ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှ စိတ်၀င်စားဖွယ်အချက်များ

ဒီညမှာတော့ လက်ရှိပရီးမီးယားလိဂ် အဆင့်တစ်နေရာက ရပ်တည်နေတဲ့ ချဲလ်ဆီးအသင်းနဲ့ ရလဒ်ဆိုးတွေနဲ့အတူ အမှတ်ပေးဇယား အဆင့်ရှစ်နေရာမှာ ရောက်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ စတန်းဖိုဒ့်ဘရစ်ခ်ျ‌ကွင်းမှာ ထိပ်တိုက်တွေ့ဆုံတော့မှာဖြစ်ပါတယ်။သူတိုနှစ်သင်းရဲ့ တွေ့ဆုံမှုတွေကနေ စိတ်၀င်စားစရာအချက်တွေကို ထုတ်နှုတ်တင်ပြလိုက်ရပါတယ်။

  • ဒီနှစ်သင်းရဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲနောက်ဆုံးတွေ့ဆုံမှု   ၅၈ကြိမ်မှာ ချဲလ်ဆီးက ၁၈ကြိမ်၊မန်ချက်စတာယူနိုက်တက်က ၁၇ကြိမ်စီ အနိုင်ရထားပြီး ၁၃ကြိမ် သရေရလဒ်ထွက်ထားခဲ့ပါတယ်။
  • ချဲလ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်နောက်ဆုံးခုနစ်ပွဲဆက်နိုင်ပွဲမရှိသေးပဲ နောက်ဆုံးအနိုင်ရထားခဲ့တဲ့ပွဲစဉ်ကတော့ ၂၀၁၇-၁၈ဘောလုံးရာသီက စတန်းဖိုဒ့်ဘရစ်ခ်ျမှာ တိုက်စစ်မှူးဟောင်း မိုရာတာရဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့အနိုင်ခဲ့တာဖြစ်ပါတယ်။
  • မန်ချက်စတာယူနိုက်တက်ဟာ ချဲလ်ဆီးနဲ့တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် လေးပွဲဆက် ပေးဂိုးမရှိခဲ့ပါဘူး။  သရဲနီတွေဟာ လန်ဒန်မြို့မှာလာရောက်ကစားရတဲ့ အဝေးကွင်း ၁၁ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ပဲ ၇ပွဲနိုင် ၄ပွဲသရေကျထားခဲ့ပါတယ်။
  • မန်ချက်စတာယူနိုက်တက်ရဲ့ယာယီနည်းပြ မိုက်ကယ်ကာရစ်ဟာ ရွန်အက်ကင်ဆန် ၁၉၈၆ နောက်ပိုင်း မန်ချက်စတာယူနိုက်တက်အသင်းကို လိဂ်ပွဲစဉ်တစ်ခုမှာ ပထမဆုံးတာဝန်ယူ နည်းပြရတဲ့ အဂ်လန်သားမန်နေဂျာ ဖြစ်လာမှာပါ။ဖာဂူဆန် ထွက်ခွာပြီးနောက် မန်ယူရဲ့မန်နေဂျာအသစ် ငါးဦးမှာ လူး၀စ်ဗန်ဟား ကလွဲပြီး ကျန်တဲ့သူတွေဟာ သူတိုရဲ့ပွဲဦးထွက် ကိုင်တွယ်ရတဲ့ပွဲစဉ်တွေမှာ အနိုင်ရခဲ့ကြပါတယ်။
  • ချဲလ်ဆီးတိုက်စစ်မှူးလူကာကူဟာ မန်ချက်စတာယူနိုက်တက်နဲ့ ၁၁ပွဲ ရင်ဆိုင်ခဲ့ရမှာ ၁ပွဲသာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဖာဂူဆန်ရဲ့ နှုက်ဆက်ပွဲဖြစ်တဲ့ ၀က်စ်ဘရွန်းနဲ့ မန်ချက်စတာပွဲစဉ်မှာ လူစား၀င်ပြီး ၀က်စ်ဘရွန်းအတွက် ဟက်ထရစ်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
  • မန်ချက်စတာ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ချဲလ်ဆီးကို ရင်ဆိုင်ခဲ့တဲ့ ၁၅ကြိမ်မှာ ၁ကြိမ်သာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂၀၀၈ ချန်ပီယံလိဂ်ဖိုင်နယ်မှာဖြစ်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ သူ့ဘ၀မှာ ရင်ဆိုင်ရအခက်ဆုံးနောက်ခံလူဟာ ချဲလ်ဆီနောက်ခံလူဟောင်း အက်ရှ်လေကိုးဖြစ်တယ်လို့ ပြောပြခဲ့ဖူးပါတယ်။
  • ချဲလ်ဆီးအသင်းဟာမန်ချက်စတာမြိုခံအသင်းတစ်သင်းဖြစ်တဲ့ မန်စီးတီးကိုရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ်နောက်ဆုံး၆ပွဲဆက်ရှုံးပွဲမရှိခဲ့ပဲ ၅ပွဲနိုင် ၁ပွဲသရေရလဒ်ထွက်ရှိထားပါတယ်။မန်ချက်စတာ ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်နောက်ဆုံး ၇ပွဲမှာ ၁ပွဲသာအနိုင်ရခဲ့ပြီး အနိုင်ရခဲ့တဲ့အသင်းကလည်း လန်ဒန်မြိုခံစပါး အသင်းရဲ့အိမ်ကွင်းမှာ ၃ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
  • ချဲလ်ဆီးအသင်းမှာ ကန်တေ ၊ ကိုဗာဆစ်၊ ဟာဗက်ဇ်နဲ့ ချေးလ်ဝဲလ်တို့ ဒဏ်ရာလူစာရင်းမှာ ရှိနေပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာတော့ဗာရန်း၊ပေါ့ဂ်ဘာ၊ကာဗာနီ(မသေချာ)၊ဂရင်းဝုဒ်(ကိုဗစ်)နဲ့မက်ဂွိင်းယား(ပွဲပယ်)တို့ ပါ၀င်နိုင်မှာမဟုတ်ပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: