အသင်းရဲ့လစာအမြင့်ဆုံးသူဖြစ်လာနိုင်တဲ့ ရူဒီဂါ

သောမတ်စ်တူချယ်က ရူဒီဂါအတွက် ချဲလ်ဆီးအသင်းဟာ ပြီးပြည့်စုံတဲ့အသင်းဖြစ်ပြီး စတန်းဖို့ဘရစ်ခ်ျမှာ ဆက်နေမယ်လို မျှော်လင့်မိကြောင်း ပြောခဲ့ပါတယ်။ ရူဒီဂါရဲ့အသင်းနဲ့ချုပ်ဆိုထားတဲ့ စာချုပ်က ဒီရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်အတွက်တော့ နှစ်ဦးနှစ်ဖက်အခုထိ သဘောတူညီမှုမရသေးပါဘူး။ ကစားသမားရဲ့အဆိုအရတော့ သူနဲ့အသင်းကြားပြသနာမရှိထားပဲ အလုပ်သဘောအရညှိနှိုင်းမှုတွေကြောင့်သာ စာချုပ်သစ်က ကြန့်ကြာနေတယ်လို့ သိရပါတယ်။

Sky Sportsကလာတဲ့သတင်းတွေအရ ချဲလ်ဆီးဟာ ရူဒီဂါကို အသင်းမှာဆက်ထိန်းဖို့ အသင်းရဲ့လစာအမြင့်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာအောင်အထိ ကမ်းလှမ်းဖို့ရှိနေပါတယ်လိုဆိုပါတယ်။

ရူဒီဂါကို ဥရောပထိပ်တန်းကလပ် ခြောက်‌သင်းလောက်က စိတ်၀င်စားနေကြတာလဲဖြစ်ပြီး ရူဒီဂါနဲ့ ချဲလ်ဆီးရဲ့စာချုပ်အခြေအနေကို စောင့်ကြည့်နေကြပါတယ်။ ချဲလ်ဆီးအတွက်တော့ ရူဒီဂါသတင်းတွေဟာ မရိုးနိုင်တဲ့နေ့စဥ်ခေါင်းစဥ်ဖြစ်နေသလို အသင်းဘုတ်အဖွဲ့ဝင်တွေအတွက်လဲ သူ့ကိုဆက်ထိမ်းရေးဟာ အရေးကြီးကိစ္စဖြစ်နေပါတယ်။

ဒီလို စာချုပ်သစ်အတွက်ဆွေးနွေးမှုတွေဟာ ကြန့်ကြာနေပေမယ့် ကစားသမားကတော့ သူရဲ့ခြေစွမ်းကို အထိခိုက်မခံခဲ့ပဲ  လက်စတာနဲ့ပွဲမှာ ခြေစွမ်းပြပြီး အဖွင့်ဂိုးပါ သွင်းယူပေးခဲ့ပါတယ်။ ”စာချုပ်ကိစ္စဟာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ‌၊အရည်အချင်း၊အပြုအမူဘာကိုမှ မထိခိုက်စေခဲ့ဘူး” လို့ တူချယ်က ရူဒီဂါရဲ့ ‌ပရော်ဖက်ရှင်နယ် ပီသမှုကို ချီးကျူးခဲ့ပါတယ်။

“သူဟာ ကြီးကျယ်တဲ့ယှဉ်ပြိုင်သူတစ်ယောက်ဖြစ်ပြီး နေရာမှန်မှာလည်း ရှိနေပါတယ်။သူဟာ ကမ္ဘာပေါ်က ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလိဂ်ကိုရောက်နေတာဖြစ်ပြီး အသင်းအတွက် သူဟာ တကယ်ကိုအရေးကြီးတဲ့သူပါ။ စတန်းဖိုဒ့်ဘရစ်ချ်ဟာသူနဲ့လည်း လုံး၀လိုက်ဖက်တာကြောင့် ကျွန်တော့် စိတ်ရှည်ရှည်နဲ့ ပျော်စရာအဆုံးသတ်လေးကိုမျှော်လင့်ကြတာပေါ့” လို့ဆိုခဲ့ပါတယ်။

၂၀၁၇-၁၈ ဘောလုံးရာသီမှာ ရိုးမားကနေ  ချဲလ်ဆီးရောက်လာပြီးတဲ့နောက် ၁၆၆ ပွဲကစားပြီး ၉ ဂိုးသွင်းယူထားနိုင်တဲ့ရူဒီဂါဟာ သူ့ရဲ့ဘောလုံးသမားဘဝတစ်ဝက်လောက်ကို ချဲလ်ဆီးနဲ့တူတူဖြတ်သန်းခဲ့ပြီးဖြစ်ပါတယ်။ စွမ်းဆောင်ရည်အရလဲ လန်ဒန်ဟာ သူ့အတွက်အဆင်ပြေတဲ့မြေလို့ပြောနိုင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: