ပေါ်တင်လူချတဲ့ နတ်ဘုရားကြီး

နိုဝင်ဘာ ၁၅  ရက် ၊ တနလ်ာနေ့ ၂:၁၅ မိနစ်မှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ် ပွဲစဥ်တွေထဲက တစ်ပွဲဖြစ်တဲ့ စပိန်အသင်းနဲ့ ဆွီဒင် အသင်းတို့ပွဲစဥ်မှာ စပိန်အသင်းက (၁)ဂိုး ဂိုးမရှိ နဲ့ ဆွီဒင် အသင်းကိုအ နိုင်ရရှိခဲ့ပါတယ်။

ပွဲချိန်အတွင်းမှာနှစ်ဖက်အသင်းမှကစားသမားများကြား အချင်းများစရာကိစ္စတခုဖြစ်သွားခဲ့ပါတယ်။ ဒါကတော့ ဆွီဒင်အသင်းရဲ့ အသက်(၄၀)အရွယ်ဝါရင့်တိုက်စစ်မူးကြီး Zlatan ကစပိန်အသင်းရဲ့ညာနောက်ခံလူ ချဲလ်ဆီးအသင်း ခေါင်းဆောင် Cesar Azpilicueta ကိုနောက်ကနေ တွန်းလိုက် တာပါဘဲ။ ဒါကရိုက်ကွင်းမှတ်တမ်းမှာ လဲရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပြီးဒိုင်ကလဲမြင် တွေ့ခဲ့ပေမယ့် လက်နဲ့မဟုတ်ဘဲ ပခုံးနဲ့တွန်းလိုက် တာကြောင့်ဒိုင်က Zlatan ကိုအဝါကဒ်ပဲ ပြသခဲ့ ပါတယ်။ ဒါကအနီးကပ်မြင်လိုက်တဲ့စပိန်အသင်း ဖော်များက သိပ်သဘောမတွေ့ဖြစ်နေကြတာကို ရုပ်သံမှတဆင့်တွေ့မြင်ခဲ့ရပါတယ်။

Zlatan ဆိုတဲ့ကစားသမားအတွက် ဒီလိုလုပ်ရပ်ဟာ အဆန်းတော့မဟုတ်ပေမယ့် အခုကပေါ်တင်​ကြီး ဖြစ်ခဲ့ပါတယ်။ ယင်းအဖြစ်အပျက်နဲ့ပတ်သက်ပြီး Zlatan အားအသင်းရဲ့တာဝန်ရှိသူတွေ မှမေးမြန်းခဲ့ရာမှ အခုလိုမျိုးမာမာ ထန်ထန်ပြန်ဖြေကြားသွားခဲ့ပါတယ်။

ဟုတ်တယ်သူ့ကို တွန်းခဲ့တယ်။ ဒါဟာတမင်လုပ်ခဲ့တယ်ဆိုတာကိုတော့ ပြောနေ စရာမလိုတော့ဘူးပေါ့။ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တယ်လို့ပြောဖို့ငါ့အတွက်ဘာမှခက်ခဲမနေဘူး။ ငါရဲ့ ကစားသမား တွေကို သူကောင်းကောင်း မဆက်ဆံလို့ အခုလိုမျိုးလုပ်လိုက်တာပါ။ ဒီကိစ္စဟာ ရုးသွပ်တဲ့လုပ်ရပ်ဆို တာ မှန်တယ်။ သူ့ကိုအစကတည်းကပြောခဲ့တယ် မင်းငါ့ကိုလာတွန်းမနေနဲ့ ဘောလုံးက ငါတို့ဆီမှာ မရှိ သေးဘူး။ ငါလုပ်ရင်ဘာဖြစ်သွားမယ်ဆိုတာ နားလည်တယ်မလား လို့သူ့ကိုပြောခဲ့သေးတယ်။ ဒါကြောင့် ယောကျ်ားချင်းနားလည်အောင်လုပ်လိုက်တဲ့သဘောပါဘဲ “

ဆက်လက်ပြီး သူက လိုအပ်ရင် ဒီလိုလုပ်ရပ်ထပ်လုပ်မှာဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ငါထပ်လုပ်ဖြစ်မယ်ထင်တယ်.အသင်းကငါရဲ့ချာ တိတ်တွေကိုထိရင်ပေါ့အခုဆိုရင်သူ ကောင်း ကောင်း သဘောပေါက် လောက်မှာပါ..  ဆိုပြီးပြောဆိုခဲ့ပါတယ်။

စပိန်အသင်းကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲကိုအောင်မြင်ခဲ့ပြီဖြစ်ပြီး ဆွီဒင်အသင်းကတော့ Play Off ကစားပြီး အနိုင်ရရှိအောင်စွမ်းဆောင် ထားမှသာလျှင် ဝင်ခွင့်ရမှာဖြစ်ပါတယ်။ ကလပ် ကစားသမားဘဝတစ်လျှောက်  ၈၄၄  ပွဲကစားထားပြီး ၊ ၅၀၇ ဂိုးသွင်းပေးထားတဲ့ တိုက်စစ်မှုးကြီးဟာ  လက်ရွေးစင်အသင်းအတွက်တော့ ၁၂၀ ပွဲကစားပေးပြီး ၆၂ ဂိုးသွင်းယူပေးထားနိုင်ပါတယ်။ အသက် ၄၀ အထိ ဥရောပမှာ မင်းမူနေဆဲတိုက်စစ်မှုးကြီးကို ကမ္ဘာ့ဖလားမှာမြင်ရဖို့အတွက်ကတော့  ဆွီဒင်တို့အနေနဲ့  Play Off  ခြေစစ်ပွဲကို အောင်ဖို့လိုနေပြီဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: