အငှားထွက်ရတော့မယ့်အခြေအနေကနေ အသင်းမှာ ကစားခွင့်ရလာခဲ့ပြီးနောက် ခြေစွမ်းပြလာနိုင်တဲ့ ထရီဗာချာလိုဘာ

ထရီဗာချာလိုဘာ ဟာ ချဲလ်ဆီးအသင်းရဲ့ အကယ်ဒမီကနေ ထွန်း​တောက်လာတဲ့လူငယ်ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်အဂ်လန်နိုင်ငံသားဖြစ်တဲ့ ထရီဗာချာလိုဘာ ဟာ ဘောလုံးအားကစားမှာပင်ကိုယ်ပါရမီရှိသူတစ်ဦးလဲ ဖြစ်ပါတယ်။ ဒါပေမယ့်သူ့အနေနဲ့အသင်း ကြီးမှာ ကစားခွင့်တစ်နေရာရဖို့ထက် ကစားခွင့်ပုံမှန်ရနိုင်တဲ့ အသင်းတစ်သင်းမှာ တိုးတက်အောင်လုပ်ဆောင်ဖို့အတွက်အသင်းရဲ့ အစီအစဥ်တွေကို စောဒကမတက်ဘဲ ကြည်ကြည်ဖြူဖြူ လိုက်နာခဲ့တဲ့ လူငယ်ကစားသမားတွေထဲကတယောက်ဖြစ်ပါတယ်။

ဒါကြောင့်လဲ နည်းပြ တူချယ်က ယခုရာသီမှာသူ့အတွက် အငှားထွက်ကစားဖို့အလွန် နီးစပ်ခဲ့တဲ့လိုင်လီအသင်း နဲ့ လစာညိုနိုင်းမူ အဆင်မပြေခဲ့တာကို အခွင့်အရေး ယူပြီး အသင်းမှာပဲဆက်ထားခဲ့တာဖြစ်ပါတယ်။ လူငယ်အသင်းမှာကစားလိုက်၊ လိုအပ်ရင် အသင်းကြီးအတွက် ကစားပေးလိုက်နဲ့ ကန်ခွင့်ရတဲ့အခြေအနေ၊ မိနစ်အပိုင်းအစတွေမှာ ကမ္ဘာ့အဆင့်ခြေစွမ်း တွေပြသထားနိုင်တာကိုတွေ့ရပါတယ်။

နောက်တန်းကစားသမားအဖြစ် သွင်းဂိုးတွေရယူမှုနဲ့ပတ်သက်ပြီး ချာလိုဘာ က ” ဂိုးတွေသွင်းဖို့က အမြဲလိုလိုခက်ခဲပါတယ်။ အထူးသဖြင့်ကျနော်တို့အတွက်ပိုခက်ခဲ ပါတယ်။ သွင်းဂိုးတွေအတွက်အခုချိန်ထိ မယုံနိုင် သေးပါဘူး။ ဒါဟာ ကျွန်တော့် မိသားစုအတွက်ရော၊ ကျွန်တော့် အတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့ အခြေအနေတွေပါ” လို့ပြောထားပါတယ်။

Advertisements

သူဟာ ၂၀၁၆ ခုနှစ်ကစပြီး Chelsea U18 မှ Chelsea Reserves အသင်းသို့ရောက်ရှိပြီး ၊ ထိုမှတဆင့်အသင်းကြီးတွက်တစ်ပွဲမှမကစားပေးခဲ့ရဘဲတခြား အသင်းတွေဆီ အငှားထွက် ကစား ခဲ့ရပါတယ်။ အဲ့ဒီအသင်းတွေကတော့

  • အစ်ဆွစ်ချ်တောင်း အသင်းမှာ (၄၄)ပွဲမှာ (၃၆)ပွဲကစားထားပြီး (၂)ဂိုးသွင်း (၁)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။  ၂၀၁၈-၁၉ ရာသီ
  • ဟက်ဒါစဖီးတောင်းအသင်းမှာ(၃၈)ပွဲမှာ(၃၂) ပွဲကစားထားပြီး သွင်းဂိုး(၁)ဂိုးနဲ့ ဖန်တီးမူ (၁)ကြိမ် သာပြုလုပ်ထားနိုင်ခဲ့ပါတယ်။  ၂၀၁၉-၂၀ ရာသီ
  • လိုရီယန့် အသင်းမှာ ပွဲပေါင်း(၂၅)ပွဲထိကစား ထားပြီး သွင်းဂိုး(၂)ဂိုး ဂိုးဖန်တီးမူ(၂)ကြိမ်ပြုလုပ် ထားနိုင်ခဲ့ပါတယ်။ ၂၀၂၀-၂၁ ရာသီ စတဲ့အသင်းတွေမှာ ခြေစွမ်းပြကစားခဲ့ပါတယ်။ အခုဆိုရင် ချဲလ်ဆီးအသင်းကြီးတွက် (၉)ပွဲပါဝင် ကစားပေးထားပြီး ပရီးမီးယားလိဂ် မှာ(၂)ဂိုး ချန် ပီယံလိဂ်မှာ (၁)ဂိုး စုစုပေါင်း (၃)ဂိုးသွင်းယူထားခဲ့နိုင်ပါတယ်။

ဒီအသင်းရဲ့နည်းပြ တူချယ်က ချာလိုဘာနဲ့ပတ်သတ်ပြီး ပတ်သက်ပြီးအခု လိုမျိုးပြောကြား ထားပါတယ်။

သူဟာဘယ်အခြေအနေမှာမဆို သူ့ကိုယ်သူ ယုံ ကြည်မူရှိတဲ့ကစားသမားဖြစ်ပြီး ထိပ်တန်း အဆင့်ခြေစွမ်းတွေကိုလဲပြသထားနိုင်ပါတယ်။ အခွင့်အရေးတွေကို အပြည့်အဝအသုံးချ ဖို့နားလည်တဲ့ သူတယောက်ပါ။ ဒီလိုကစားသမား မျိုးအတွက် အောင်မြင်မူဆိုတာမဝေးပါဘူး..။ တချို့ကစားသမားတွေကိုကျတော့ဒီမှာအခွင့်ရေး ပေးဖို့အတွက် တခြားအသင်းတွေကို လွှတ်ထား ရပါတယ်။ ဒါပေမယ့်သူ့အတွက်ကတော့ဒီမှာကြိုးစားတာကဘဲ ပိုပြီးအဆင်ပြေပါတယ် လို့ချီးကျူးပြောဆိုထားပါတယ်။

ချဲလ်ဆီးအသင်းဟာ ရူဒီဂါ ၊ ခရစ်စတန်ဆန်တို့ရဲ့ စာချုပ်အနေအထားတွေမသေချာသေးချိန် ၊ ထိပ်တန်းပစ်မှတ် ကွန်ဒေ ကို ခေါ်ယူဖို့ခက်ခဲနေချိန်မှာ ချာလိုဘာရဲ့ ခြေစွမ်းထက်လာမှုဟာ နောက်တန်းအင်အားအတွက် အားတက်စရာဖြစ်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: