ငြင်းခုံပွဲ စတင်တော့မယ့် အာနိုး နဲ့ ဂျိမ်း အကြောင်းများ

ဘောလုံးကစားသမားတွေကိုနိုင်းယှဥ်ကြတဲ့အခါ မှာ အသေးစိတ်အချက်အလက်တွေ အပြင်ပရိတ်သတ်တွေရဲ့ အမြင်တွေကိုလဲ ထည့်သွင်းဖော်ပြ ရတာကြောင့် ဘယ်ကစားသမား ကကောင်းတယ် ၊  ဒီကစားသမားကောင်းတယ်ဆိုတာကို တထစ်ချ ဆုံးဖြတ်ဖို့ တော်တော်လေးခက်ခဲပါတယ်။ရှေ့မှာလဲသာဓကတွေအများကြီးရှိခဲ့ပါတယ်။

အဲ့ဒီထဲကမှ မက်ဆီနဲ့ ရိုနယ်ဒို တို့ဟာလဲ မပြီးဆုံးသေးတဲ့ ပုံပြင်တပုဒ်ကို ဗားရှင်းအမျိုးမျိုးနဲ့ နားထောင်နေရသလိုပါဘဲ။ မက်ဆီရဲ့ ပရိတ်သတ်တွေနဲ့ ရိုနယ်ဒိုရဲ့ ပရိတ်တွေကြားမှာလဲ ဒီခရီးဟာအဆုံးမရှိပါဘူး။ အမြဲလိုလိုပြောစရာအကြောင်းရာတွေနဲ့ ငြင်းစရာအကြောင်းတွေက တပတ်တမျိုးမရိုးရအောင်ပါဘဲ။  ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို ကြည့်ရင်လဲ ငြင်းခုံလောက်အောင်ထိ တယောက်နဲ့တ​ယောက်ပြိုင်ဆိုင်မူဟာ ဆယ်စုနဲ့ တစ်ခုစာအထိ လိဂ်တခုတည်းမှာ အဓိကပြိုင်ဖက်တွေအဖြစ် ယှဥ်ပြိုင်ပြီးသက်ဆိုင်ရာကလပ်သင်း အတွက် အောင်မြင်မူတွေ၊ စံချိန်တွေကိုအချိန်နဲ့တပြေးညီချိုးဖျက်နိုင်ကြပြီး တကိုယ်တော်ဆုဖလားတွေ စံချိန်တွေကိုလဲမှတ်တမ်းတင်ထားနိုင်ကြတဲ့ GOAT ကြီးနှစ်ပါးဘဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေဟာ ပရိတ်သတ်တွေကြားမှာသာမက ကစားသမား၊ နည်းပြ၊ သတင်းမီဒီယာတွေ ကြားမှာပါဖြစ်ပျက်နေတဲ့ ကိစ္စတွေပါဘဲ။ ဒါပေမယ့်သူတို့နှစ်ယောက်ကတော့ Position မတူတဲ့ တိုက်စစ်ကစားသမားတွေဘဲဖြစ်ပါတယ်။

အခုပြောပြချင်တာက ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးတွေမှာ တောက်ပနေတဲ့ လူငယ်က စားသမားအကြောင်းတွေဘဲဖြစ်ပါတယ်။ထူးခြားတာကတော့ နောက်တန်း တိုက်စစ်မှုးတွေလို့ ပြောရင်ပိုမှန်ပါလိမ့်မယ်။ ကစားသမားတွေဟာ သက်ဆိုင်ရာ ကလပ်အသင်းတွေအတွက် ဂိုးဖန်တီးမှုတွေ၊ သွင်းဂိုးတွေရယူထားနိုင်တဲ့ နောက်တန်းစားသမားတွေလဲဖြစ်ပါတယ်။

သူတို့ကတော့ချဲလ်ဆီးညာနောက်ခံလူ ရိစ်ဂျိမ်း နဲ့ လီဗာပူးအသင်းရဲ့ အဓိက ညာနောက်ခံလူ အာနိုး နဲ့ မန်စီးတီးအသင်းရဲ့ ပုံ ပြောင်းကစားသမား ကန်ဆယ်လို တို့ဘဲဖြစ်ပါတယ်။ ကန်ဆယ်လို အကြောင်းကိုတော့ဒီဆောင်းပါးမှာ ဖော်ပြသွားမှာမဟုတ်ပါဘူး။ အဓိကပြောမှာက ဂျိမ်း နဲ့ အာနိုး တို့ရဲ့အ​ကြောင်းပါပဲ။

ဘယ်သူကပိုကောင်းလဲဆိုတာကို ရှင်းပြမှာမဟုတ်ပါဘူး။ သူတို့ရဲ့စွမ်းဆောင်ထားတဲ့ စွမ်းဆောင်ရည်ကိုဖော်ပြသွားမှာ ဖြစ်ပါတယ်။

အာနိုး

  • အာနိုး ကတော့ လီဗာပူးအသင်းရဲ့ အကယ်ဒမီထွက် ၊ ညာနောက်ခံလူငယ်ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အသင်းကြီးကို ၂၀၁၆ ခုနှစ်ကရောက်ရှိလာခဲ့ပြီး အခုအချိန်မှာတော့ မရှိမဖြစ် ကစားသမား ဖြစ်သလို နည်းပြ ကလော့ ရဲ့အကြိုက်ဆုံးကစားသမားလဲဖြစ်ပါတယ်။ အာနိုး ဟာယခုရာသီ မှာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ပွဲကစား ၊  ၁ ဂိုးသွင်းယူထားပြီး ၊ ဂိုးဖန်တီးမူ ၈ ကြိမ်ပြုလုပ် ထားနိုင်တာလဲ ဖြစ်ပါတယ်။ လီဗာပူးအသင်းနဲ့ အတူ ပွဲပေါင်း ၁၁၉ ပွဲကစား ၊ ၁၁ဂိုးသွင်း ထားပြီး ဂိုးဖန်တီးမူ ၅၁ ကြိမ်ထိ ပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။
  • အာနိုး ဟာ အသင်း နည်းပြကလော့ရဲ့နည်းစနစ်တွေနဲ့အတူ အကောင်းဆုံးတောက်ပလာတဲ့ကစား သမားတ​စ်ယောက်ဆိုရင်လဲ မမှားပါဘူး။ အသင်း နဲ့ UEFA Champion League ၁ ကြိမ်၊ Club World ၁ ကြိမ်၊ UEFA Super Cup ၁ ကြိမ်၊ လိဂ်ဖလား ၁ကြိမ်၊ PL Asia Trophy ၁ ကြိမ်ရရှိထားပါတယ်။
  • တိုက်စစ်ကိုအလွန်အကျွံလိုက်ပါလွန်းတယ်ဆိုပြီး ဝေဖန်မှုတွေများခဲ့တဲ့ အာနိုးဟာ ယခုရာသီမှာတော့ တိုက်စစ်အားသန်ညာနောက်ခံကစားသမားတစ်ဦးဆိုတာထက် ခံစစ်စွမ်းဆောင်ရည်ကောင်းတွေကို ပြသထားပြီး တိုက်စစ်ပုံဖော်ဖို့အတွက်ကိုလည်း အကောင်းဆုံးပံ့ပိုးထားနိုင်ပါတယ်။

ရိစ်ဂျိမ်း

  • ဂျိမ်းစ်ကတော့ ချဲလ်ဆီးအသင်းရဲ့အဓိကညာနောက်ခံကစားသမားဆိုတာထက် ညာစွန်နောက်ခံလူလို့ ပြောရင်ပိုမှန်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ နည်းပြတူချယ်ရဲ့ ၃-၄-၂-၁  ကစားကွက်အောက်မှာ ညာစွန်နေရာက နောက်တန်းထက် တိုက်စစ်လိုက် ပါရာမှာ ပိုကောင်းတဲ့ကစားသမားတစ်ဦးဖြစ်လို့ ပါပဲ။
  • သူက အသင်းကြီးကိုတော့ ၂၀၁၉ နှစ်ကမှ ရောက်ရှိလာတာဖြစ်ပါတယ်။ နည်းပြဟောင်းလမ်းပတ် လက်ထက်မှာလဲသူ့ရဲ့ခြေစွမ်းကမခေဘူးလို့ပြောရပါမယ်။ ချဲလ်ဆီးအသင်းအတွက် စုစုပေါင်း ၉၆ ပွဲကစားထား ၊  ၇ ဂိုးသွင်း၊ ဂိုးဖန်တီးမူ ၁၁ ကြိမ်ပြုလုပ်ထားနိုင်တဲ့ ကစားသမားတဦးဖြစ်ပြီး ဒီရာသီ အသင်းအတွက် ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ၅ ဂိုး သွင်း၊ ၅ ဂိုးဖန်တီးမူပြုလုပ်ထားနိုင်ပါတယ်။
  • အသင်းနဲ့ရရှိထားတဲ့အောင်မြင်မူတွေကတော့ UEFA Champion League  ၁  ကြိမ်၊ UEFA Europa League  ၁ ကြိမ်၊ UEFA Super Cup ၁ ကြိမ် ရရှိထားပါတယ်။ ( လူငယ်အသင်းနဲ့ဆုဖလားများမဖော်ပြထား)
  • ကွင်းထဲက လုပ်ဆောင်မှုအားဖြင့်ကတော့ ဂျိမ်းစ်ဟာ အာနိုးနဲ့ကွဲပြားစွာ ခံစစ်ထက် တိုက်စစ်လိုက်ပါရင်း ပိုကောင်းတဲ့ ကစားသမားအဖြစ် ဒီရာသီမှာစွမ်းဆောင်ပြထားနိုင်ပါတယ်။

အထက်ပါကစားသမား ၂ စဦးလုံးဟာ အဂ်လန် လက်ရွေးစင်ကစားမားများဖြစ်ပြီးနည်းပြဆောက်ဂိတ် ရဲ့အကြိုက်ကစားသမားတွေဆိုလဲမမှားပါဘူး။ ဘယ်သူကပိုကောင်းလဲဆိုတာထက် နှစ်ဦးစလုံးဟာ သက်ဆိုင်ရာကလပ်တွေရဲ့ နည်းပြကစားကွက်မှာ အံဝင်အောင်ကစားနေရတဲ့ကစားသမားတွေဖြစ်လို့ သူ့နေရာနဲ့ သူအားသာချက် အားနည်းချက်လေးတွေရှိပါတယ်။  ဒါပေမယ့် နှစ်ယောက်စလုံးကတော့ အဆင့်တစ်ခုကိုရောက်ရှိနေကြပြီဖြစ်ပါတယ်။

ယေဘူယျအားဖြင့် အာနိုးက ကခံစစ်ကူ၊ တိုက်စစ်ပံ့ပိုးနေရာမှာ ပိုသာပြီး  ဂျိမ်းစ် ကတော့ တိုက်စစ်ပံ့ပိုးမှုကိုလုပ်ဆောင်ရတဲ့နောက်တန်းကစားသမားအဖြစ်ထူးချွန် တဲ့ကစားသမားဖြစ်ပါတယ်။ ဒါကြောင့် မကြာတော့တဲ့အနာဂတ်မှာ ဘယ်သူကပိုကောင်းလဲ ဆိုတာထက် ဘယ်သူက အောင်မြင်မူကိုပိုထိန်းထားနိုင်မလဲဆိုတာကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ် ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: