ရိစ်ဂျိမ်းတစ်ယောက် ဘယ်အဆင့်ရောက်နေပြီလဲ

ချဲလ်ဆီးအသင်းက ဂျူဗင်တပ်ကို လေးဂိုးပြတ်နဲ့ အောင်နိုင်ခဲ့တဲ့ချန်ပီယံလိဂ်ညမှာ ချဲလ်ဆီးနဲ့ အင်္ဂလန်ကြယ်ပွင့်ဟာ သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပြန်ပါတယ်။ ရိစ်ဂျိမ်းနဲ့ ချန်ပီယံလိဂ်ဟာ ကြီးမားတဲ့ ဆက်နွယ်မှုတစ်ခုရှိနေတယ်လို ဆိုနိုင်ပါတယ်။၂၀၁၉ ခုနစ်မှာ အေဂျက်နဲ့ တစ်ဖက်လေးဂိုးစီ သရေကျခဲ့တဲ့ အမှတ်ရဖွယ် ပွဲစဉ်မှာ သူက ချဲလ်ဆီးအသင်းအတွက်တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါက သူရဲ့ ကစားသမားဘ၀အစ အမှတ်ရဖွယ်အခိုက်အတန့်တွေထဲက တစ်ခုဆိုမမှားပါဘူး။

ဘိုင်ယန်မြူးနစ်ကို ၇ဂိုး ၁ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ်ကစားသမား အယ်ဖွန်ဆို ဒေးဗီးစ်ကို သူ့အနေနဲ့ ဘယ်လိုမှယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိခဲ့ပဲ ဒါဟာ သူအတွက် ကစားသမားဘ၀  နောက်တစ်ဆင့်တက်ဖို့ လိုအပ်ချက်တွေများစွာရှိနေဆဲဆိုတာ ပေါ်လွင်ခဲ့ပါတယ်။  ၁၂လလောက် ကျော်လွန်ခဲ့ပြီးချိန်မှာတော့ တူချယ်ရဲ့ လမ်းညွှန်မှုတွေအောက်မှာ ရိစ်ဂျိမ်းဟာ ချဲလ်ဆီးအသင်းနဲ့အတူ မန်စီးတီးကို အောင်နိုင်ပြီး ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့သလို ဒီအောင်ပွဲရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

ရိစ်ဂျိမ်းရဲ့ ခံစစ်ကစားပုံဟာ သေသပ်ကောင်းမွန်လှသလို တိုက်စစ်လိုက်ပါ ကစားချိန်မှာလည်း ဂိုးဖန်တီးမှုတွေ၊သွင်းဂိုးတွေရယူပေးတတ်တဲ့အပြင် ခံစစ်အစွန်လူအဖြစ်ကော ကွင်းလယ်တောင်ပံမှာကော ကစားနိုင်တာဟာ သူရဲ့ အားသာချက်တစ်ခုပါပဲ။‌တိုက်စစ်ခံစစ်မျှတအောင်၊အတက်အဆင်း မှန်မှန်၊ တည်တည်ငြိမ်ငြိမ်နဲ့ ညာတောင်ပံမှာ ဆော့ကစားနိုင်တဲ့ကစားသမားဖြစ်တာကြောင့် အင်္ဂလန် ညာနောက်ခံလူအဖြစ် အားနိုးလ်လား ရိစ်ဂျိမ်းလားဆိုပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမတိုင်ခင် အားကစားကျွမ်းကျင်သူ‌တွေ ငြင်းခုန်ခဲ့ရပါသေးတယ်။

ပြီးခဲ့တဲ့ညမှာလည်း ဂျူဗင်တပ်နဲ့ပွဲစဉ်မှာ ပြီးပြည့်စုံတဲ့ခြေစွမ်း၊လှပသေသပ်တဲ့သွင်းဂိုးတစ်ဂိုးနဲ့အတူ ရိစ်ဂျိမ်းဟာ သူ့ရဲ့အရည်အသွေးကို ထပ်မံပြသနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဆိုတာ ကစားသမားကောင်းတွေကျက်စားရာ နေရာဖြစ်ပြီး လက်ရှိ ရိစ်ဂျိမ်းရဲ့ခြေစွမ်းအရတော့ ညာနောက်ခံလူနေရာမှာ သူ့ထက်ပိုကောင်းတဲ့သူကိုပြဖို့ဆိုတာ တကယ်ကိုခက်ခဲပါတယ်။

ပြီးခဲ့တဲ့‌ နွေရာသီက အသင်းကို ပြောင်းရွှေ့ကြေးပေါင်သန်းတစ်ရာနီးပါးနဲ့ပြောင်းရွှေ့လာခဲ့တဲ့တိုက်စစ်မှူး လူကာကူကိုကျော်ဖြတ်ပြီး လက်ရှိချဲလ်ဆီးအသင်းရဲ့ သွင်းဂိုးအများဆုံးကစားသမားအဖြစ်နဲ့  ရိစ်ဂျိမ်းဟာ ရပ်တည်နေပါတယ်။ဂိုးဖန်တီးမှုကလည်းငါးကြိမ်အထိရှိခဲ့ပြီးဒါဟာ နောက်ခံလူတစ်ယောက်အတွက်တော့ အံ့အားသင့်ဖွယ်မှတ်တမ်းပဲဖြစ်ပါတယ်။လက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ်ကမားသမားတွေထဲမှာ သူ့လိုမျိုး အနည်းဆုံး သွင်းဂိုးငါးဂိုးနဲ့ဂိုးဖန်တီးမှုငါးကြိမ်စီ ရှိတာဆိုလို လီဗာပူးလ်တိုက်စစ်ကစားသမား မိုဟာမက်ဆာလက်ပဲ ရှိပါတော့တယ်။

ရိစ်ဂျိမ်းက ကမ္ဘာ့အကောင်းဆုံးညာနောက်ခံလူလားဆိုတဲ့ မေးခွန်းတွေအပေါ်ကိုတော့ ချဲလ်ဆီးမန်နေဂျာ တူချယ်က ခုလိုပဲ တုံပြန်ခဲ့ပါတယ်။

“သူအခုကစားနေတဲ့နေရာမှာ အရမ်းကောင်းအောင်ကစားနေနိုင်ပါတယ်။ကမ္ဘာ့ပေါ်မှာ အကောင်းဆုံးလား ဥရောပအကောင်ဆုံးလား အင်္ဂလန်အကောင်းဆုံးလား ဒီလိုအရာတွေကို ကျွန်‌တော်တို ‌မေးခွန်းထုတ်မနေသင့်ပါဘူး။” 

“သူ ကစားတော့မယ်ဆိုရင် သူ့ရဲ့အကောင်းဆုံးပုံစံကိုပြသဖိုလိုပါတယ်။သူက တာ၀န်ကျေစွာကစားနိုင်တယ်။သူ့ကိုယ်သူလည်းတိုးတက်အောင်လုပ်နေတယ်။အရမ်းလည်းငယ်သေးတယ်။ဒီထက်အများကြီး တိုးတက်လာဖိုရှိသေးတယ်။သူဟာ ချဲလ်ဆီးအသင်းအတွက် အရေးပါပြီး ကြီးကျယ်တဲ့ကစားသမားဖြစ်လာဖို့ ကြီးမားတဲ့အလားအလာတွေရှိနေပါတယ်”

သိပ်မကြာသေးတဲ့ အင်တာဗျူးလ်တစ်ခုမှာတော့ လက်ရှိသူပြသနေတဲ့ခြေစွမ်းတွေနဲ့ ပတ်သက်ပြီး ဂျိမ်းစ်က

“လက်ရှိကျွန်တော်ကစားနေတဲ့ပုံစံဟာ ကစားဖူးသမျှထဲမှာ အကောင်းဆုံးပါပဲ။ရလဒ်တွေနဲ့ စွမ်းဆောင်ရည်တွေကလည်း ဒီနည်းတူပါပဲ”လို့ ဆိုခဲ့ပါတယ်။

တူချယ်နဲ့မတွေ့ဆုံခင်ကတည်းက ရိစ်ဂျိမ်းဟာ လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်ခဲ့ပြီး ကလပ်ရဲ့ အကောင်ဆုံးအကယ်ဒမီကစားသမားဆိုကိုလည်း ရရှိဖူးပါတယ်။ တူချယ်ရဲ့ နည်းဗျူဟာတွေနဲ့ လမ်းညွှန်မှုတွေအောက်မှာ သူဟယ ပိုကောင်းလာတယ်ဆိုတာငြင်းစရာမရှိပါဘူး။  သူဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားလို ပြောလာမယ်ဆိုရင်တော့ ငြင်းဖို ခက်ပါလိမ့်မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: