နောက်ဆုံးရ အာဆင်နယ် သတင်းများ (23Nov-9:30Am)

ဆန်းချက်အသင်းပြောင်းရန် အသင့်အနေအထားမှာရှိ

အခုတလော အပြောင်းအရွေ့သတင်းတွေခပ်စိပ်စိပ်ထွက်နေတဲ့ ရီနာတိုဆန်းချက်က အသင်းပြောင်းဖြစ်ဖို့သေချာသလောက်ရှိနေပြီဆိုတာအတည်ပြုပေးခဲ့ပါတယ်။

ကျွန်တော့်ကိုစိတ်ဝင်စားတဲ့အသင်းတွေရှိနေနိုင်ပါတယ်။ အေစီ တို့ အာဆင်နယ်တို့ပေါ့ဗျာ .. ကျွန်တော်သေချာတော့မသိပါဘူး။ အေစီမီလန်ဟာကြီးကျယ်ခန်းနားတဲ့အသင်းကြီးတစ်သင်းပါပဲ။ ကျွန်တော်သဘောကျပါတယ်။ အသေးစိတ်ကို အေးဂျင့်နဲ့ပြောပြီးတဲ့အခါ သတင်းထွက်နေတဲ့ဘယ်အသင်းက စိတ်ဝင်စားနေပြီး ဘယ်အသင်းကတော့ သတင်းသက်သက်ဆိုတာ သိထားပေမယ့် အခုတော့ပြောလို့အဆင်မပြေသေးပါဘူး။  အကောင်းဆုံးအသင်းတစ်သင်းကိုရွေးချယ်ပြီး စိန်ခေါ်မှုတွေကိုရင်ဆိုင်သွားဖို့အတွက်ကတော့အသင့်ဖြစ်နေပါပြီ  လို့   ဆန်းချက်က  L Equipe နဲ့တွေ့ဆုံစဥ်မှာအတည်ပြုသွားခဲ့ပါတယ်။ ဆိုလိုတဲ့သဘောကတော့ ကနဦးမေးမြန်းမှုတွေတော့ရှိနေပြီဆိုတဲ့သဘောပါပဲ။

အာဆင်နယ် ရနိုင်တဲ့ ကစားသမားရောင်းရငွေကိုတွက်ပေးခဲ့တဲ့ Four Four Two မဂ္ဂဇင်း

ကစားသမားရောင်းချရေးမှာ အမြဲလိုလိုအဆင်မပြေတဲ့ အာဆင်နယ်အသင်းအတွက် ပေပေနဲ့ တော်ရဲယားတို့ နှစ်ဦးပေါင်းကနေတော့ သန်း ၄၀ လောက်ပြန်ရနိုင်တယ်လို့   Four Four Two မဂ္ဂဇင်းက သုံးသပ်သွားခဲ့ပါတယ်။ သူတို့ရဲ့ဖော်ပြချက်အရ ပေပေကို ၂၅သန်းနဲ့ တော်ရဲယားကို ၁၅ သန်းအဖြစ်လျာထားခဲ့တာပါ။ ကျန်ခဲ့တဲ့နှစ်တွေထဲမှာ အတိုင်းအတာတစ်ခုထိငွေပြန်ရခဲ့တာဆိုလို့ ချိန်ဘာလိန်နဲ့အီဝိုဘီတို့သာရှိပြီး နှစ်ယောက်ပေါင်း သန်း ၇၀ ခန့်ပြန်ဝင်ခဲ့တာဖြစ်ပါတယ်။ အခြားသောအပြောင်းအရွှေ့တွေဖြစ်တဲ့ အိုဇေး ၊ ဆန်းချက် ၊ ကာဇိုလာ ၊ ရမ်ဆေး ၊ ဝဲဘတ် ၊ မူစတာဖီတို့နဲ့ပတ်သတ်လို့ကတော့ တစ်ပြားတစ်ချပ်မှကိုပြန်မရှာနိုင်ခဲ့တာဖြစ်ပါတယ်။

တာဗာရက်စ်ကို ကာကွယ်ပေးခဲ့တဲ့ အာတီတာ

လီဗာပူးနဲ့ပွဲမှာ  ပွဲရဲ့အလှည့်အပြောင်းကိုဖြစ်စေခဲ့တဲ့ ဒုတိယပေးဂိုးအတွက် အဓိကတာဝန်ရှိခဲ့သူ တာဗာရက်စ်နဲ့ပတ်သတ်ပြီး အာတီတာက   အမှားတွေဆိုတာဘောလုံးမှာဖြစ်နေကျပါပဲ။ ကလေးတွေဖြစ်စေ လူကြီးတွေဖြစ်စေပေါ့ဗျာ။ အမှားတွေမလုပ်ချင်ဘူး ..အမှားတွေကိုမကြိုက်ဘူးဆိုရင်တော့ ဘောလုံးအစားတခြားဟာတစ်ခုခုကစားဖို့ပဲပြောချင်ပါတယ်။  သူ့အမှားကြောင့် အသင်းကပေးဆပ်လိုက်ရတာတွေရှိပါတယ် .. ဒါပေမယ့် ကျွန်တော်တို့အားလုံးတူတူရှေ့ဆက်သွားကြမှာပါ  လို့   ပြောသွားခဲ့ပြီး အပြစ်တင်ဖို့ ငြင်းဆန်သွားခဲ့တာဖြစ်ပါတယ်။

မယ်လိုနဲ့လဲ သတင်းရှိနေပြန်တဲ့အာဆင်နယ်

ဂျူဗင်တပ်စ်အသင်းကထွက်ခွာဖွယ်ရှိတဲ့ ကွင်းလယ်လူအာသာမယ်လိုကိုလည်း အာဆင်နယ်အသင်းက  နယူးကာဆယ် ၊ လိဒ်အသင်းတို့နဲ့အပြိုင်စိတ်ဝင်စားနေပါတယ်။ အသက် ၂၅ နှစ်အရွယ် ဘရာဇီးသားဟာ ဘာကာနဲ့အတူ တောက်ပခဲ့ပေမယ့် အီတလီမှာတော့မအောင်မြင်ခဲ့ပါဘူး။ ဂျူဗင်တပ်စ်တို့အတွက် ၃၈ ပွဲကစားပြီး ၁ ဂိုးသွင်းပေးထားတဲ့ကစားသမားအတွက် အသင်းဖက်က ပေါင် ၃၅ သန်းခန့်အလိုရှိနေတယ်လို့   အီတလီဖက်ကသတင်းတွေကဖော်ပြထားပါတယ်။

ဟတ်ချီဆန်ရဲ့ခြေစွမ်းများ

EPL 2 ပွဲစဥ်အဖြစ် ဘလက်ဘန်းရိုဗာအသင်းကိုအနိုင်ရတဲ့ပွဲစဥ်မှာ အိုမာရီဟတ်ချီဆန်ရဲ့ ပြသခဲ့တဲ့ခြေစွမ်းတွေကို  ပရိတ်သတ်တွေကအထူးကျေနပ်နေကြပါတယ်။  အပြန်အလှန် ၅ဂိုးသွင်းပြီး အဆုံးမှာ အာဆင်နယ် လူငယ်တွေအောင်ပွဲခံခဲ့ကြတဲ့ပွဲမှာ ဟတ်ချီဆန်ဟာ ဂိုးသွင်းယူနိုင်ခဲ့ပြီး နောက်ဆုံးပါဝင်ကစားတဲ့ ၂  ပွဲမှာလဲ  ၂ ဂိုးသွင်းယူထားနိုင်ပါတယ်။ ပရိတ်သတ်တွေဟာ အာတီတာရဲ့ စီနီယာအသင်းမှာ မကြာခင်ပါဝင်လာဖို့မျှော်လင့်နေကြပါတယ်။

အနီကတ်ထိတဲ့ဘယ်လာရင်

ရီးရဲဘက်တစ်အသင်းမှာအငှားသွားကစားနေတဲ့ ဘယ်လာရင်ဟာ အယ်ချီကို ၃-၀ နဲ့နိုင်တဲ့ပွဲမှာ ကစားသမားဘဝရဲ့ ပထမဆုံးအနီကတ်ကိုရရှိခဲ့ပါတယ်။ တဖက်အသင်းရဲ့ ဂိုးရနိုင်တဲ့အခွင့်အရေးကို တားဆီးရင်း အနီကတ်ထိခဲ့တာလို့ဆိုပါတယ်။  အခြားအငှားချကစားသမားတွေထဲကတစ်ယောက်ဖြစ်တဲ့ နယ်ဆင်ကတော့ ဖိယင်နုအတွက် ၆၇ မှာလူစားဝင်ကစားပေးခဲ့ပါတယ်။ ဒန်နီယယ်ဘဲလတ်နဲ့ မာဗရိုပါနို့စ် တို့ကတော့ ကိုယ်စီကစားနေကြတဲ့အသင်းတွေဆီမှာ ပွဲစ ဆုံးဝင်ကစားခဲ့ကြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: