“ ခင်ဗျားတို့တွေ့လား ဒီလိုအပျက်အစီးတွေနဲ့အခက်အခဲတွေဟာ လိုတာထက် ပိုသွားခဲ့ရင် ဘယ်အခြေအနေမှာ ဖြစ်ဖြစ်ဖြေရှင်းရခက်နေဦးမှာပဲ။ ယူနိုက်တက် ဘုတ်အဖွဲ့က နည်းပြဆိုလ်းရှားကို လီဗာပူးလ်နဲ့ပွဲမှာ ဂိုးပြတ်ရှံးကတည်းကထုတ်ချင်ခဲ့ကြတယ် ၊ ဒါပေမယ့် အစားထိုးခန့်အပ်ဖို့ နည်းပြရှာမရတာပြဿနာ ဖြစ်သွားတယ်လေ” ဆိုပြီး BBC Sport ရဲ့ Contributor တယောက်ဖြစ်တဲ့ Raj Chohan က ထုတ်ဖော်ပြောကြားလာပါတယ်..။
လီဗာပူးလ်ကိုဂိုးပြတ်ရှုံးနိမ့်တဲ့အခါနည်းပြကိုထုတ်ပယ်ဖို့ သတင်းတွေအလေးထားဖော်ပြလာကြတာကို တွေ့ခဲ့ရပါတယ်။ဒါပေမယ့် စျေးကွက်ထဲမှာ ထိပ်တန်းနည်းပြက ကွန်တီတယောက်တည်းဆိုတော့ ယူနိုက်တက်အသင်းအတွက်ရွေးချယ်ခွင့်မရခဲ့ပါဘူး။ ဒါကလဲ ကွန်တီလိုနည်းပြမျိုးကိုခေါ်ယူတာထက်ဆိုးလ်ရှားကို အချိန်ထပ်ပေးတာကပိုကောင်းတယ်လို့ ဘုတ်အဖွဲ့က ခံယူထားခဲ့ပုံရပါတယ်။ အခုအခြေအနေမှာ ယူနိုက်တက်ကိုရောက်ရှိနိုင်တဲ့နည်းပြဆိုပြီး စာရွက်ပေါ်မှာသာချရေးဖို့ လွယ်တာပါ။တကယ့်အခြေနေတွေက ထင်သလောက်မလွယ်တာကိုတွေ့ရပါတယ်။ ဒီကာလမှာနည်းပြသစ် အစားထိုးခန့်အပ်တာ မျိုးထက် ယာယီနည်းပြတွေနဲ့သာရှေ့ဆက်ကြပြီး ရာသီဝက်အပြောင်းရွေ့ကာလမှာမှ အစားထိုးခန့်အပ်လေ့ရှိကြတာကိုအများအားဖြင့်မြင်တွေ့ရမှာဖြစ်ပါတယ်။
လက်ရှိအခြေအနေအရယူနိုက်တက်အသင်းကိုကိုင်တွယ်ဖို့သတင်းထွက်နေတဲ့နည်းပြတွေကတော့ ဇီဒန်း၊ ပိုချက်တီနို(PSG)၊ တန်ဟက်(Ajax)၊ ရော်ဂျာ (လက်စတာ) တို့ဘဲဖြစ်ပါတယ်။ ဒီနည်းပြတွေထဲမှာ ဇီဒန်းက လုံးဝငြင်းပယ်ထားတယ်လို့ အစောပိုင်း သတင်းတွေအရ သိရပြီး Ajax အသင်းနည်းပြ တန်ဟက်ကလဲ ရာသီကုန်ချိန်မှသာလျှင် တာဝန်ယူကိုင် တွယ်ဖို့ စိတ်အားထက်သန်ကြောင်း၊ အခုအခြေအနေမှာ Ajax အသင်းတွက်ပဲအာရုံစိုက်ထားကြောင်း သိရပါတယ်။ ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆရတဲ့နည်းပြတွေထဲမှာ ရော်ဂျာ နဲ့ ပိုချက်တီနိုတို့ဖြစ်ပြီးသူတို့က ပရီးမီးယားလိဂ်နဲ့မစိမ်းတဲ့နည်းပြ တွေလဲဖြစ်ပါတယ်။
ဒါပေမယ့်ယူနိုက်တက်ကိုကိုင်တွယ်ဖို့ နည်းပြတိုင်းအတွက်ပြဿနာက ”ဖိအား”ပါဘဲ။ နည်းပြအများစုမှာ အသင်းတသင်းကိုတည်ဆောက်ဖို့အတွက် အချိန်တစ်ခုကတော့အမြဲ လိုအပ်ပါတယ်။ တခြားအသင်းတွေအတွက် ပြဿနာမဟုတ်ပေမယ့် ယူနိုက်တက်ရဲ့အရှိန်အဝါတွေနဲ့ လတ်တလောပျောက်ဆုံးနေတဲ့ အောင်မြင်မူတွေကြားမှာ လိုအပ်တာထက်ပိုတဲ့ ဖိအားတွေကိုခံနိုင်ရည်ရှိဖို့အရေးကြီးပါတယ်။ ဒါ့အပြင် ယူနိုက်တက်အကြောင်းကိုကောင်းကောင်းသိတဲ့ နည်းပြသာလျှင်ဒီအခြေအနေတွေကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဘယ်နည်းပြဘဲဖြစ်ဖြစ် အဆင်ပြေမှာမဟုတ်ကြောင်းနဲ့ နည်းပြတွေအနေနဲ့လဲ ဒီအချက်အပေါ် အလေးအနက်စဥ်းစားကြတယ်လို့ ဇီဒန်းကမှတ်ချက်ပေးဖူးပါတယ်။
နောက်ဆုံးသတင်းတွေအရ ဇီဒန်းဟာ PSG ကိုကိုင်တွယ်ရန်စိတ်အားထက်သန် လျှက်ရှိပြီး ပိုချက်တီနိုကလဲ ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့စိတ်ဝင်စားနေတယ်လို့ ကောလဟာလတွေထွက်ပေါ်နေပါတယ်။
Leave a Reply