Golden Boy ဆုရှင် ပက်ဒရီ .. ဘယ်လောက်အထိခရီးရောက်နိုင်မလဲ

လွန်ခဲ့တဲ့တစ်နှစ်ကျော်ကတည်းက ပက်ဒရီရဲ့နာမည်ဟာ ရွှေရောင်စာလုံးနဲ့ထွင်းထားသလို နိုင်ငံနဲ့ကလပ်အသင်းမှာ စတင်တောက်ပလာခဲ့ပါတယ်။အသက် ၁၈နှစ်သာ ရှိသေးတဲ့ ဘာစီလိုနာ ကွင်းလယ်ကစားသမားဟာ ဘာစီလိုနာအသင်းကြီးမှာ မနှစ်ကမှ စတင်ပါ၀င်လာခဲ့ပြီး ဒီနှစ်မှာတော့လျင်လျင်မြန်မြန်ပဲ Golden Boy ဆုရှင်ဖြစ်လာခဲ့ပါတယ်။

ပက်ဒရီဟာ မေလမှာ ဘာစီလိုနာအသင်းနဲ့ ပွဲ၅၀ပြည့်မြောက်ခဲ့ပြီး အခုဆို ၅၆ပွဲအထိ ကစားထားခဲ့ပြီးပါပြီ။စပိန်အသင်းမှာလည်း ၁၀ကြိမ် အရွေးခံခဲ့ရပြီး ယူရို၂၀၂၀ပြိုင်ပွဲ၀င် လူး၀စ်အန်းနရစ်ခ်ျရဲ့ စပိန်လက်ရွေးစင်လူစာရင်းမှာလည်းပါ၀င်ခဲ့ပါတယ်။အိုလံပစ်မှာလည်း နိုင်ငံကိုယ်စားပြုအနေနဲ့ ပါ၀င်ခဲ့ပြီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ကာ ဖိုင်နယ်မှာတော့ ဘရာဇီးအသင်းကို အရေးနိမ့်ခဲ့ရပါတယ်။

အသက်အရွယ်နဲ့မလိုက်အောင်ပွဲဆက်တွေများခဲ့လို့  ပြီးခဲ့တဲ့ရာသီတုန်းက သူ့ကိုဆက်မရွေးချယ်ကြဖို့ ဝိုင်းပြောခံရတဲ့အထိကို နည်းပြတွေရဲ့မျက်လုံးထဲရောက်ခဲ့သူဖြစ်ပါတယ်။

အီတလီရဲ့ Tutto Sport က ပက်ဒရီကို Golden Boyအဖြစ် သတ်မှတ်ခဲ့ပြီး Tutto Sportရဲ့ ဒါရိုက်တာဇေဗီယားဂျက်ကော့ဘယ်လီက “ကျွန်တော်တိုရဲ့၁၉ကြိမ်မြောက် အသက်၂၁နှစ်အောက် ဥရောပထိပ်တန်းလိဂ်တွေထဲက အကောင်းဆုံးလူငယ်ဆု Golden Boyအဖြစ် ဘာစီလိုနာနဲ့စပိန်အသင်းတိုရဲ့ကွင်းလယ်ကစားသမား ပက်ဒရီကို ဂုဏ်ယူစွာနဲ့ ကြေညာလိုက်ရပါတယ်”လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီဆုကို နာမည်ကျော်ဥရောပ အားကစားဂျာနယ်တွေရဲ့ဂျာနယ်လစ်အယောက်၄၀ က vote ပေးရွေးချယ်ခဲ့တာဖြစ်ပြီး ဂျာနယ်လစ်၂၄ယောက်က သူ့ကို ပထမဦးစားပေးအဖြစ်ရွေးချယ်ခဲ့ပြီး ကျန်တဲ့ဂျာနယ်လစ်‌များထဲမှ ၉ယောက်က ဒုတိယနေရာ၊၃ယောက်က တတိယနေရာမှာ ပက်ဒရီကို vote ပေးခဲ့ပါတယ်။

ပက်ဒရီဟာ ဒုတိယ‌နေရာ ကို ၁၉၉မှတ်အသာနဲ့ အပြတ်အသတ် ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး ဒါက သမိုင်းတစ်လျှောက်မှာ ပထမဆုရှင်နဲ့runner up အကြား အကြီးမားဆုံးကွာဟချက်ဖြစ်ပါတယ်။

“ဒီဆုကိုရခဲ့တဲ့အတွက် ဂုဏ်ယူမိသလို ချီးမြှင့်ပေးခဲ့တဲ့ Tutto Sportကိုလည်း ကျေးဇူးတင်ပါတယ်။မဲပေးရွေးချယ်ခဲ့တဲ့ဒိုင်လူကြီးတွေနဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။”

“ပြီးတော့ ဘာစီလိုနာအသင်း၊စပိန်လက်ရွေးစင်အသင်း၊ကျွန်တော့်သူငယ်ချင်းတွေ၊မိသားစု၀င်တွေနဲ့  ဒီကာလတွေမှာကျွန်တော်နဲ့ အနီးကပ်ရှိခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။သူတိုမပါ၀င်ပဲ ဒီဆုကို ကျွန်တော်မရနိုင်ခဲ့ပါဘူး”လို ပက်ဒရီကပြောခဲ့ပါတယ်။

ကလပ်အသင်းကစားသမားဘဝတစ်လျှောက် ပွဲပေါင်း  ကစားခဲ့ပြီး  ၈ ဂိုးသွင်းယူထားနိုင်သူဖြစ်ပါတယ်။၊  နိုင်ငံအသင်းအတွက်လဲ ဒီနှစ်ထဲမှာစတင်ကစားခဲ့ပြီး ၁၀ ပွဲပြည့်မြောက်ခဲ့ပါပြီ။

ဘောလုံးလောကရဲ့မှတ်တမ်းတွေအရတော့  Golden Boy ဆုရတဲ့လူငယ်တိုင်းဆက်လက်ထွန်းတောက်နိုင်တာမျိုးတော့မဟုတ်ပါဘူး။  မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း အန်ဒါဆင် ၊ အေစီမီလန်ရဲ့ ပါတို တို့ဆိုရင်  ၂၀၀၈ နဲ့ ၂၀၀၉  ခုနှစ်တွေမှာ  ဒီဆုကိုရရှိခဲ့ပေမယ့်‌နောက်ပိုင်းမှာဆက်လက်တောက်ပနိုင်ခြင်းမရှိခဲ့တာ အမှတ်ရကြမှာပါ။ ပက်ဒရီကတော့ နည်းပြဇာဗီရဲ့ သင်ကြားခြင်းနဲ့အတူ ၊ ဘာစီလိုနာရဲ့ လူငယ်အသုံးပြုရေး ပေါ်လစီကြောင့် ဆက်လက်တိုးလက်လာဦးမယ်လို့ ယူဆရပါတယ်။

The Athletic မှ  Dermot Corrigan  ရဲ့ဆောင်းပါးကို ဆီလျှော်အောင်ပြန်လည်တင်ပြထားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: