တီယာနေလား … တာဗာရက်စ်လား

နူနိုတာဗာရက်စ်က လိုအပ်ချက်တွေရှိနေသေးပေမယ့် တစ်ရက်တစ်ခြားပိုကောင်းလာနေပါတယ်။  အထူးသဖြင့် ခက်ခဲတဲ့ စနေနေ့ကပွဲလိုမျိုးကို ဖြတ်သန်းပြီးချိန်မှာပေါ့။ လက်တလောကစားသွားတဲ့ပွဲတွေမှာတော့ ဘယ်တောင်ပံနောက်ခံလူနေရာကို သူကအပိုင်သိမ်းထားခဲ့တယ်။ အဓိက ကစားသမား တီယာနေ ဒဏ်ရာကြောင့်နားနေရချိန်ဆိုတာ သူ့ရဲ့ အခွင့်အရေးတွေရယူခဲ့တဲ့အချိန်ပါပဲ။ ဒီလိုနဲ့ တီယာနေတစ်ယောက် ဒဏ်ရာကပြန်သက်သာလာချိန်မှာတောင် အရံစာရင်းထဲရောက်နေခဲ့ရပါပြီ။

တဖက်မှာလည်း အသင်းအတွက် သတင်းကောင်းတစ်ခုကရှိနေပြန်ပါတယ်။ ဘယ်တောင်ပံခံစစ်နေရာရဲ့ မူလပိုင်ရှင်တီယာနေက သူ့နေရာသူပြန်ယူဖို့အဆင်သင့်ဖြစ်နေပါပြီ။  တာဗာရက်စ်တစ်ယောက် ခြေစွမ်းတွေဆိုးရွားလာလို့ပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ် အခြားအခွင့်အရေးတစ်ခုခုနဲ့ပဲဖြစ်ဖြစ်ပေါ့။ အခုအချိန်မှာတော့ တီယာနေက စောင့်စားသူပြန်ဖြစ်သွားခဲ့ပါပြီ။

လီဗာပူးနဲ့ပွဲအပြီးမှာ ပရိသတ်တွေရော ၊ ပညာရှင်တွေကပါ တီယာနေကိုမသုံးပဲ တာဗာရက်စ်ကိုသုံးခဲ့တဲ့အပေါ်မှာ အာတီတာကိုမေးခွန်းတွေထုတ်ကြသလို ၊ အသင်းရှုံးနိမ့်စေတဲ့ အမှားအဖြစ်ပြောဆိုလာကြပါတယ်။  တီယာနေကို ချက်ခြင်းပြန်သုံးဖို့ ပြောကြဆိုကြပါတယ်။ ဒါပေမယ့် အာတီတာကခေါင်းမာခဲ့ပါတယ်။ နယူးကာဆယ်နဲ့ပွဲမှာ တာဗာရက်စ်ကို အဖတ်ဆယ်ခွင့်ပေးလိုက်တယ်။  တာဗာရက်စ်ကလည်း ကြိုးစားကစားသွားပြီး သင့်တင့်တဲ့ပုံစံတစ်ခုပြသခဲ့တယ်။ တစ်ကြိမ်ဖန်တီးပေးသွားပါတယ်။ ပြောရရင် အာတီတာနောင်တမရဘူးပေါ့ဗျာ။

ကောင်းပြီ …  နောက်ဆုံးကစားတဲ့ပွဲတွေက ခြေစွမ်းအရဆိုရင်  တာဗာရက်စ်က နောက်တစ်ပွဲလောက်တော့ပွဲထွက်ခွင့်ရသင့်သေးတာပဲမဟုတ်လား။ ဒါဆိုရင် တီယာနေက ဘယ်တော့ပြန်ကစားရမလဲ။

ဒီအပတ်ပိတ်ရက်တွေမှာ သူငယ်ချင်းတစ်ယောက်နဲ့စကားပြောဖြစ်ပါတယ်။ သူက   ယူနိုက်တက်နဲ့ပွဲမှာတော့ တီယာနေပါသင့်တယ်ကွာ .. တာဗာရက်စ်ကကောင်းပါတယ် .. ဒါပေမယ့် ပွဲကြီးတွေမှာ မရသေးဘူး  လို့ဆိုပါတယ်။ သူပြောတာမှန်လား မှားလားတော့ ကျွန်တော်လဲမပြောတတ်ပါဘူး။ အနီးစပ်ဆုံးပွဲကြီးမှာတော့ တာဗာရက်စ်တစ်ယောက်ခြေမပေါ်ခဲ့။

တီယာနေဟာ သေချာပေါက်ကစားခွင့်နဲ့ထိုက်တန်တဲ့ကစားသမားဖြစ်ပါတယ်။ အရံခုံတွေဆက်တိုက်ထိုင်နေရမယ်ဆို့ရင် သူ့ရဲ့ကစားသမားဘဝအတွက်လဲ သိပ်အဆင်မပြေလောက်ပါဘူး။ သူကမြန်တယ် ၊ စကေးကောင်းတယ် ၊ ဖြတ်တင်ဘောတွေကောင်းတယ် ၊ နောက်တန်းကစားသမားပီသပြီး ဂိုးလည်းသွင်းနိုင်ပါတယ်။ တာဗာရက်စ်နဲ့  အရည်အချင်းတွေကွာတာမှမဟုတ်တာဗျာ။ ဒါပေမယ့် နှစ်ယောက်လုံးကကောင်းနေတာဗျ.. ၊ အသင်းရဲ့ ပုံစံကောင်းရနေတဲ့ ကစားသမားနှစ်ယောက်က တစ်နေရာထဲမှာရှီနေတယ်။ ဒီနှစ်ယောက်လုံးပျော်အောင်ဘယ်လိုထားရပါ့မလဲ??

ကစားသမားနှစ်ယောက်ရဲ့အချက်အလက်များ

တီယာနေ

  • ဆဲလ်တစ်နဲ့ အာဆင်နယ်အသင်းတွေမှာ စုစုပေါင်း ၇ ရာသီဖြတ်သန်းခဲ့ပြီး ယခုဘောလုံးရာသီဟာ ကစားသမားဘဝ ၈ ရာသီမြောက်ဖြစ်
  • လက်ရွေးစင်အသင်းနဲ့  ပွဲ ၃၀ အပါအဝင် ပွဲပေါင်း ၂၇၀ ကစားထားပြီး ၁၁ ဂိုးသွင်းထား
  • အသက် ၂၄ နှစ် ၊ အနာဂတ်အသင်းခေါင်းဆောင်အဖြစ်ပရိတ်သတ်များရဲ့နှစ်သက်မှုရရှိထား

တာဗာရက်စ်

  • အသက် ၂၁ နှစ် ၊ ၂၀၁၈ ရာသီမှာ ဘင်ဇီကာ ( B ) အသင်းနဲ့အတူစကစား ၊ ယခုရာသီမှာ ဘောလုံးသမားဘဝရဲ့  ၄ ရာသီမြောက်ဖြစ်
  • လက်ရွေးစင် အဖြစ်   U18,18,21   တွေမှာကစားဖူး ၊ စုစုပေါင်း  ၂၄  ပွဲကစားပြီး ၁ ဂိုးသွင်းထား
  • ကလပ်ကစားသမားဘဝ ၇၂ ပွဲကစားထားပြီး  ၁ ဂိုးသွင်းယူထားနိုင်
  • တီထွင်ဖန်တီးမှုရှိတဲ့ကစားဟန်ကြောင့် ပရိတ်သတ်နှစ်သက်မှုရရှိထား ၊ ခြေစွမ်းပြနိုင်မှုနဲ့ အမှားရောထွေးနေသေး

Just Arsenal Blog မှ အယ်ဒီတာ ဖြစ်သူ  ဆီဗက်စတာ ကွင်တူအာ ရဲ့  အာဘော်ကို ဆီလျှော်အောင်ပြန်လည်တင်ပြထားပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: