နံနက်ခင်း ချဲလ်ဆီးမှတ်စု – 25Nov

ဆုတောင်းမပြည့်ခဲ့တဲ့ ချီးဝဲလ်ရဲ့ ဒဏ်ရာ

ဘန်ချီးဝဲလ်တစ်ယောက် ဂျူဗင်တပ်စ်နဲ့ပွဲမှာ ဒူးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပြီးနောက် ကစားသမာဘဝကိုအပြောင်းအလဲဖြစ်သွားစေနိုင်တဲ့   ACL (Anterior Cruciate Ligament- ဒူးအရွတ်စုတ်ပြဲသွားခြင်း)   မဖြစ်ဖို့ဆုတောင်းခဲ့ကြပေမယ့်  ကံမကောင်းစွာပဲ ACL  လို့သိရပါတယ်။ ACL ဖြစ်တာကြောင့် ချီးဝဲလ်ဟာ ကာလရှည်အနားယူရမှာဖြစ်တဲ့အပြင်  ပြန်ကောင်းလာခဲ့ရင်လည်း ပုံမှန်စွမ်းဆောင်ရည်အောက်မှာပဲရှိဖို့ ရာခိုင်နှုန်းအလွန်များတယ်လို့ သိရပါတယ်။ ဘောလုံးသမားကောင်းများစွာဟာ  ACL ကြောင့် ဖြစ်ထွန်းသင့်သလောက်မဖြစ်ထွန်းခဲ့တဲ့သာဓက များစွာရှိထားပြီးဖြစ်ပါတယ်။ အနီးစပ်ဆုံးပြောရရင်  လျှင်မြန်တဲ့ အာဆင်နယ် ခံစစ်သမားဘယ်လာရင်တစ်ယောက်  ACL ကနေပြန်လာအပြီးမှာ စွမ်းဆောင်ရည်တွေသိသိသာသာပြောင်းလဲသွားခဲ့တာပဲဖြစ်ပါတယ်။

ရေရှည်တည်ဆောက်ခဲ့ခြင်းရဲ့  အကျိုးကျေးဇူးများ

၂၀၀၃ ခုနှစ်တုန်းက အသင်းပိုင်ရှင်ဖြစ်လာခဲ့ပြီးနောက်  ကိုးဟမ်းအကယ်ဒမီကို စနစ်တကျတည်ဆောက်ခဲ့ခြင်းရဲ့ အကျိုးရလဒ်တွေကို ယခုအခါခံစားနေရပြီဖြစ်တယ်လို့   Football London ကဖော်ပြသွားပါတယ်။  ဆက်လက်ပြီး  လာမာစီယာထွက်တွေကို ဥပေက္ခာပြုပြီး စျေးကွက်ထဲက ကစားသမားတွေကို ပိုအားပြုခဲ့မိတဲ့ ဘာစီလိုနာရဲ့အဖြစ်မျိုးမဖြစ်အောင် ဆောင်ရွက်နေကြကြောင်းကိုလည်း ထည့်သွင်းရေးသားသွားပါတယ်။ သူတို့ဟာ လိုအပ်ရင် စတားပလေယာတွေကို တန်ဖိုးမြင့်မားစွာပေးပြီးခေါ်ယူမှာဖြစ်ပေမယ့် နေရာစုံကို စျေးကွက်ထဲမှာလိုက်ရှာနေရတာထက် ကိုးဟမ်း ထွက်တွေကို ပိုအားပြုမှာဖြစ်ကြောင်းဆိုထားပါတယ်။ လောလောလတ်လတ် ဂျူဗင်တပ်စ်ကို ဥရောပအဆင့်မှာ အပြတ်နိုင်ထားတဲ့ပွဲမှာ ကိုးဟမ်းထွက်တွေဖြစ်တဲ့ ချာလိုဘာ ၊ ဂျိမ်း ၊  အိုဒွိုင်း ၊  ချိ တို့ကအစွမ်းပြထားကြပါတယ်။

ကျွန်တော်သာဆို ချဲလ်ဆီးမှဦပဲဆက်နေမှာပါ – ဖာဒီနန်

ဖာဒီနန်ကတော့  စာချုပ်သစ်အတွက်ဆွေးနွေးနေရတဲ့ ရူဒီဂါနဲ့ပတ်သတ်ပြီး အခုလို သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

ကျွန်တော်သာရူဒီဂါသာဆို ချဲလ်ဆီးမှာပဲဆက်နေမှာပေါ့ဗျာ .. တကယ်ကို ပရီးမီးယားလိဂ်ရော  ဥရောပပြိုင်ပွဲတွေအတွက် အာမခံချက်ရော အပြည့်ရှိနေတဲ့ အသင်းပဲကို။  တူချယ်ဟာ သူရောက်လာပြီးနောက် အရာအားလုံးကို စနစ်စကျပြောင်းလဲခဲ့တာပါ။ ရောက်လာပြီးမကြာခင်မှာပဲ ချန်ပီယံလိဂ်ရတယ်ဗျာ။ ပြီးခဲ့တဲ့အပတ်က သူတို့ပွဲကိုကြည့်ဖြစ်တယ်။ တကယ့်ကို အင်ပြည့်အားပြည့်အသင်းပဲဗျ   လို့ ချီးကျူးသွားခဲ့တာပါ။  ဆက်လက်ပြီး  ကျွန်တော်မြင်တာတော့ ဘိုင်ယန်မြူးနစ်တစ်သင်းပဲ ချဲလ်ဆီးရဲ့ အထက်မှာရှိနေတယ်လို့ ထင်ပါတယ်  ဆိုပြီးပြောခဲ့ပါတယ်။

သူတို့နဲ့တွေ့တော့ ကျွန်တော်တို့က အလယ်အလတ်အသင်းတစ်သင်းပါပဲ

ဂျူဗင်တပ်စ်ဂိုးသမားဆက်ဇနီက  ချဲလ်ဆီးအသင်းဟာ လက်ရှိဥရောပမှာအကောင်းဆုံးအသင်းဖြစ်နေပြီလို့ ဝန်ခံပြောကြားခဲ့ပါတယ်။  ချဲလ်ဆီးနဲ့ဆုံတွေ့ရတဲ့အခါ ဂျူဗီတို့ဟာ အလယ်အလတ်အသင်းဖြစ်သွားတယ်လို့ဆိုပါတယ်။

ချဲလ်ဆီးကို ဂုဏ်ပြုကိုပြုရမှာဗျာ .. သူတို့ရဲ့လက်ရှိပုံစံဟာ တချိန်ချိန်မှာပျက်ကောင်းပျက်သွားမှာပါ .. ဒါပေမယ့် အခုအချိန်မှာတော့အငြင်းပွားစရာကိုမရှိတာ .. သူတို့ဟာ ပွဲကိုထိမ်းချုပ်သွားခဲ့ပြီး ကျွန်တော်တို့ ဘာမှမလုပ်နိုင်ခဲ့ဘူး။  အခွင့်အရေးတွေဆုံးခဲ့တယ်။  ကျွန်တော်တို့ဟာ အသင်းကောင်းတစ်သင်းကို မျက်ဝါးထင်ထင်ရင်ဆိုင်လိုက်ရတာပါပဲ   လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ဆေးလ်ဗားအသင်းမှာ ဆက်ရှိနေမယ်

အသက် ၃၈ နှစ်အရွယ်ကစားသမားကြီး ဆေးဗားဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အသင့်ဖြစ်နေပြီလို့   ဘရာဇီးသတင်းဌာနတွေကဖော်ပြနေကြပါတယ်။  UOL သတင်းဌာနရဲ့  ခေါင်းကြီးပိုင်းရေးသားသူ ဘရူနို အင်ဒရာဒီက  “ ဆေးဗားလ်လို အသက်အရွယ်တွေကို စာချုပ်လေ့မရှိပေမယ့် တူချယ်ရဲ့ ယုံကြည်မှုကိုအပြည့်အဝရထားတဲ့  သူ့ကိုတော့ ယုံကြည်စွာနဲ့ တစ်နှစ်သက်တမ်းတိုးမှာဖြစ်တယ်လို့ဆိုတာပါ၊၊ ၂၀၂၀ ခုနှစ်မှာ လန်ဒန်ရောက်လာတဲ့ ဆေးလ်ဗား ဟာ ချဲလ်ဆီးအတွက် ၄၈ ပွဲကစားထားပြီး လောလောလတ်လတ် ဂျူဗင်တပ်စ်နဲ့ပွဲမှာလည်း အံ့အားသင့်စရာဖျက်ထုတ်မှုကို ပြုလုပ်ထားနိုင်သူဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: