အရမ်းဝေဖန်နေကြရင် တာဗာရက်စ်ကို ပိုပြီးပျက်စီးစေလိမ့်မယ် – ကင်းဘဲ
အာဆင်နယ်အသင်းကိုအမြဲစောင့်ကြည့်ပြီး ဝေဖန်ထောက်ပြတတ်တဲ့ ကစားသမားဟောင်း ကီဗင်ကင်းဘဲက လီဗာပူးနဲ့ပွဲမှာ အမှားလုပ်ခဲ့တဲ့ တာဗာရက်စ်ကို ကာကွယ်ပြောဆိုသွားပါတယ်။
အရမ်းဝေဖန်နေကြရင် တာဗာရက်စ်ကို ပိုပြီးပျက်စီးစေလိမ့်မယ်ဗျ .. မှန်တယ်ဗျာ သူဒုတိယပိုင်းမှာ ခြေမကောင်းခဲ့ဘူး ဒါပေမယ့် ချုံပြီးကြည့်ရင် သူလုပ်နိုင်တာတွေအများကြီးပဲဗျာ။ ဒုတိယဂိုးပေးပြီးတဲ့နောက်မှာ တော့ သူကောင်းကောင်းမကစားနိုင်ခဲ့တာလဲအမှန်ပါ။
သူရင်ဆိုင်နေရတဲ့သူတွေကိုကြည့်ပါ … မိုဆာလာ ဟာ လက်ရှိကမ္ဘာပေါ်မှာ ထိပ်တန်းခြေစွမ်းပြနေသူပဲ။ တာဗာရက်စ်က ဆာလာကိုရင်ဆိုင်ရှောင်ထွက်ရင်း လူပေးမှားခဲ့တာပဲ။ ဒါမျိုးက နာကျင်စရာပေမယ့် ဘယ်သူမဆိုလဲ မှားနိုင်တာပါပဲ လို့ပြောဆိုပေးသွားတာဖြစ်ပါတယ်။
Just Arsenal ကတော့ တာဗာရက်စ်ဟာ ကစားသမားကောင်းဖြစ်ကြောင်း ၊ ပွဲက သိပ်ပြီး အရှိန်အဝါကြီးလွန်းတာကြောင့်ဖြစ်ကြောင်းသုံးသပ်သွားခဲ့ပါတယ်။
FPL ကစားရင် အူဘာကိုထည့်ဖို့ မမေ့ပါနဲ့
Fantasy Premier League ကစားသူများအကြား အူဘာမီယန်ကို မိမိတို့အသင်းတွေမှာ ထည့်သွင်းထားဖို့ အချင်းချင်း အကြံပြုနေကြပါတယ်။ အာဆင်နယ်အသင်းခေါင်းဆောင်တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့အပတ်က ဂိုးပေါက်ပျောက်ထားတာက တစ်ကြောင်း ၊ အိမ်ကွင်းမှတ်တမ်းနဲ့ နယူးကာဆယ်အသင်းနဲ့ဆုံရင် ခြေစွမ်းပြထားတတ်တာက တစ်ကြောင်းမို့ အခုလိုရေပန်းစားနေတာပါ။
ကစားသူတစ်ယောက်က “ အူဘာက နယူးကာဆယ်နဲ့ဆုံတဲ့ နောက်ဆုံးအိမ်ကွင်း ၂ ပွဲမှာ ၃ ဂိုးသွင်းထားတယ်ဗျာ .. ပြီးတော့ ၂၃ မှတ်ရှာပေးထားနိုင်တယ်။ ဒီအပတ်သူ့ကိုထည့်ထားရမယ်ဗျ “ လို့ ဆိုခဲ့ပါတယ်။ အူဘာဟာ ယခုရာသီမှာ အိမ်ကွင်းသွင်းဂိုး ၄ ဂိုးနဲ့ ၁ကြိမ်ဖန်တီးမှုပြုလုပ်ထားနိုင်ပါတယ်။
အိုဒီဂတ် အာဆင်နယ်မှာ ရေရှည်အောင်မြင်နိုင်ပါ့မလား
အသက် ၁၇ နှစ်အရွယ်လူငယ်ကစားသမားဘဝတုန်းက အဖြစ်အပျက်မျိုး ပြန်ကြုံရမှာကို အိုဒီဂတ်အနေနဲ့စိုးရိမ်ရကြောင်း Mirror ကသုံးသပ်သွားခဲ့ပါတယ်။ အိုဒီဂတ်ဟာ ရီးရဲမက်ဒရစ်အသင်းကို ရောက်ရှိစဥ်ကလည်း ကြယ်စင်စုဝင်အသစ်အဖြစ်ချီးကျူးခံခဲ့ရပေမယ့် နောက်ပိုင်းမှာ အသင်းနဲ့အံမဝင်တော့ပဲ အနာဂတ်ကိုရှေ့မဆက်နိုင်ခဲ့ပါဘူး။ အခုအာဆင်နယ်မှာလည်းရောက်လာခါစတုန်းက ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အာတီတာရဲ့နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းမပြနိုင်လလို ကစားချိန်လဲနဲပါးလာခဲ့တာပါ။
ဂျက် ဟာ အစွမ်းကောင်းနေဆဲပါပဲ။
အာဆင်နယ်စီနီယာအသင်းနဲ့အတူ လာရောက်လေ့ကျင့်ခွင့်ရတဲ့ လူငယ်ကစားသမားလေး ဘရက်ဒလေ အီဘရာဟင်က ဂျက်ဝီးရှိုင်းယားဟာ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ ကလပ်လက်မဲ့ဖြစ်နေတဲ့ ဝီးရှိုင်းယားဟာ အသင်းသစ်ရှာမတွေ့ခင်စပ်ကြားမှာ ကြံ့ခိုင်မှုတည်ဆောက်ဖို့ အာဆင်နယ်မှာ လာရောက်ပူးပေါင်းနေတာဖြစ်ပါတယ်။ ပရိတ်သတ်အချို့ကလည်း စာချုပ်တစ်ရပ်ချုပ်ဆိုပြီး ဂျက်ကိုအသင်းမှာပူးပေါင်းစေချင်နေကြပါတယ်။
ပါတီနို မကြာခင် အသင်းကြီးမှာပါလာနိုင်ပါတယ် – ချားလ်ဝက်စ်
ပါတီနိုဟာ လာမယ့်ရာသီရောက်ရင် အသင်းကြီးလူစာရင်းမှာ ပါဝင်လာဖို့ရှိတယ်လို့ Goal ရဲ့ သတင်းထောက် ချားလ်ဝက်စ်က ဆိုပါတယ်။ အခုအချိန်ထိ စီနီယာအသင်းမှာ မပါဝင်ရသေးပေမယ့် ပါတီနိုရဲ့ခြေစွမ်းကြောင့် နာမည်ရစပြုနေပြီဖြစ်ပါတယ်။ ဝက်စ်က “ ကာရာဘောင်းပွဲတွေမှာ ပါတီနိုဝင်ကစားရင်း ခြေစွမ်းပြသနိုင်မယ်ဆိုရင် အာဆင်နယ်ရဲ့ ကွင်းလယ်လူအခက်အခဲအတွက်ရွေးချယ်စရာတစ်ခုဖြစ်လာနိုင်ပါတယ်။ အစောပိုင်းပွဲတွေမှာ ဒဏ်ရာကြောင့် မပါနိုင်ခဲ့တော့ လာမယ့်ပွဲစဥ်မှာ သူကစားနိုင်ပါတယ်။ “ လို့ အခွင့်အရေးတွေရှိနေတဲ့ ကစားသမားလေးအကြောင်းသုံးသပ်ခဲ့တာပါ။
Leave a Reply