ပြင်းထန်တဲ့ဒဏ်ရာ ရသွားခဲ့တဲ့ အိုစီမန်

စီးရီးအေဇယားထိပ်မှာရပ်တည်နေတဲ့ နာပိုလီအသင်းရဲ့တိုက်စစ်ကစားသမား အိုဆီမန်  တစ်ယောက်ပြင်းထန်တဲ့ဒဏ်ရာရှိခဲ့တာကြောင့် အဂ်ါနေ့ကခွဲစိတ်ကုသမှုယူခဲ့ရပါတယ်။

အင်တာနဲ့ပွဲမှာ ပါးရိုးနဲ့မျက်လုံးထောင့်အရိုးကျိုးသွားခဲ့ပြီး ခွဲစိပ်ကုသရာမှာ သတ္တုပြားနဲ့ဝက်အူများကို အသုံး ပြုခဲ့ရကြောင်း ၊ တစ်ပတ်အတွင်းအဆင် ပြေမပြေကို စောင့်ကြည့်ရမည် ဖြစ်ပြီးအကယ်၍ အဆင်ပြေပါကနောက် ၃ လအထိ ဆက်လက်အနားယူရန်လိုအပ်ကြောင်းကို အသင်းရဲ့ဆရာဝန်တွေက တရားဝင်ထုတ်ပြန်သွားခဲ့ပါတယ်။

အမှားခံလို့မရတဲ့ နာပိုလီအသင်းရဲ့အခြေအနေမှာအိုစီမန် နေရာအစားထိုးဖို့ အခြားတိုက်စစ်မှုးတစ်ယောက်ကို ဇန်နဝါရီမှာ ခေါ်ယူကောင်း ခေါ်ယူရမယ်လို့အသင်းရဲ့နည်းပြကမှတ်ချက်ပေးထားပါတယ်။

ဗစ်တာအိုစီမန် ဟာ ပြင်သစ်ကလပ် လိုင်လီအသင်းနဲ့အတူ တောက်ပခဲ့ပြီးနောက် ၂၀၂၀ မှာ ပြောင်းရွေ့ကြေးယူရိုသန်း ၆၀ ဝန်းကျင်နဲ့ အီတလီကိုပြောင်းရွှေ့လာသူဖြစ်ပါတယ်။ အသက် ၂၂  အရွယ် နိုင်ဂျီးရီးယားလက်ရွေးစင် အိုစီမန် ဟာ နာပိုလီအသင်းတွက် ယခုရာသီ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၉ ဂိုးထိသွင်းယူ ထားနိုင်တဲ့ကစားသမားတ​စ်ယောက်လဲ ဖြစ်ပါတယ်။ ဘောလုံးသမားဘဝမှာတော့ စုစုပေါင်း ၁၅၃ ပွဲကစားပြီး  ၆၇ ဂိုးသွင်းထားနိုင်တဲ့ တိုက်စစ်မှုးကောင်းတစ်ယောက်ဖြစ်ပါတယ်။

နာပိုလီအသင်းဟာစီရီးအေမှာ အင်အားကြီးအသင်းတစ်သင်းဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၁၀ စုနှစ်ကာလအတွင်းမှာတော့ အမြင့်ဆုံးအောင်မြင်မူအဖြစ် အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာမှာ ရပ်တည်ထားနိုင်ခဲ့ခြင်းသာ ရှိခဲ့ပါတယ်။   ပြီးခဲ့တဲ့အပတ်မှာ ချန်ပီယံ အင်တာမီလန်အသင်းနဲ့ ပွဲမှာ နာပိုလီအသင်းက ဦးဆောင်ဂိုးသွင်းထားနိုင်ခဲ့ပေမယ့် တဖက်အသင်းရဲ့ဖိအားတွေကြောင့်ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုခွင့်ပြုပေးခဲ့ရပါတယ်။  ဒါ့အပြင်အသင်းရဲ့ အဓိက တိုက်စစ်မှုးကလဲ ဒဏ်ရာရရှိ သွားခဲ့ပါတယ်။  

လက်ရှိအမှတ်ပေးဇယားမှာ ထိပ်ဆုံးကနေ ဆက်လက်ရပ်တည်ထားနိုင်ပေမယ့် အေစီမီလန် အသင်းနဲ့ အမှတ်တူဂိုးကွာ အနေအထားကနေ ဖိအားပေးခံနေရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: