လက်ရှိအနေအထားအပေါ် တူချယ်ရဲ့အမြင်

ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုလမ်းကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရတာကို စိတ်လှုပ်ရှားမိသလို ဆက်လက်ပြီးလည်း ဒီချန်ပီယံ‌ပြေးလမ်းကြောင်း‌ရဲ့အစိတ်အပိုင်း တစ်ခုဖြစ်ချင်ပါတယ်။။ပရီးမီးယားလိဂ်မှာ ပါ၀င်ယှဉ်ပြိုင်ရတာဟာ လူတိုင်းအတွက် ရင်ခုန်စရာကောင်းသလို ဂုဏ်ယူစရာလည်းကောင်းပါတယ်လို့ ထင်ပါတယ်။

စနေ တနင်္ဂနွေ Weekends‌ တွေတိုင်းမှာ ဘာမဆိုဖြစ်သွားနိုင်သလို အသင်းကြီးတွေကို စိန်ခေါ်နိုင်မယ့် အသင်းတွေဟာလည်း အခြားလိဂ်တွေမှာလိုမဟုတ်ပဲ ပရီးမီးယားလိဂ်မှာ အများကြီးရှိပါတယ်  ”  လို့ တူချယ်က‌ ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်ပြေးလမ်းကြောင်းပေါ်မှာ ဦးဆောင်နေတာနဲ့ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကိုပြောခဲ့ပါတယ်။

ချန်ပီယံဆုကို စိန်ခေါ်နိုင်တာ သုံးသင်း(ချဲလ်ဆီး၊လီဗာပူးလ်၊မန်စီးတီး) ပဲရှိတယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ကျွန်တော်တို့နောက်မှာ ခြေစွမ်းတည်ငြိမ်မှုတွေ၊တိုက်ပွဲစိတ်ဓာတ်‌တွေနဲ့ အရည်အချင်းကောင်းတွေပြသထားနိုင်တဲ့အသင်းတွေရှိပါသေးတယ်။အင်္ဂလန်မှာ ယှဉ်ပြိုင်ရတာဟာ ဂုဏ်ယူဖို့ကောင်းသလို ပြိုင်ပွဲရဲ့အလယ်မှာရောက်နေတာကလည်း တကယ်ကိုခံစားလိုကောင်းပါတယ်။”

ချန်ပီယံဆုနဲ့ပတ်သက်ပြီး‌လည်း “အနာဂတ်ကိုခန့်မှန်းရတာက‌တော့ ခက်ပါတယ်။ဒါကြောင့် ကျွန်တော့်ကတော့ လက်ရှိကစားမယ့်ပွဲကိုပဲ အာရုံစိုက်ထားတယ်”လို့ တူချယ်ကဆိုပါတယ်။

တူချယ်ဟာ ပြီးခဲ့တဲ့နှစ်တွေက မန်စီးတီးနဲ့လီဗာပူးလ်အသင်းတို့လိုမျိုး ပြိုင်ဘက်ဘယ်အသင်းကိုမဆို ချေမှုန်းနိုင်တဲ့ အစုအဖွဲ့တစ်ခုဖြစ်အောင် ချဲလ်ဆီးအသင်းကို တည်ဆောက်သွားဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ”ကျွန်တော်တို့အသင်းကို ဘယ်သူမှရင်မဆိုင်ရဲတဲ့ အသင်းတစ်ခုအဖြစ်တည်ဆောက်ချင်ပါတယ်။ပြီးခဲ့တဲ့နှစ်တွေမှာ မန်စီးတီးနဲ့ လီဗာပူးလ်တို့ လုပ်ပြခဲ့သလိုမျိုးပေါ့”လို့ သူကပြောပါတယ်။

“ခက်ခဲတဲ့အချိန်တွေမှာမရပ်တန့်လိုက်ပဲ ဆက်သွားနေဖို့ပဲလိုပါတယ်။ဒါက နောက်ထပ်ခြေလှမ်းတစ်ခုပါပဲ။ ‌မရပ်လိုက်ပဲ နောက်ထပ်တစ်လှမ်းတိုးရပါမယ်။ခက်ခဲတဲ့ပွဲစဉ်တွေနဲ့ကြုံရတဲ့အခါ စုစုစည်းစည်းနဲ့ ကျော်ဖြတ်ဖို့ကြိုးစားရပါမယ်။ “

တူချယ်ရဲ့ ချဲလ်ဆီးအသင်းဟာ ပြိုင်ပွဲစုံ ၃ရပ်စလုံးမှာ အခြေအနေကောင်းနေပြီး ခြေစွမ်းကောင်းတွေဆက်တိုက်ပြသထားနိုင်တာမို့  ဒီနှစ်ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာနိုင်မလားဆိုတဲ့ မေးခွန်းအပေါ် ပရိသတ်တွေရဲ့ စိတ်၀င်စားမှုတွေမြင့်တက်လာခဲ့ပါတယ်။

တိုက်စစ်မှုးမရှိချိန်မှာ  Alternative ကစားကွက်ကို ဖန်တီးနိုင်ခြင်း ၊ အရံကစားသမားတွေဟာလည်း ကိုယ်စီအရည်အချင်ရှိနေကြခြင်း ၊ Administration ပိုင်းရဲ့ ကျွမ်းကျင်မှုတွေကလည်း ချဲလ်ဆီးကိုဒီအဆင့်ရောက်ရှိနေစေတယ်လို့ ဆိုရပါမယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: