ချဲလ်ဆီးနဲ့ ဂျူဗင်တပ်တို့နှစ်သင်းရဲ့  အုပ်စုဗိုလ်လုပွဲမတိုင်ခင် အနေအထားများ

မြန်မာစံတော်ချိန်ဗုဒ္ဓဟူးနေ့မနက် ၂:၁၅ မှာ ယှဉ်ပြိုင်ကစားမယ့် ချဲလ်ဆီးအသင်းနဲ့ ဂျူဗင်တပ်တို့ရဲ့ ပွဲစဉ်ဟာ ဒီအပတ်ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံးပွဲစဉ်တွေထဲက တစ်ပွဲဖြစ်ပါတယ်။ဒီပွဲဟာ အုပ်စုဗိုလ်အဆုံးအဖြတ်ပွဲလည်းဖြစ်နိုင်သလို ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့်နိုင်ထားတဲ့ ဂျူဗင်တပ်စ်တို့ရဲ့အားပြိုင်ကြမယ့်ပွဲစဉ်လည်း ဖြစ်တာကြောင့် လုံး၀အကြိတ်အနယ်ရှိမှာ အသေအချာပါပဲ။

  • အိမ်ရှင်ချဲလ်ဆီးအသင်းဟာ အုပ်စုပွဲစဉ်၄ပွဲ ကစားပြီးချိန်မှာ ၃ပွဲနိုင် ၁ပွဲရှုံးနိမ့်ထားပြီး ရှုံးနိမ့်ခဲ့ရတဲ့အသင်းကလည်း ဂျူဗင်တပ်စ်ဖြစ်ပါတယ်။ဂျူဗင်တပ်စ်က‌ရာနှုန်းပြည့်နိုင်ပွဲနဲ့ လက်ရှိအုပ်စုဗိုလ်အဖြစ်ဦး‌ဆောင်နေပါတယ်။ချဲလ်ဆီးအနေနဲ့ အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ပထမအကျော့ရှုံးကြွေးကိုပြန်ဆပ်နိုင်မလားဆိုတာ စိတ်၀င်စားဖိုကောင်းနေပါတယ်။
  • ဂျူဗင်တပ်စ်အသင်းက‌တော့ စီးရီးအေမှာ ရလဒ်ကောင်းတွေရဖိုရုန်းကန်နေရပြီး အမှတ်ပေးဇယားရဲ့ အဆင့်ရှစ်နေရာမှာရပ်တည်နေပါတယ်။‌စီးရီး‌အေနောက်ဆုံးငါးပွဲမှာ နှစ်ပွဲနိုင်၊နှစ်ပွဲရှုံးပြီး တစ်ပွဲသရေကျထားပါတယ်။ စုစုပေါင်း သွင်းဂိုး   ၉ ဂိုး ၊ ပေးဂိုး ၆ ဂိုးဖြစ်ပါတယ်။
  • ချဲလ်ဆီးအသင်းက‌တော့ ပရီးမီးယားလိဂ်နောက်ဆုံးငါးပွဲမှာ  လေးပွဲနိုင် တစ်ပွဲသရေကျထားပြီး အမှတ်ပေးဇယားရဲ့အဆင့်တစ်နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ စုစုပေါင်းသွင်းဂိုး   ၉ ဂိုး ၊ ပေးဂိုး ၂ ဂိုးဖြစ်ပါတယ်။
  • စီးရီးအေမှာ ရုန်းကန်နေရပေမယ့် ဂျူဗင်တပ်ဟာ ချန်ပီယံလိဂ်မှာတော့ ရာနှုန်းပြည့်အနိုင်ရထားပြီး ဒီပွဲကိုသာထပ်မံအနိုင်ရခဲ့ရင် အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်ကိုတက်ရောက်ဖို့ သေချာပြီ ဖြစ်ပါတယ်။  ချဲလ်ဆီးအသင်းကလည်း ဒီပွဲကို ရှုံးနိမ့်ခဲ့ရင် အုပ်စုဗိုလ်အနေနဲ့ နောက်တစ်ဆင့်တက်ရောက်ဖို့ မဖြစ်နိုင်တော့တာကြောင့် သရေရလဒ်တောင် အဖြစ်မခံပဲ အနိုင်ရဖို့ကြိုးစားရမှာဖြစ်ပါတယ်။
  • ဂျူဗင်တပ်စ်အသင်း ကစားသမားတွေဖြစ်တဲ့ ဒိုင်ဘားလာ၊ ချီလီနီ၊ ရမ်ဆေး၊ ဒန်နီလို၊ ဒီစီဂလီရို စတဲ့ကစားသမားတွေဒဏ်ရာရနေတာက အိမ်ရှင်အတွက် အားသားချက်ဖြစ်ပြီး ချဲလ်ဆီးအသင်းမှာတော့ လူကာကူ တစ်ယောက်တည်းသာ လွဲချော်နေနိုင်ဖွယ်ရှိပါတယ်။
  • နှစ်သင်းကြားဥရောပအဆင့်ထိပ်တိုက်တွေ့ဆုံမှုအဖြစ် စုစုပေါင်း ၄ ကြိမ်တွေ့ဖူးပြီး ၊ ဂျူဗင်က ၁ ကြိမ်နိုင် ၊ ချဲလ်ဆီးက ၁ ကြိမ်နိုင်ထားပြီး ၂ ကြိမ်သရေကျထားပါတယ်။ ဒီ ၄ ပွဲမှာ ဂျူဗင်တပ်စ်က ၈ ဂိုးသွင်းပြီး ချဲလ်ဆီးက ၅ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ အခုအကြိမ်က ၅ ကြိမ်‌မြောက်တွေ့ဆုံခြင်းဖြစ်ပါတယ်။
  • အသင်းလိုက်ကစားဟန်မှာတော့ ချဲလ်ဆီးဟာ ပုံစံမပျက်ရှိနေတဲ့အပြင် အရံကစားသမားတွေဖြစ်တဲ့ ဇီယက်ချ် နဲ့ နာလံထ ပူလီဆစ်တို့ ကပါ ခြေပြန်မှန်လာနေပါတယ်။ တိုက်စစ်ကစားသမားစစ်စစ်မရှိချိန်ဝင်ကစားနေတဲ့ ဟာဗက်စ်ကတော့ အသင်းနဲ့အံဝင်တချက်မဝင်တချက်ပါပဲ။ဂျူဗင်တပ်စ်တို့ကလည်း သူတို့ရဲ့သိပ်သည်းတဲ့ကစားဟန်ကိုပိုင်ဆိုင်နေဆဲဖြစ်ပြီး နှစ်သင်းစလုံးကနောက်ဆုံးကစားတဲ့ပွဲတွေမှာ Clean Sheet  နိုင်ပွဲတွေကိုယ်စီရထားကြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: