နံနက်ခင်း ချဲလ်ဆီးမှတ်စု (29Nov-9am)

ပရိတ်သတ်တွေစိတ်ပျက်ခဲ့ကြရတဲ့ ဇီယက်ချ်နဲ့ ဝါနာ

မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ တိုက်စစ်မှုးဝါနာဟာ အခြားအသင်းသားများအားလုံးထက် ကန်သွင်းခွင့်ပိုမိုရရှိခဲ့ပေမယ့် တစ်လုံးမှ ဂိုးပေါက်မတည့်ခဲ့တဲ့အပေါ်မှာ ပရိတ်သတ်အများစုက မကျေမနပ်ဖြစ်နေကြတယ်လို့    The Chelsea Chronicle က အချက်အလက်တွေကို ကိုးကားဖော်ပြလာပါတယ်။ ဇီယက်ချ်နဲ့ ဝါနာတို့ဟာ ဂိုးရနိုင်ချေရှိတဲ့ ကန်သွင်းခွင့်ပေါင်းများစွာကိုလွဲချော်ခဲ့ကြတာဖြစ်ပါတယ်။

ဟက်ဆယ်ဘိန့်ခ် နဲ့ ရွိုင်ကိန်းတို့ရဲ့    ဝါနာအပေါ်အမြင်များ

ချဲလ်ဆီးတိုက်စစ်မှုးဟောင်း ဟက်ဆယ်ဘိန့်ခ် က နဲ့ မန်ယူကစားသမားဟောင်း ရွိုင်ကိန်းတို့က တီမိုဝါနာရဲ့ စွမ်းဆောင်ရည်ကို တော်တော်လေးဝေဖန်သွားခဲ့ကြပါတယ်။ ဘိန့်ခ်  က

ရတဲ့အခွင့်အရေးတွေက အကောင်းကြီးတွေဗျာ …ပွဲကိုပြောင်းသွားမယ့် အခွင့်အရေးတွေချည်းပဲ .. ဒါပေမယ့် ဂိုးပေါက်တောင်မတည့်ဘူး  .. အားလုံးကို ဘေးပဲချော်ကန်သွားတာ  လို့ မကျေမနပ်ဆိုခဲ့ပါတယ်။

ကိန်းကလည်း

အနဲဆုံးဂိုးသမားဆီတော့ရောက်ရမယ်ဗျာ .. တိုက်စစ်မှုးတစ်ယောက်ဟာ  တဖက်ဂိုးသမားကိုအလုပ်တော့ပေးနိုင်ရမယ် မဟုတ်လား    လို့ဝေဖန်ခဲ့ပါတယ်။

ဒီပွဲဟာ ချဲလ်ဆီးရဲ့နောက်ဆုံး ၃ ပွဲအနက် ၂ ကြိမ်မြောက်သရေကျခြင်းဖြစ်ပါတယ်။

အကယ်ဒမီကစားသမားဘဝကို ပြန်ပြောင်းပြောပြခဲ့တဲ့ လမ့်တေး

တချိန်က ချဲလ်ဆီးလူငယ်ဖြစ်ခဲ့ဖူးတဲ့  ဘရိုက်တန်နောက်ခံလူ လမ့်တေး က အကယ်ဒမီတုန်းကအကြောင်းတွေကို ပြန်ပြောပြခဲ့ပါတယ်။

“ လူငယ်ကစားသမားအနေနဲ့ ပိုမိုတိုးတက်လာဖို့အတွက် ကစားချိန်တွေများများလိုအပ်တယ်လို့ ယူဆပါတယ်။ ဘရိုက်တန်က ရည်ရွယ်ချက်လည်းရှိပြီး တော်တော်ကောင်းတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။  ဒါကြောင့် ဒီမှာကစားဖို့ဟာ အခွင့်အရေးတစ်ရပ်လို့ပဲ ယူဆခဲ့ပါတယ်။

ချဲလ်ဆီးမှာရှိတုန်းက ရိစ်ဂျိမ်းစ် ဟာ ကျနော့်ရဲ့ စီနီယာ လူငယ်တစ်ယောက်ပေါ့။ သူ့ဆီကနေ အကြံကောင်းဉာဏ်ကောင်းတွေအများကြီးရခဲ့ပါတယ်။ သူအခုလို အောင်မြင်နေတာကိုလည်း ဝမ်းသာမိပါတယ်။  ချဲလ်ဆီးအကယ်ဒမီဟာ လူငယ်တွေအတွက် လိုအပ်ချက်တွေပြည့်စုံတဲ့နေရာတစ်ခုပါပဲ  

ကျွန်တော်ငယ်ငယ်တုန်းက အဲဗက်စ် နဲ့ ရော်နယ်ဒင်ဟို ကိုသိပ်အားကျခဲ့သလို   အက်ရှ်လေကိုး ကိုတော့ အကောင်းဆုံးဘယ်အစွန်လူလို့ သတ်မှတ်ထားခဲ့ပါတယ်။ သူ့ရဲ့  စွမ်းဆောင်ရည် ၊ ခွန်အား နဲ့ နည်းစနစ်တွေဟာ သိပ်ကို အံ့သြစရာကောင်းလွန်းပါတယ် “   လို့  Talk Sport နဲ့တွေ့ဆုံစဥ်မှာပြောသွားခဲ့တာပါ။

အသင်းကို အားရတယ်လို့ဆိုတဲ့ တူချယ်

ရလဒ်က လိုချင်သလိုမဖြစ်ပေမယ့် စိတ်ပျက်စရာမရှိဘူးလို့   တူချယ်က ပြောပါတယ်။

ကိုယ်က ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြီး  အစအဆုံးကောင်းကောင်းကစားနိုင်တဲ့ပွဲမျိုးမှာ အမှတ်လျော့သွားတယ်ဆိုတာမျိုးက လက်ခံဖို့တော့ခက်ခဲတာပေါ့။ ဒါပေမယ့်  လုံးဝနောင်တရတဲ့အဖြစ်အပျက်မျိုးတော့မရှိပါဘူး။ ဘောလုံးမှာ ဒါမျိုးဖြစ်တတ်တာ ကျွန်တော်တို့အားလုံးသိနေတာပဲဗျာ .. ဖြစ်လာတော့လဲ မပျော်မိပေမယ့် ဒီလိုပါပဲ  ..

အသင်းသားတွေအားလုံးကို ဒီနေ့ပွဲမှာ ကစားသွားပုံနဲ့ပတ်သတ်ပြီး ကျေနပ်တယ် ဆိုတာပြောခဲ့တယ်။  သူတို့ရဲ့ အားထုတ်ပုံ ၊ စွမ်းဆောင်ရည်နဲ့ စိတ်ပိုင်းဖြတ်မှုတွေအားလုံးဟာ အောင်ပွဲဆာလောင်နေတဲ့အသင်းဆိုတာသိသာစေတယ် .. ဒီလိုအသင်းမျိုးကို နည်းပြရတာ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းပါတယ်   လို့  တူချယ်ကပြောဆိုသွားခဲ့ပါတယ်။

ဂျော်ဂျင်ဟို ကိုချီးကျူးသွားတဲ့ တူချယ်

ဝေဖန်မှုတွေခံနေရတဲ့ ကွင်းလယ်လူအတွက် တူချယ်က အခုလိုပဲ ကာကွယ်ပေးခဲ့ပါတယ်။

ဒီလိုအမှားမျိုးက ချဲလ်ဆီးအသင်းအတွက်ဖြစ်တောင့်ဖြစ်ခဲပါဗျာ .. အထူးသဖြင့် ဂျော်ဂျင်ဟို  လိုကစားသမားမျိုးအတွက်ပေါ့ .. ကံမကောင်းတာက မီးလုံးအလင်းရောင်တွေသုံးပြီးကစားရတဲ့အခါ ဘောလုံးလမ်းကြောင်းကိုမှန်းဖို့ ခက်ခဲသွားပုံပါပဲ။   ပွဲက ခက်ခဲတဲ့ပွဲဖြစ်ပြီး အားထုတ်မှုများစွာနဲ့ကစားခဲ့ကြတာပါ.. ပင်နယ်တီကနေ ချေပဂိုးယူခဲ့တာကလည်း အ‌ရမ်းအရေးကြီးခဲ့ပါတယ်   ဆိုပြီး   ‌ဂျော်ဂျင်ဟို ကို ကာကွယ်ပေးသွားခဲ့ပါတယ်။ ကစားသမားဟောင်းကြီး ဟက်ဆယ်ဘိန့်ခ်ကတော့   ဂျော်ဂျင်ဟို ဟာ မလေးမစားနဲ့အထင်သေးခဲ့လို့ အခုလိုဖြစ်ရကြောင်းဝေဖန်သွားခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: