နောက်ဆုံးရ အာဆင်နယ် သတင်းများ (27Nov-11am)

ပေပေကို ယုံကြည်နေဆဲဖြစ်တဲ့ အာတီတာ

ပေပေကိုရောင်းချတော့မယ်ဆိုတဲ့ သတင်းတွေကို  အာတီတာက ပြတ်ပြတ်သားသားပဲငြင်းဆိုသွားခဲ့ပါတယ်။  အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ပေပေဟာ ၂ နှစ်ခွဲသက်တမ်းကိုရောက်ရှိလာပြီဖြစ်ပေမယ့် တည်ငြိမ်တဲ့ခြေစွမ်းကိုမရှိသေးတာကြောင့်ပရိတ်သတ်တွေအနေနဲ့ အားမလိုအားမရတော့ဖြစ်နေကြပါတယ်။  ငွေကြေးအင်အားကောင်းတဲ့ နယူးကာဆယ်လိုအသင်းရဲ့စိတ်ဝင်စားခြင်းကို ခံနေရပေမယ့် အာတီတာက  ဘောလုံးသမားတွေဟာ ငွေကြေးကိုအခြေခံပြီးအသင်းတွေရွေးချယ်နေတာမဟုတ်ကြောင်း ၊ ပေပေနဲ့ပတ်သတ်ပြီး စာချုပ်ကိစ္စပြောရမယ့်အချိန်မဟုတ်ကြောင်း ပြန်ပြောသွားခဲ့တာပါ။ Guardian ရဲ့ သတင်းတစ်ပုဒ်အရလဲ  အာတီတာဟာ ပေပေကို ယုံကြည်နေဆဲလို့ သိရပါတယ်။

အီဆက်ဖက်ကို ခြေဦးလှည့်လာမလား

အာဆင်နယ်တို့ဟာ ဆိုစိဒက်တိုက်စစ်မှုး အီဆက်ကို ဗလာဟိုဗစ်ကိုခေါ်ယူရေးအဆင်မပြေခဲ့ရင် ကမ်းလှမ်းဖွယ်ရှိတယ်လို့  Euro Sport ကဖော်ပြလာပါတယ်။ ၄င်းတို့ရဲ့ဖော်ပြချက်အရ ယခုနှစ်နွေတုန်းကလဲ အာဆင်နယ်တို့က ချိတ်ဆက်ခဲ့တယ်လို့ သိရပြီး ကစားသမားက ဆိုစိဒက်နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် လာလီဂါမှာ ထိပ်ဆုံးလေးသင်းဝင်ဖို့ ကြိုးပမ်းနေတဲ့ ဆိုစိဒက်တို့အနေနဲ့ အီဆက်ကို အလောတကြီးရောင်းထုတ်သွားမှာမဟုတ်ဘူးလို့သိပါတယ်။  အီဆက်ဟာ ယခုနှစ်ရာသီမှာ ဆိုစိဒက်အတွက် ၁၀ ဂိုးသွင်းပေးထားနိုင်ပါတယ်။

လာကာဇက်ကိုယ်တိုင်ဖွင့်ပြောလာတဲ့သူ့ရဲ့အပြောင်းအရွှေ့

နောက်ဆုံးတော့အပြောင်းအရွှေ့နဲ့ပတ်သတ်ပြီး လာကာဇက်ကိုယ်တိုင်က ဖွင့်ပြောလာခဲ့ပါပြီ။  Telefoot နဲ့တွေ့ဆုံစဥ်မှာ လာကာဇက်က   မှန်ပါတယ်။ ကျွန်တော့်ရဲ့ အေးဂျင့်တွေက စပြီး လိုအပ်တာတွေလုပ်နေကြပါပြီ။ ဒါပေမယ့် ဇန်နဝါရီမတိုင်ခင်တော့ အဲ့ဒီအကြောင်းတွေမတွေးချင်သေးပါဘူး။ ဘောလုံးကိစ္စကိုပဲ အာရုံစိုက်ထားခြင်ပါတယ်။  အပြောင်းအရွှေ့အတွက် စဥ်းစားတဲ့အခါမှာ  စိန်ခေါ်မှုတွေ ၊ ရည်မှန်းချက်တွေ ၊ ကိုယ်ကဘယ်လောက်အရေးပါနိုင်လဲ ဒါတွေအကုန်နဲ့ချိန်ပြီးဆုံးဖြတ်ရမှဦပါ။ ဇန်နဝါရီအထိစောင့်တာပေါ့ဗျာ   လို့ပြောသွားခဲ့ပါတယ်။

အာဆင်နယ် အနိုင်ရမယ်လို့ခန့်မှန်းရင်း ပွဲအကြောင်းပြောသွားခဲ့တဲ့ အိုဝင်

အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းကို ၂-၁ နဲ့အနိုင်ရသွားလိမ့်မယ်လို့  မိုက်ကယ်အိုဝင်က ခန့်မှန်းပြောဆိုသွားပါတယ်။ သူက  ပြီးခဲ့တဲ့အပတ်က လီဗာပူးကိုရှုံးနိမ့်ခဲ့ရပေမယ့် အာဆင်နယ်တို့ဟာ တကယ့်အသင်းကောင်းတစ်သင်းဆိုတာသေချာပါတယ်။  သူတို့ဟာ ထိပ်ဆုံး ၆ သင်းကလွဲရင်အသင်းတိုင်းအတွက် အန္တရာယ်ရှိတဲ့အသင်းပါ။ ထိပ်ဆုံးကအသင်းတွေနဲ့တော့ ကွာခြားချက်တွေရှိနေပါသေးတယ်။ အက်ဒီဟောင်းဝီးကလဲ  နဂ္ဂတစ် အဖြေထွက်ထားပြီးအသင်းကို ကြီးကြပ်ပါလိမ့်မယ်။  အိမ်ရှင်တို့အနိုင်ရမယ်ဆိုပေမယ့် ပွဲကြပ်တစ်ပွဲဖြစ်လာမှာပါ  လို့ဆိုခဲ့တာပါ။

ရှာခါတစ်ယောက် ဒဏ်ရာကနေ လျှင်မြန်စွာပြန်ကောင်းလာလို့ အသက်ရှုချောင်သွားတဲ့ အာတီတာ

ဒဏ်ရာကနေ စောလျင်စွာပြန်လည်သက်သာလာတဲ့ ရှာခါကြောင့် အာတီတာအနေနဲ့ တိုက်စစ်မှုးရှာဖွေဖို့ကိုသာပိုပြီး အာရုံစိုက်နိုင်တော့မှာဖြစ်တယ်လို့   Football London က သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ မူလက နှစ်သစ်ရောက်မှသာ လေ့ကျင့်ရေးပြန်ဆင်းနိုင်မယ်လို့ ခန့်မှန်းထားတဲ့ရှာခါဟာ အခုအပတ်မှာပဲ လေ့ကျင့်ရေးတွေမှာ စတင်ပူးပေါင်းနေပြီဖြစ်ပါတယ်။ နှစ်သစ်မှာကျင်းပမယ့် အာဖရိကဖလားပွဲတွေနဲ့ ရှာခါရဲ့ ဒဏ်ရာကြောင့် ကွင်းလယ်လူနေရာခေါင်းခဲနေရတဲ့ အာဆင်နယ်ဟာ အခုလို အံ့အားသင့်စရာပြန်လည်ကောင်းမွန်လာတဲ့ ကစားသမားကြောင့် အနဲငယ်အသက်ရှုချောင်သွားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: