ဂန္တဝင်နောက်ခံလူက သဘောကျတဲ့ ရူဒီဂါ
ချဲလ်ဆီးအသင်းရဲ့ ရူဒီဂါဟာ အေစီမီလန် မာဒီနီ ဂန္တဝင်လိုချင်နေတဲ့ အချက်အလက်ကောင်းတွေနဲ့ ပြည့်စုံနေပေမယ့်လည်း ကစားသမားရဲ့ တန်ကြေးနဲ့လစာကြောင့်ခေါ်ယူနိုင်မှာမဟုတ်ဘူးလို့ Calciomarcerto ကဖော်ပြသွားခဲ့ပါတယ်။ အေစီတို့ဟာ တိုမိုရီကလွဲလို့ အခြားနောက်ခံလူများရဲ့ စွမ်းဆောင်ရည်ကို အားမရတာကြောင့် ဗဟိုခံစစ်ကိုအပူတပြင်းအားဖြည့်နေတာဖြစ်ပါတယ်။ တိုမိုရီဟာလည်း ချဲလ်ဆီးကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ အငှားသွားရောက်ကစားပြီးနောက် ယူရို ၂၅ သန်းနဲ့ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။
ဂျူဗီအခက် ချဲလ်ဆီးအချက်လား
Gazzetta dello Sport ရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီမှာ ခြေချော်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲခဲ့ပါက သူတို့ရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ချီယေဆာနဲ့ ဒီလစ်ချ်တို့ကို ထိန်းသိမ်းနိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။ ဒီသတင်းနဲ့ဆက်စပ်ပြီး ချဲလ်ဆီးနဲ့ ချိတ်ဆက်နေတယ်ဆိုတဲ့ ချီယေဆာနဲ့ စိတ်ဝင်စားခံနေရတဲ့ ဒီလစ်ချ် တို့ရဲ့အပြောင်းအရွှေ့တွေ အပေါ်ပိုမိုခန့်မှန်းပြောဆိုလာကြပါတယ်။ ချီယေဆာ ဟာ လက်ရှိနည်းပြ အယ်လီဂရီနဲ့လဲ သိပ်အစေကပ်ခြင်းမရှိသလို တူချယ်ရဲ့နှစ်သက်ခြင်းကိုလဲ ရရှိထားတယ်လို့ အီတလီသတင်းတွေက ဖော်ပြနေကြပါတယ်။
ဂျိမ်းအကြောင်းသိချင်ရင် ကျွန်တော့်ကိုလာမေးပါ – ဆေးဗားလ်
ကစားဖော် ဂျိမ်းစ်အကြောင်းကို ဝါရင့်နောက်ခံလူ သီယာဂိုဆေးဗားက အခုလိုပဲချီးကျူးပြောဆိုသွားခဲ့ပါတယ်။
ရိစ်ဂျိမ်းအကြောင်းမေးချင်ရင်တော့ ကျွန်တော့်သာလာမေးဗျာ .. ကျွန်တော်က သူ့ရဲ့ ပရိတ်သတ်အကြီးစားပါပဲ။ သူက သန်မာတယ် ၊ ကစားတာသိပ်ကောင်းတယ်။ အဲ့ဒီလိုသန်မာတဲ့ ခွန်အားရဲ့အလွန်မှာလဲ အသင်းကကစားဖော်တွေကိုပါ ပိုကောင်းလာအောင်ကူညီပေးနိုင်တယ်။ အခုသူပြနေတဲ့ခြေစွမ်းတွေသိပ်ကောင်းပါတယ်။ ဒါပေမယ့် ဒီထက်ပိုတိုးတက်လာဦးမှာဖြစ်တယ်။ သူက ကမ္ဘာ့အဆင့်ဖြစ်လာဖို့အတွက်လဲ အဆက်မပြတ်သင်ယူနေပါတယ် လို့ပြောသွားခဲ့တာပါ။
ဆားရ် ကိုခေါ်ယူတော့မယ် ဂျူဗီ
ချဲလ်ဆီးနောက်ခံလူ မာလန်ဆားရ် ဟာ စီးရီးအေကလပ် အင်တာမီလန်အသင်းကို အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့အငှားစာချုပ်တစ်ရပ်နဲ့ ပြောင်းရွှေ့တော့မယ်လို့ Sport Mediaset သတင်းဌာနကဖော်ပြလာခဲ့ပါတယ်။ အပြောင်းအရွှေ့တန်ကြေးဟာ ပေါင် ၁၅ သန်းခန့်ရှိနေပြီး ကစားသမားဟာ ပြီးခဲ့တဲ့ ရက်တွေမှာ မီလန်မြို့ကို ဆွေးနွေးမှုတွေအတွက်ရောက်ရှိနေခဲ့တယ် လို့ဆိုပါတယ်။ ဆားရ် ဟာ ပြင်သစ်ကလပ် နိစ် ကနေ အလွတ်နဲ့ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ချဲလ်ဆီးမှာတော့ နေရာမရသလောက်နီးနီး ပွဲထွက်ခွင့်နဲပါးခဲ့သူဖြစ်ပါတယ်။
ပေါလ်စခိုးကို ပြန်ကြိတ်တဲ့ ဆေးဗားလ်
ချဲလ်ဆီးအသင်းကို ဝေဖန်ခဲ့တဲ့ ပေါလ်စခိုးရဲ့ စကားကို ရည်ညွန်းပြီး ဘောလုံးအားကစား Fan Page တစ်ခုက အောက်ပါအတိုင်းရေးသားခဲ့ပါတယ်။ ပေါလ်စခိုးရဲ့အဆိုအရ ဆေးဗားလ်ကိုရင်ဆိုင်ရတာဟာ ရိုနယ်ဒိုအတွက်သိပ်လွယ်ပါလိမ့်မယ် ။ ဒီလိုလိုဆိုခဲ့ပေမယ် ဆေးဗားလ်အခုလိုပြန်တုန့်ပြန်ခဲ့ပါတယ်။
မှန်တာပေါ့ .. တော်တော်လွယ်ပါတယ် .. အထူးသဖြင့် မကစားရတဲ့သူအတွက် သိပ်လွယ်ပါတယ် ဆိုပြီး ပြန်လည်လှောင်ပြောင်သွားခဲ့တာဖြစ်ပါတယ်။ ဆေးဗားလ် ဟာ အသက် ၃၈ နှစ်ပြည့်တော့မှာဖြစ်ပြီး ချဲလ်ဆီးတို့နဲ့ နောက်ထပ် စာချုပ်သက်တမ်း ၁ နှစ်ထပ်မံတိုးဖွယ်ရှိနေပါတယ်။
ပူလီဆစ်ကို ခေါ်ယူရေးမှာ နယူးကာဆယ်လဲ ပါဝင်လာမလား
Calciomarcerto သတင်းဌာနရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းတိုက်စစ်မှုး ပူလီဆစ်အတွက် နယူးကာဆယ်အသင်းကလည်း ဂျီနိုအာအသင်းနဲ့အပြိုင် ပါဝင်ကမ်းလှမ်းတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၂၃ နှစ်အရွယ် အမေရိကန် လက်ရွေးစင်ဟာ ဒဏ်ရာကြောင့် ရာသီအစပိုင်းမှာအနားယူနေရပေမယ့် တဖြေးဖြေးနဲ့သင့်တင့်တဲ့ခြေစွမ်းတွေကို ပြန်လည်ပြသနိုင်နေပြီဖြစ်ပါတယ်။
Leave a Reply