နောက်ဆုံးရ အာဆင်နယ် သတင်းများ (24Nov-12pm)

စာချုပ်ကုန်ရင် အသင်းဟောင်းကိုပဲပြန်ချင်တဲ့ ရှာခါ

ကွင်းလယ်လူရှာခါဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်တဲ့အခါ သူရဲ့ ကလပ်ဟောင်း မိုချန်ဂလာဘတ်ကို ပြန်သွားလိုတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ဆွစ်ဇာလန်ကစားသမားဟာ ရာသီအစကပဲ ၃ နှစ်သက်တမ်းတိုးထားတာဖြစ်ပြီး စီးရီးအေဖက်ရောက်ဖို့ နီးစပ်ခဲ့သူပါ။  ပရိတ်သတ်တွေနဲ့ ရန်ဖြစ်လိုက် ၊ ပြန်အဆင်ပြေလိုက်ဖြစ်နေတဲ့ ရှာခါဟာ စိတ်ဓါတ်ပြင်းပြသူဖြစ်ပြီး အခုဒဏ်ရာ ရရှိချိန်မှာလည်း အလျင်အမြန်ပြန်လည်သက်သာလာပါတယ်။

ဆာကာရဲ့အရံအဖြစ် ပေပေထက် ဟတ်ချီဆန်ကို ပိုသဘောတွေ့နေကြ

ခြေစွမ်းပြသနေတဲ့ အိုမာရီ ဟတ်ချီဆန်ကို  အာဆင်နယ်ပရိတ်သတ်တွေဟာ ဆာကာရဲ့ခြေရာကိုနင်းမယ့်သူလို့ မျှော်လင့်နေကြသလို ၊ ပေပေနေရာကိုအစားထိုးပြီးအသင်းရဲ့ အရံအင်အားဖြစ်လာဖို့ကိုလဲ ဝိုင်းဝန်းတိုက်တွန်းနေကြပါတယ်။ အသက် ၁၈ နှစ်အရွယ်တောင်ပံကစားသမားလေးဟာ ခြေစွမ်းပြနေသလို ဂိုးတွေလဲသွင်းပေးနေပါတယ်။

မာရီနာနဲ့ နှိုင်းယှဥ်ပြီးထောက်ပြခံရတဲ့ အီဒူး

Football London သတင်းဌာနဟာ ချဲလ်ဆီးရဲ့ မာရီနာ နဲ့ အီဒူးရဲ့ စွမ်းဆောင်ရည်တွေကို နှိုင်းယှဥ်ပြသွားခဲ့ပါတယ်။  အီဒူးဟာ သူ့ရဲ့ အာဆင်နယ်ဒါရိုက်တာ အစောပိုင်းကာလမှာ ပေပေ ကိုလိုတာထက်ပိုတဲ့စျေးနဲ့ခေါ်ရတာ ၊ ဝီလျှံကို များပြားတဲ့လစာနဲ့ခေါ်ရတာ စတဲ့အမှားတွေအပါအဝင်  စုစုပေါင်း ပေါင် ၈၇ သန်းဖိုးအထိ အသုံးမတည့်ခဲ့တဲ့ကစားသမားခေါ်ယူမှုတွေလုပ်‌ဆောင်ခဲ့သူပါ။  မာရီနာကတော့ စာချုပ်သစ်ချုပ်ဆိုခြင်း ၊ ကစားသမားရောင်းချခြင်းတွေမှာ ဥရောပရဲ့ အထူးချွန်ဆုံးလို့ ဆိုနိုင်တဲ့အထိ အောင်မြင်နေခဲ့ပါတယ်။ အီဒူးအနေနဲ့ လာကာဇက်ကိုရောင်းချနိုင်ရေးကြိုးပမ်းမှုမှာလည်း မာရီနာလောက် မစွမ်းတာကိုမြင်သာတယ်လို့  Football London ကဝေဖန်သွားခဲ့ပါတယ်။ တဖက်မှာလည်း အခုရာသီဝယ်ယူမှုတွေဟာ အီဒူးအတွက် ဥရောပစျေးကွက်ကိုနားလည်စပြုလာတဲ့သဘောဆောင်တယ်လို့ ချီးကျူးထားပါတယ်။

စတွိုင်ကာသည်ရောင်းရန်မဟုတ်ပါ

မနေ့တုန်းက သတင်းတွေကျယ်လောင်သွားတဲ့ ရိုးမေးနီးယားတိုက်စစ်မှုးလေး အိုင်ယန်နစ်စ် စတွိုင်ကာ နဲ့ပတ်သတ်ပြီး အာဆင်နယ်ရဲ့ချဥ်းကပ်လာမှုကို အသင်းဖက်ကအတည်ပြုပေးလိုက်ပေမယ့် ရောင်းချသွားဖို့မရှိကြောင်း တစ်ပါတည်း အသိပေးလိုက်ပါတယ်။ လာမယ့်နှစ်တွေအတွင်းမှာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လောလောဆယ်ကာလမှာတော့ ၁၈ နှစ်သားလေးကိုအသင်းမှာပဲထားဦးမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ လတ်တလောမှာအာဆင်နယ်တို့ဟာ နိုအာလန်း ၊ စတာလင် ၊ ဘာရာဒီ စတဲ့တောင်ပံကစားသမားတွေနဲ့နာမည်ထွက်နေပါတယ်။

အသင်းပြောင်းဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီဖြစ်တဲ့ ဗန်ဒီဘိခ်

အသင်းပြောင်းဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီဖြစ်တဲ့ ဗန်ဒီဘိခ် ကိုခေါ်ယူဖို့အာဆင်နယ်ကလည်း စိုင်းပြင်းလာပြီလို့ GIF Football Show ကဖော်ပြသွားပါတယ်။ ပေါင် သန်း ၃၀ လောက်တန်ဖိုးကြေးရှိနေတဲ့ ကွင်းလယ်လူအတွက် စပိန်ဘီလူးကြီး နှစ်သင်းဟာပြိုင်ဆိုင်ဖိူ့အသင့်ရှိနေချိန်မှာ ပြည်တွင်းပြိုင်ဖက်ဖြစ်တဲ့ အာဆင်နယ်ကပါ ကြိုးစားလာတာလို့ဆိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: