နောက်ဆုံးရ အာဆင်နယ် သတင်းများ (22Nov-10am)

လူငယ်တွေကို လက်လွတ်မခံလိုတော့တဲ့အာဆင်နယ်

ခြေစွမ်းတိုးတက်လာမှုကြောင့် အသက် ၂၂ နှစ်အရွယ်နောက်ခံလူ ဒန်နီယယ်ဘဲလတ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့  Football London  ကဖော်ပြလာပါတယ်။ အာတီတာရဲ့လတ်တလောအစီအစဥ်တွေမှာ ပါဝင်နိုင်ဖွယ်မရှိသေးပေမယ့်ခြေစွမ်းရှိတဲ့ကစားသမားတစ်ယောက်ကိုအလွတ်နဲ့ထွက်ခွာခွင့်ပေးရခြင်းကနေရှောင်ရှားနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဘဲလတ်ဟာ အခုရာသီကို မီဝေါအသင်းနဲ့အတူဖြတ်သန်း နေပါတယ်။

ပေပေကိုအငှားနဲ့ခေါ်ချင်တဲ့ အေစီ

အေစီမီလန်အသင်းဟာ အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်တစ်ရပ်နဲ့ ပေပေကို ဇန်နဝါရီမှာတင်ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ Calcio Mercato ရဲ့ဖော်ပြချက်အရ အေစီမီလန်နည်းပြပီအိုလီအနေနဲ့ တောင်ပံတိုက်စစ်ကစားသမားတစ်ယောက်ကိုအလိုရှိနေတာဖြစ်ပြီး ပေပေဟာသူ့ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ကစားသမားဖြစ်တယ်လို့ဆိုပါတယ်။  ပေပေကို အဲဗာတန် ၊ နယူးကာဆယ်နဲ့ ခရစ္စတယ်ပဲလေ့်စ်တို့ကလဲအလိုရှိနေတယ်လို့သိရပါတယ်။

အာဆင်နယ်နဲ့ပွဲ ပေါ့ဘာ လွဲမယ်

ထုတ်ပယ်မခံရမီ နာရီပိုင်းအလိုမှာ ထုတ်ပြန်ခဲ့သော အိုလီရဲ့ Statement  အရ ပေါ့ဘာရဲ့ ဒဏ်ရာအခြေအနေဟာ အာဆင်နယ်အသင်းနဲ့ကစားမယ့်  ဒီဇင်ဘာလ ၂ ရက်နေ့အမှီပြန်ကောင်းဖွယ်မရှိဘူးလို့ သိရပါတယ်။ နိုင်ငံအသင်းနဲ့အတူရရှိခဲ့တဲ့ဒဏ်ရာဟာ ခရစ်စမတ်ကာလမှသာ လေ့ကျင့်ရေးပြန်ဆင်းနိုင်မှာဖြစ်မယ်လို့ အိုလီကပြောခဲ့ပါတယ်။

တိုက်စစ်မှုးသစ်ရှာရေး အာဆင်နယ် အရှိန်မြှင့်ပြီ

လီဗာပူးနဲ့ပွဲမှာကြုံတွေ့ခဲ့ရတဲ့ ခြေစွမ်းကွာဟမှုကြောင့် အာတီတာအနေနဲ့ တိုက်စစ်အင်အားဖြည့်တင်းမှုကို ပြုလုပ်ဖို့ ဇန်နဝါရီမှာ   ဆဲဘတ်တိုက်စစ်မှုးအဒီယန်မီကို အားထုတ်ဖွယ်ရှိတယ်လို့ Sunday Mirror  ကဖော်ပြလာပါတယ်။ ဒီအသက် ၁၉ နှစ်အရွယ် ဂျာမန်သားလေးဟာ အာဆင်နယ်ရဲ့ ကာလရှည်ပစ်မှတ်ဖြစ်သလို လာကာဇက်နေရာမှာအစားထိုးဖို့လည်း အဆင်ပြေတယ်လို့ဆိုပါတယ်။  ဒါပေမယ့် အဒီယန်မီကိုလိုချင်သူများတာကြောင့် အာဆင်နယ်အနေနဲ့ ဥရောပအဆင့်ကိုစိန်ခေါ်နိုင်ဖို့လဲ လိုနေတယ်လို့ ဖော်ပြထားပါတယ်။

ချီးကျူးမှုရနေတဲ့ ဂါဘရီယယ်

ဂိုးပြတ်ရှုံးခဲ့ရပေမယ့် ပရိတ်သတ်တွေရဲ့ အားပေးမှုကိုပုံစံအမျိုးမျိုးနဲ့ရရှိနေတဲ့ အာဆင်နယ်အသင်းဟာ ဘရာဇီးနောက်ခံလူဂါဘရီယယ်အတွက်လည်း အပေါင်းလက္ခဏာဆောင်တဲ့ မှတ်ချက်တွေရရှိခဲ့ပြန်ပါတယ်။ ပရိတ်သတ်တွေဟာ ဂါဘရီယယ်ရဲ့ အသင်းရဲ့ရလဒ်အပေါ်မှာ တူတူခံစားပေးနိုင်မှု ၊အသင်းဖော်တွေကိုအားပေးနိုင်မှုတွေကိုသဘောကျနေကြပြီး အသင်းခေါင်းဆောင်တစ်ယောက်ရဲ့ ဟန်ပန်တွေကိုမြင်နေရတယ်လို့ဆိုနေကြပါတယ်။ သူက  နာကျင်စရာအရှုံးပါပဲ .. ဒါပေမယ့် ခေါင်းကိုမော့ထားပြီး နောက်အပတ်ပွဲစဥ်ကို အာရုံစိုက်ထားကြရအောင်ပါ။ အားပေးတဲ့ပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ် လို့  ပွဲအပြီးမှာ  ပို့စ် တင်ခဲ့ပါသေးတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: