စက်တင်ဘာမှာ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အသင်းရဲ့ နည်းပြအဖွဲ၀င်တွေကြား ပွင့်ပွင့်လင်းလင်းဆွေးနွေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ခဲ့တယ်လို ခံစားခဲ့ရကြောင်း တူချယ်က ပြောပြခဲ့ပါတယ်။
မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီး ဂျူဗင်တပ်ရဲ့ အိမ်ကွင်းမှာယှဉ်ပြိုင်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ထပ်မံအရေးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းရဲ့ လေ့ကျင့်ရေးကွင်း ကော့ဘ်ဟမ်းမှာ တူချယ်တို့ ချဲလ်ဆီးနည်းပြအဖွဲ၀င်တွေဟာ အသင်းဟာ ဘာတွေမှားယွင်းနေခဲ့သလဲဆိုတာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါဟာ တော်တော်လေးကောင်းတဲ့အလေ့အထတစ်ခုဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့အသင်းတစ်သင်းဆိုတာ မရှိဘူးဆိုတဲ့အချက်ကို တူချယ်ကောင်းကောင်းသဘောပေါက်ထားပုံပါပဲ။
အသင်းရဲ့နည်းပြအဖွဲ၀င်တွေဟာ ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးမှုတွေလိုအပ်ခဲ့ပြီး အသင်းရဲ့ အခြေအနေတွေအပေါ် မေးခွန်းတွေ အပြန်အလှန်ထုတ်ဖို့လည်း လိုအပ်ခဲ့တာဖြစ်ပါတယ်။ပွဲတစ်ပွဲကိုချဉ်းကပ်တဲ့ နည်းဗျူဟာတွေကို ပြောင်းလဲဖို့ လိုအပ်ခဲ့တာဖြစ်ပြီး တူချယ်ဟာ ဒါတွေကို ကောင်းကောင်းနားလည်ခဲ့ပါတယ်။ဒါကြောင့်ပဲ ချဲလ်ဆီးအသင်းဟာ အရှုံးတွေကနေ အကောင်းဆုံးပြန်လည်းနိုးထပြီး ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားအဆင့်တစ်နေရာကို တက်လှမ်းနိုင်ခဲ့သလို ပထမ အကျော့မှာ ရှုံးနိမ့်ခဲ့တဲ့ ဂျူဗင်တပ်အသင်းကိုလည်း အိမ်ကွင်း စတန်းဖိုဒ်ဘရစ်ချ်မှာ ဂိုးပြတ်ပြန်လည်ချေမှုန်းပြီး ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကိုလည်း တက်ရောက်နိုင်ခဲ့ပါတယ်။
ဒီလို ပြန်လည်ဆန်းစစ်မှုတွေ ပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး တူချယ်က
“အမှားတွေ မလုပ်မိအောင် ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်ရတာဟာ နာကျင်ရပါတယ်”လို့ ပြောခဲ့ပါတယ်။
“ကျွန်တော့်ရဲ့အဖွဲ၀င်တွေက ကျွန်တော့်ကိုလုံး၀ ကာကွယ်ပေးခဲ့တယ်။သူတို့က ကျွန်တော့်အကြောင်းကောင်းကောင်းသိသလို ကျွန်တော်လည်း သူတို့အကြောင်း ကောင်းကောင်းသိပါတယ်။ လက်ထောက်အသစ်တွေနဲ့ ဂိုးနည်းပြအသစ်တွေလည်း အဖွဲ့ထဲမှာရှိတယ်။ကျွန်တော်တို့ဟာ တစ်ဖွဲတည်းသားတွေဖြစ်ပြီး သတ္တိရှိရှိနဲ့ လုံး၀ပွင့်ပွင့်လင်းလင်းရှိဖို့လိုပါတယ်။”
“တစ်ခါတစ်လေတော့ ကျွန်တော့်ရဲ့သံသယတွေကို ရင်ဆိုင်ဖြေရှင်းရပါတယ်။တကယ်လို့ ဘယ်သူမှာမှ သံသယတွေ မေးခွန်းတွေမရှိရင် မတူညီတဲ့အတွေးအမြင်တွေ ထွက်ပေါ်လာအောင် တူးဆွရပါတယ်။ ဘာလို့ ငါတို့မှာ ဘာပြဿနာမှ ရှိမနေရတာလဲပေါ့။ ငါတို ဘာတွေကို ပိုကောင်းအောင်လုပ်ရမလဲ။ဘယ်လိုအမှားတွေရှိနေလဲ။ ဒါတွေကို အားလုံး အတူအဖြေရှာရတာပေါ့ ”
“အသင်းဟာ ဘယ်လမ်းကြောင်းကို သွားကြမလဲ၊ အသင်းကို ကျွန်တော်တို့ နည်းပြအဖွဲ၀င်တွေက ဘာတွေပြသကြမလဲ ဆိုတာ အဖြေရဖို ယုံကြည်မှုနဲ့ ပွင့်လင်းမှုတွေလိုပါတယ်။ပြီးရင် အဓိက အဖြေတွေကို အာရုံစိုက်ပြီး အသင်းသားတွေဆီကို ပို့ဆောင်ရတာပေါ့”
“ဒီလိုလုပ်ရတာဟာ တကယ်ကိုခက်ခဲပေမယ့် အရှုံးတွေပြဿနာတွေနဲ့ရင်ဆိုင်ရတဲ့အခါ ပွင့်ပွင့်လင်းလင်းရိုးရိုးသားသားနဲ့ ပြဿနာတွေကို အာရုံစိုက်ပြီး စိတ်ကူးစိတ်သန်းတွေကို ပြန်လည်ဆန်းသစ်ရတာဟာ တကယ်ကို ခက်ခဲပါတယ်” လို့ တူချယ်က ဆိုခဲ့ပါတယ်။
အပြန်အလှန်မေးခွန်းထုတ်ခြင်းအလေ့အထဟာ အသင်းကိုနောက်တစ်ဆင့်ဆီကို ဆွဲတင်မယ်လို့ ယုံကြည်ထားတဲ့ တူချယ်ဟာ ယုံကြည်သလိုလဲ လက်တွေ့ကျင့်သုံးနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ယူနိုက်တက်နဲ့ပွဲမှာလည်း အခွင့်အရေးပေါင်းများစွာရရှိခဲ့ပြီး ပင်နယ်တီတစ်ဂိုးပဲ သွင်းယူနိုင်ခဲ့တဲ့အချက်အပေါ်မှာလည်း တူချယ် သေချာပေါက်အဖြေရှာဖြစ်ပါလိမ့်မယ်။
“ကျွန်တော်တို့ဟာ တစ်လှေထဲစီးနေတဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့် အသင်းသားတွေကို သူတိုရဲ့ဘက်မှာ ကျွန်တော်တို့ ရှိနေကြောင်း ၊သူတို့ကို ပြန်လည်ဦးမော့လာနိုင်ဖို အသင့်ဖြစ်နေတယ်ဆိုတာကို ပြသဖို့ ကျွန်တော်တို့ အချင်းချင်းကြားထဲမှာ ရိုးသားကြဖိုလိုပါတယ်။”
“ ကစားပွဲကို ချဉ်းကပ်တဲ့ပုံစံတွေ၊ကစားဟန်တွေ၊ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်တဲ့ပုံစံတွေ ပြောင်းလဲခဲ့ရတာပေါ့။ ဒါက ဘယ်သူကိုမှအပြစ်ဆိုတာလည်းမဟုတ်ဘူး၊ဒေါသတွေထွက်ပြီး လုပ်ကြတာလည်းမဟုတ်ဘူး။ ကျွန်တော်တို့ဟာ အခက်အခဲတွေကို တွန်းလှန်နေကြတာဖြစ်ပြီး နောက်ကာလတွေမှာလဲ ဒီလိုပဲကျွန်တော်တို့ လုပ်ဆောင်သွားကြမှာဖြစ်ပါတယ်”လို့ တူချယ်က ပြောခဲ့ပါတယ်။
Leave a Reply