နံနက်ခင်း ချဲလ်ဆီးမှတ်စု (28Nov-9:30am)

EPL  က ဒီရာသီမှာ အရေးအကြီးဆုံးပါပဲ

ပရီးမီယားလိဂ်ဖလားရရှိဖို့က ချဲလ်ဆီးအတွက်အရေးကြီးကြောင်း ကွင်းလယ်လူမေဆင်မောင့်က  Sky Sport နဲ့တွေ့ဆုံစဥ်ပြောပြားခဲ့ပါတယ်။ ယူနိုက်တက်နဲ့ပွဲမတိုင်ခင်တွေ့ဆုံမှုမှာ မောင့်က

ဒါက ပန်းတိုင်ပါပဲ .. ကျွန်တော်တို့အားလုံး ပရီးမီးယားလိဂ်အတွက် ကြိုးစားနေကြတာပါ။ ကျွန်တော်တို့ ချန်ပီယံလိဂ်ရပြီးတဲ့နောက် ပရီးမီးယားကို  အဓိက အာရုံစိုက်နေပါတယ်၊ အခြားပြိုင်ပွဲတွေလဲအရေးပါကြပါတယ်။ ဒါပေမယ့် အဓိက ကတော့ ဒီဆုဖလားပေါ့ဗျာ   လို့ဖြေခဲ့ပါတယ်။ အံသွားခွဲစိတ်မှုနောက်ပိုင်း တဖြေးဖြေးခြင်းပြန်ကစားနေတဲ့မောင့်ဟာ ဒီည ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်လာနိုင်ဖို့မျှော်လင့်နေကြပါတယ်။

ဒင်းစမစ်ဟာ အသင်းအတွက်ရော သူ့အတွက်ပါ အပြောင်းအလဲဖြစ်စေခဲ့တယ်လို့  ဂေးမားလ် ပြော

နည်းပြအပြောင်းအလဲဟာ သူ့အတွက် ကောင်းမွန်တဲ့ပြောင်းလဲမှုဖြစ်စေတယ်လို့   အငှားသွားကစားနေတဲ့ ကွင်းလယ်လူ ဘီလီဂေးမား က ပြောလိုက်ပါတယ်။ ဗီလာနည်းပြဟောင်း ဒင်းစမစ်ရောက်လာပြီးတဲ့နောက်မှာ ကစားခွင်းရလာတဲ့အပြင်  MOTM  ရတဲ့အထိခြေစွမ်းပြနိုင်နေပါတယ်။ သူက

သူရောက်လာတာသိပ်ကောင်းပါတယ်။ သူရဲ့လေ့ကျင့်ရေးနည်းစနစ်တွေမှာ ပြင်းပြင်းထန်ထန်လေ့ကျင့်ရပြီး ရလဒ်ကတော့မြင်နေရတဲ့အတိုင်းပါပဲ။ ပိုပြီးပြင်းပြင်းထန်ထန်ကစားဖို့ကို သူအဓိက ထားပြီးပြောဆိုပါတယ်။  လို့ပြောသွားခဲ့တာပါ။

ပူလီဆစ်နဲ့ ဒီယောင် သတင်း ဇာဗီ ငြင်း

ချဲလ်ဆီးအသင်းရဲ့ ပူလီဆစ်နဲ့ လဲလှယ်မယ်လို့ သတင်းတွေထွက်နေတဲ့  ဘာကာ ကစားသမား ဒီယောင်နဲ့ပတ်သတ်ပြီး နည်းပြဇာဗီက ဒီယောင်ကို ရောင်းထုတ်မှာမဟုတ်ကြောင်း ၊ ကစားသမားဟာ အသင်းအတွက်အရေးပါကြောင်းနဲ့  အသင်းမှာပျော်ရွင်အောင်ကြိုးစားလုပ်ဆောင်မှာ ဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။  တဖက်မှာလည်း တီမိုဗာနာ နဲ့ ယူနိုက်တက်တိုက်စစ်မှုး ကာဗာနီတို့ကို ဇာဗီက  သူ့အသင်းမှာရှိနေစေချင်တယ်လို့လည်း သတင်းတွေကဖော်ပြနေကြပါတယ်။

ဟာဗက်စ် ယူနိုက်တက်နဲ့ပွဲမှာပြန်ပါမယ်

ဒဏ်ရာရ ကစားသမားတွေများပြားနေတဲ့ ချဲလ်ဆီးအသင်းအတွက်  ယူနိုက်တက်နဲ့ပွဲမှာ ကိုင်ဟာဗက်စ် ပါဝင်နိုင်မှာဖြစ်ကြောင်း တူချယ်က အတည်ပြုပေးခဲ့ပါတယ်။ ဟာဗက်စ် ဟာ အသင်းတိုက်စစ်မှုးတွေမကစားနိုင်ချိန်မှာ လိုအပ်သလို လိုက်လံဖြည့်ကစားပေးနေခဲ့တာဖြစ်ပါတယ်။ သူပြန်ကစားနိုင်မယ့်သတင်းကို ချဲလ်ဆီးပရိတ်သတ်တွေက ဝမ်းမြောက်ဝမ်းသာဖြစ်နေကြတယ်လို့  The Chelsea Chronicle  က ဖော်ပြသွားပါတယ်။

ချဲလ်ဆီးကိုမရွေးခင် သေသေချာချာလေ့လာခဲ့တဲ့ ဂေးမားလ်

၂၀၁၇ ခုနှစ်မှာ ချဲလ်ဆီးအသင်းကိုရောက်ရှိလာခဲ့တဲ့ ဘီလီဂေးမား ကို  အာဆင်နယ် ဂန္တဝင် အာဆင်းဝင်းဂါးက အမ်းမရိတ်ဆီပြောင်းလာဖို့ ဆွဲဆောင်ခဲ့ဖူးတယ်လို့    The Telegraph က ဖော်ပြလာပါတယ်။  ထိုအချိန်တုန်းက သူ့ကိုခေါ်ယူဖို့ကြိုးစားတဲ့ ဥရောပအသင်းကြီးများစွာထဲမှာ အာဆင်နယ် လဲပါဝင်ခဲ့တာဖြစ်ပြီး ဂေးမား ကတော့ ချဲလ်ဆီးက ပဲ သူ့အတွက်အကောင်းဆုံးလို့ ယူဆခဲ့တာဖြစ်ပါတယ်။ ဂေးမားဟာ ဆုံးဖြတ်ချက်မချခင် အာဆင်နယ်လေ့ကျင့်ရေးကိုသွားလေ့လာခဲ့ပြီး အာဆင်နယ်အသင်းမှာ လူငယ်ခြေတက်တွေအရမ်းများနေတဲ့အချက်ရယ် ၊ ချဲလ်ဆီးရဲ့  အကယ်ဒမီစောင့်ရှောက်ရေး အစီအစဥ်တွေကို ပိုနှစ်သက်တာရယ်အတွက်ကြောင့် ကိုးဟမ်း ဆီကိုသာရောက်လာခဲ့တာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: