နံနက်ခင်း ချဲလ်ဆီးမှတ်စု (27Nov-9am)

ချီးဝဲလ်ရဲ့ ဒဏ်ရာကိုအသေးစိတ်ရှင်းပြလာတဲ့ တူချယ်

ဒူးအရှေ့အရွတ်ကြောစုတ်ပြတ်ဒဏ်ရာ ရရှိသွားခဲ့တဲ့  ဘင်ချီးဝဲလ်ရဲ့ ဒဏ်ရာအသေးစိတ်အခြေအနေကို တူချယ်က အခုလိုပဲပြောပြပါတယ်။

ဘင် (ချီးဝဲလ်) က ဒူးမှာ တော်တော်လေးထိသွားခဲ့ပြီး နောက် ၆ ပတ်အတွင်းမှာ သူပြန်ကောင်းလာမလား ၊ ဒါမှမဟုတ် ထပ်ပြီးခွဲစိပ်ရမလားဆိုတာ သိရမှာပါ။ ကျွန်တော်က ဒီ ၆ ပတ်ကိုပဲ ဂရုတစိုက်အရင်ဆုံးစောင့်ကြည့်ပါဦးမယ်။ သူအဆင်ပြေမှာပါ။ ဘာကြောင့်လဲဆိုတော့ ကနဦး စစ်ဆေးချက်တွေအရ သူ့ခန္တာကိုယ်က တုန့်ပြန်မှုတွေကောင်းပါတယ်။ ကျွန်တော်တို့ စနစ်တကျကုသဖို့ပဲ အာရုံထားပါတယ်။ ဘာဖိအားမှမလိုအပ်သလို လောလဲ မလောပါဘူး .. နောက် ၆ ပတ်အနေအထားကြည့်ကြတာပေါ့   လို့ရှင်းပြခဲ့ပါတယ်။

မန်ဒီနဲ့ရူဒီဂါ က မရှိမဖြစ်ပါ

ယူနိုက်တက်ကစားသမားဟောင်း ဟားဂရေ့ က တူချယ်အတွက်မရှိမဖြစ်ကစားသမားအဖြစ် မန်ဒီနဲ့ ရူဒီဂါ တို့ကိုညွန်းဆိုသွားခဲ့ပါတယ်။  သူက   မန်နေဂျာနဲ့သူ့ရဲ့အတွေးအခေါ်တွေဟာ ကစားသမားတစ်ယောက်ချင်းစီထက်ပိုပြီးအ‌ရေးကြီးပါတယ်။ ဘယ်သူက ဘယ်လို ပါဝင်ကစားနေတယ်ဆိုတာထက်ပေါ့။ ဒါပေမယ့် မန်ဒီနဲ့ ရူဒီဂါကတော့ မရှိမဖြစ်ကစားသမားတွေပါပဲ။ သူတို့ဟာအသင်းရဲ့ဟန်ချက်ပါ   ဆက်လက်ပြီး သူကပဲ တူချယ်နဲ့ပတ်သတ်ပြီး  တူချယ်ဟာ အဓိက ကစားသမားများစွာမပါဝင်ပဲ အနိုင်ရတဲ့ပွဲတွေများခဲ့ပါပြီ။  တူချယ်ဘယ်သူ့ကိုရွေးရွေး ခြေစွမ်းကတော့ပြနေတာပါပဲ။ ဒါဟာ သိပ်ထူးချိန်နဲ့နည်းပြတစ်ယောက်မှန်းသိသာနေတဲ့အချက်ပါ  လို့ ချီးကျူးသွားခဲ့တာပါ။

လီဗာပူးနဲ့ထွက်တဲ့သတင်းတွေကို လုံးဝဂရုမစိုက်တဲ့ ချဲလ်ဆီး

သတင်းတွေမှာ မေဆင်မောင့်ကို လီဗာပူးအသင်းဖက်က စိတ်ဝင်စားမှုတွေရှိလာတယ်ဆိုပေမယ့် ချဲလ်ဆီးအသင်းဟာ ကစားသမားနဲ့ပတ်သတ်ပြီး ယုံကြည်မှုအပြည့်ရှိထားတာကြောင့် လုံးဝမတုန်လှုပ်ဘူးလို့  Mirror  သတင်းစာကဆိုပါတယ်။ ဒီကောလာဟာလအပေါ်အခြေခံပြီး အတော်များများကလည်းဆွေးနွေးမှုတွေပြုလုပ်ကြသလို မောင့်  ကိုလည်း လီဗာပူးရဲ့ကစားပုံမှာ ကွက်တိအံဝင်မှာဖြစ်ကြောင်းသုံးသပ်နေကြတာပါ။ လက်တွေ့မှာတော့ တူချယ်နဲ့ဆက်ဆံရေးကောင်းနေတဲ့အပြင် အသင်းရဲ့ ခြံပေါက်ကစားသမားကိုခေါ်ယူဖို့ဆိုတာလုံးဝဖြစ်နိုင်ခြေမရှိဘူးလို့ အသင်းဖက်ကယုံကြည်ထားတာပါ။

လော့ဖ်တပ်ချိရဲ့ အချိန်ရောက်ပါပြီ

မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့်ပွဲအတွက် ပရိတ်သတ်တွေဟာ ‌လော့ဖ်တပ်ချိကို ထည့်သွင်းကစားနေစေချင်ကြပါတယ်။  ချီးဝဲလ် ၊ ကန်တေ တို့လိုအဓိက တိုက်စစ်ကစားသမားတွေ ထပ်မံဒဏ်ရာ ရသွားချိန်မှာ ခြေစွမ်းမှန်နေတဲ့ သူ့ကို ‌ဂျော်ဂျင်ဟိုနဲ့တူတူကွင်းလယ်မှာပွဲထွက်စေချင်နေကြတာပါ။ ချဲလ်ဆီးဟာ တိုက်စစ်ဒဏ်ရာပြသနာအပြီးမှာ နောက်ထပ်တစ်ကြိမ်စိန်ခေါ်မှုနဲ့တွေ့နေရပြန်တာဖြစ်ပါတယ်။

ဘာကလေအတွက် စျေးသတ်မှတ်

ဇန်နဝါရီမှာတင်ပြောင်းရွှေ့ဖွယ်ရှိတဲ့ ဘာကလေကို အသင်းဖက်က ပေါင် ၁၄ သန်းစျေးသတ်မှတ်လိုက်တယ်လို့    သတင်းများကဖော်ပြလာပါတယ်။ ကစားသမားဖက်ကလည်း အသင်းပြောင်းဖို့အသင့်ရှိနေပြီး ဘန်လေ ၊ လိဒ် နဲ့ နယူးကာဆယ်တို့က စိတ်ဝင်စားနေကြပါတယ်။ ဘာကလေဟာ  ပြီးခဲ့တဲ့ရာသီတုန်းက ဗီလာအသင်းမှာအငှားသွားရောက်ကစားခဲ့ပြီးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ၉၄ ပဲကစားပေးထားပြီး ၁၁ ဂိုးသွင်း ၊ ၁၁ ဂိုးဖန်တီးမှတ်တန်းရှိထားတဲ့ ဘာကလေဟာ ဒီရာသီမှာလည်းသင့်တင့်တဲ့ခြေစွမ်းကိုပြသထားနိုင်ပေမယ့် နေရာတစ်နေရာအတွက်ကတော့ အာမခံချက်မရနိုင်တော့လို့ အခုလိုပြောင်းရွှေ့ရခြင်းဖြစ်ပါတယ်။

ပစ်မှတ်ကစားသမား ကို ပေါက်စျေးထက်အနဲငယ်လျော့ပြီး ကမ်းလှမ်းဖွယ်ရှိ

ဥရောပရဲ့အထွန်းတောက်ဆုံးလူငယ်တွေထဲကတစ်ယောက်ဖြစ်တဲ့ ဖလိုရီရန် ဝစ်ဇ် ကို ခေါ်ယူဖို့ ရီးရဲအသင်းနဲ့အပြိုင်စိတ်ဝင်စားနေတယ်လို့  Balken Talk က ဖော်ပြလာပါတယ်။ အသက် ၁၈ နှစ်အရွယ်ကစားသမားလေးဟာ  လီဗာကူဆင်အသင်းမှာ  ကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားပြီး ကိုင်ဟာဗက်စ် ရဲ့နေရာကို ဆက်လက်တာဝန်ယူထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက စတင်နာမည်ရလာသူဖြစ်ပေပြီး အခုရာသီမှာလည်း ၇ ဂိုးသွင်းယူထားပြီး ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကိုထိမ်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။ ကစားသမားရဲ့ တန်ကြေးကတော့ သန်း ၁၀၀ ခန့်ရှိနေပြီး ချဲလ်ဆီးတို့က ၆၅ သန်းနဲ့ကမ်းလှမ်းဖွယ်ရှိကြောင်းသိရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: