ပါတယ် လို့ ဆိုခဲ့ကြောင်း West London Sports ကဖော်ပြသွားခဲ့ပါတယ်။
ဘာမှမသေချာသေးတဲ့ ရူဒီဂါ နဲ့စာချုပ်သစ်ကိစ္စ
ချဲလ်ဆီးရဲ့ စာချုပ်ကမ်းလှမ်းမှုအသစ်ကိုလည်း ရူဒီဂါအနေနဲ့ နှစ်သက်မှုမရှိသေးတာကြောင့် အသင်းနဲ့ ကစားသမားကြား အနာဂတ်က အခုထိမရေရာသေးဘူးလို့ LWOS သတင်းဌာနကရေးသားလာပါတယ်။ အပြောင်းအရွှေ့ကျွမ်းကျင်သူ ရိုမာနိုက လည်း ရီးရဲမက်ဒရစ် ၊ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ဟာ အသက် ၂၈ နှစ်အရွယ်နောက်ခံလူအတွက် ကမ်းလှမ်းဖို့အသင့်ရှိကြတယ်လို့ အတည်ပြုပြောကြားထားပါတယ်။
ချဲလ်ဆီးမှာကစားဖို့က အိမ်မက်ဖြစ်ကြောင်းပြောလာတဲ့ အငှားချဂိုးသမားလေး
အငှားသွားရောက်ကစားရင်း လက်စွမ်းပြနိုင်တာကြောင့် ဟားလ်စီးတီးအသင်းမှာဆက်နေဖြစ်ဖို့များနေပေမယ့် သူ့ရဲ့အိမ်မက်ကတော့ ချဲလ်ဆီးအသင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာချင်တယ် ဆိုတဲ့အကြောင်းကို ဂိုးသမား နသန် ဘိတ်စ်တာ က အခုလို ဆိုပါတယ်။ ချဲလ်ဆီးအသင်းမှာကစားဖို့ အခုထိမျှော်လင့်ချက်ထားနေတုန်းပါပဲ။ ဒီအသင်းက ကျွန်တော့်ရဲ့ အိမ်မက်အသင်းဖြစ်ပြီး အသက် ၇ နှစ်ထဲကရောက်ရှိနေခဲ့တာပါ လို့ ဒေသခံသတင်းစာ နဲ့တွေ့ဆုံစဥ်ပြောခဲ့တာပါ။ ဘိတ်စ်တာ ဟာ လက်စွမ်းကောင်းတွေပြသနေတာဖြစ်ပြီး နောက်ဆုံးလေးပွဲမှာ တစ်ဂိုးသာခွင့်ပြုခဲ့ရပါတယ်။
ချဲလ်ဆီးပစ်မှတ်က အပြောင်းအရွှေ့အတွက် အသင့်မဖြစ်သေး
ချဲလ်ဆီးအပါအဝင် ဥရောပအသင်းကြီးတွေက စိတ်ဝင်စားနေကြတဲ့ အသက် ၁၆ နှစ်အရွယ် ကိုပင်ဟေဂင်ကစားသမားလေး ရွန်နီဘာဒစ် ဟာ အပြောင်းအရွေ့တွေအတွက် အဆင်သင့်မဖြစ်သေးကြောင်း သူ့ရဲ့အသင်းဖက်က ချဥ်းကပ်နေသူတွေကို သတိပေးလိုက်ပါတယ်။ သူ့ရဲ့မန်နေဂျာက TV3 နဲ့တွေ့ဆုံရာမှာ လူငယ်တွေကို ကစားခွင့်တွေများများပေးဖို့က ကျွန်တော်တို့ရဲ့ ဗျူဟာအသစ်ပါပဲ .. ဒါပေမယ့် ဒီလုပ်ရပ်ဟာ ကစားသမားတွေကို အရောင်တင်ပြီး ရောင်းထုတ်ဖို့မဟုတ်ပါဘူး။ ကိုပင်ဟေဂင် အသင်းအတွက်ရလဒ်တွေကို သူဖန်တီးပေးရဦးမှာဖြစ်ပါတယ်။ တချိန်ချိန်မှာ အသင်းကနေ သူထွက်ခွာသွားနိုင်ပေမယ့် အခုအချိန်ကတော့ အပြောင်းအရွှေ့တွေအကြောင်းပြောရမယ့် အချိန်မဟုတ်သေးပါဘူး လို့ ဆိုခဲ့ပါတယ်။
ညာနောက်ခံ လူငယ်လေးကို ပြန်ခေါ်ဖွယ်ရှိတဲ့ချဲလ်ဆီး
Telegraph ရဲ့ သတင်းထောက် မတ်လော က ချဲလ်ဆီးတို့အနေနဲ့ ကိုဗင်ထရီကို အငှားချထားတဲ့ လူငယ်လေး မက်ဆန် ကိုလည်း ပြန်လည်ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ မာကိုအလွန်ဆိုတစ်ယောက်ထဲဖြစ်နေတဲ့ ညာတောင်ပံခံစစ်အတွက် အရံကစားသမား သေချာပေါက်လိုအပ်နေတာဖြစ်ပြီး ၊ အကယ်ဒမီလူငယ်လေးကလည်း ပွဲပေါင်း ၂၀ မှာ ၁၈ ပွဲကစားပြီး ချန်ပီယံရှစ်မှာခြေစွမ်းပြနေတာဖြစ်ပါတယ်။
ဝါနာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ ကစားသမားဟောင်း
ချဲလ်ဆီးတိုက်စစ်မှုးဟောင်း တိုနီ ကတ်ကာရီနို က တိုက်စစ်မှုးဝါနာ ဟာ ချဲလ်ဆီးအတွက်ပြသနာတစ်ခုဖြစ်လာနေတယ်လို့ ဝေဖန်ခဲ့ပြီး တချိန်က အသင်းအတွက် အဆင်မပြေခဲ့ဖူးတဲ့ ဖာနန်ဒိုတောရက်စ် လောက်တောင်အသင်းကိုအကျိုးပြုနိုင်သူမဟုတ်ဘူးလို့ ဆိုပါတယ်။ Metro နဲ့တွေ့ဆုံရာမှာ သူက ဝါနာက အဆင်မပြေတော့ဘူးဆိုတာ တာဝန်ရှိသူတွေသိလာဖို့အကြောင်း ၊ မကြာခင်မှာ တစ်ခုခုလုပ်မယ်လို့ထင်ကြောင်း ပြောဆိုခဲ့ပါတယ်။ အခြားကစားသမားတစ်ယောက်ဖြစ်တဲ့ လိုဖ်တပ်ချိ ကိုတော့ ချီးကျူးမှုတွေပြုလုပ်သွားခဲ့ပါတယ်။
Leave a Reply