ပြင်သစ်မှာ မက်ဆီ ပွဲဦးထွက်လိဂ်ဂိုးသွင်းပြီးနောက် …

ကမ္ဘာ့အကောင်းဆုံး ကစားသမားတယောက်အတွက် ပဲရစ်မြေကသိပ်ပြီးတော့မစိမ်းလှပါဘူး။ စပိန်မှာ ကတည်းက ပဲရစ်ကို ချန်ပီယံလိဂ်ပွဲစဥ်ဇယားတွေမှာ သွားရောက်လည်ပတ်အနိုင်ယူခဲ့တဲ့အပြင် ၊ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ (BALLOND’OR) ရွှေဘောလုံးဆုကိုလက်ခံရရှိဖို့အတွက်လဲ ဆုပေးစင်မြင့်ဆိုတာ နှစ်စဥ်နှစ်တိုင်းမဟုတ်ဘူးဆိုရင်တောင်  အမြဲလိုလိုရောက်ဖြစ်နေတဲ့နေရာတစ်ခု ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက ထွက်ခွာပြီး ကလပ်ရွေးချယ်တဲ့အခါတော်တော်လေး ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ ဒါကလဲဘောလုံးလောကမှာ ဖြစ်တတ်တဲ့ ဝေဖန်မူတွေထဲကတခုလို့ဆိုရပါမယ်။ အထူးသဖြင့် ပရိတ်သတ်တွေကြားမှာအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော်တော်လေးဂယက်ထခဲ့ပါတယ်။ ဘောလုံးစကန်ကတည်းက ဘာစီလိုနာအသင်းမှာပဲ ကစားရင်းတစ်ဦးချင်းအောင်မြင်မူ၊ အသင်းလိုက် အောင်မြင်မူတွေရဲ့ အနိမ့်အမြင့်အတက်အကျတွေကြား မှာ ဖြတ်သန်းခဲ့ရင်း အသက်(၃၃)နှစ်အရွယ်ရောက်မှ ထွက်ခွာခဲ့တယ်။ ဒီအဖြစ်မျိုးက ကစားသမားနဲ့ ကလပ် အသင်းတွေကြား ပုံမှန်ဆိုပေမယ့် မက်ဆီ လိုဘဝကိုအေးအေးလူလူဖြတ်သန်း နေတဲ့သူ One Club Man အတွက်ဆိုရင်တော့ ဖော်ပြလို့မရလောက်အောင် ခက်ခဲတဲ့ထွက်ခွာမူမျိုးဖြစ်ခဲ့မှာပါ။ ဘာပဲဖြစ်ဖြစ်မက်ဆီပရိတ်သတ်တွေအနေနဲ့ သူသွားရာခရီးကိုနောက်​ကနေလိုက်အားပေးတဲ့အထိ သူတို့ရဲ့ချစ်ခြင်းကိုဖော်ပြခဲ့ကြပါတယ်။

ပြင်သစ်အခြေစိုက် Ligue1 ဟာ တခြားလိဂ်တွေနဲ့ယှဥ်ရင် တဆင့်နိမ့်တဲ့ လိဂ်တခု ဖြစ်ပေမယ့် လိဂ်ကနေပြီး အကောင်းဆုံးဘောလုံး ကစားသမားတွေမွေးထုတ်နိုင်ပြီးစီးပွားရေးကဏ္ဍကိုကြည့်ရင်လဲ ဖွံဖြိုးလာနေတဲ့ လိဂ်တခုလဲဖြစ်ပါတယ်။ ပြိုင်ဆိုင်မူပြင်းထန်ပြီး နည်းဗျူဟာတွေ၊ ကစားကွက်တွေထက် ကစားသမားကိုအခြေပြုပြီးကစားတတ်တဲ့လိဂ်တခုဖြစ်တာကြောင့်ပရိတ်သတ်တွေကြားမှာ အမြဲလိုလိုအချင်းများမှုကိုကြုံတွေရတဲ့ လိဂ်တွေထဲကတစ်ခု ဖြစ်ပါတယ်။ တိတိကျကျမဟုတ်ပေမယ့် လိဂ်အဆင့်အတန်း အရည်အသွေးအရ PSG အသင်းဟာနှစ်စဥ်နှစ်တိုင်း နာမည်ကြီးကစားသမားတွေကို လိုအပ်တဲ့ပမာ ဏထက်ပေးခေါ်ယူပြီး လိဂ်ရဲ့ Title ကိုအများ ဆုံးရယူထားတဲ့အတွက် Farmer League လို့ခေါ် ကြတယ်လို့ဖတ်ရပါတယ်။

ထူးခြားတာတစ်ခုက PSG ဟာငွေကြေးအမြောက်အမြားအသုံးပြုပြီး အသင်း၏ပုံရိပ်နဲ့ အသင်းတည်ဆောက်မူကို မြင့် တင်ထားနိုင်ပေမယ့် လည်း ဥရောပချန်ပီယံဆုကိုတကြိမ်မှ ရရှိထားခြင်းမရှိသေးတာဘဲဖြစ်ပါတယ်။ ဒီနှစ်မှာလဲ PSG အသင်းဟာအရည်အချင်းရှိကစား သမားအများစုကို လစာအမြောက်အမြားပေးကာ ပြောင်းရွေ့ကြေးအလွတ်ဖြင့်ခေါ်ယူထားနိုင်ပါသေးတယ်။ ဒါကြောင့် ကလပ်အသင်းအသုံးပြု သင့်သည့်ငွေကြေးဆိုင်ရာ(FIFA Rule)ထက်ပိုအ သုံးပြုတယ်ဆိုပြီးတော့ အစစ်ဆေးခံရပါသေးတယ်။ အဲ့ဒီလိုခေါ်ယူထားတဲ့အထဲမှာ ကမ္ဘာ့အကောင်း ဆုံးကစားသမား မက်ဆီလဲအပါဝင်ဖြစ်ပါတယ်။

PSG ဟာအသင်းပုံရိပ်နဲ့ ထိုက်တန်တဲ့ ငွေကြေးပမာဏကိုပေးနိုင်တဲ့အသင်းတသင်းလဲဖြစ်ပြီး

မက်ဆီက ” ကျနော် PSG အသင်းကိုရွှေ့ခဲ့တာက ရှင်းပါတယ်။ သူတို့အသင်းရဲ့အားကစားနဲ့ပတ်သက်တဲ့ ခိုင်မာတဲ့အစီအစဥ်တွေကိုကျနော်သဘောကျလို့ပါ” ဆိုပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ အတိအလင်းပြောကြားထားတာဖြစ်ပါတယ်။

မက်ဆီဟာ PSG မှာလွယ်လွယ်ကူကူ ဂိုးတွေသွင်းမယ် ပိုပြီးအောင်မြင်မယ် ဆိုပြီး တွက်ထားတဲ့ပရိတ်သတ်တွေအတွက်တော့ဆန့်ကျင့်ဘက်အခြေနေတစ်ခုဖြစ်သွားတယ်လို့ပဲဆိုရပါမယ်။  အသင်းအတွက် ပထမဆုံးလိဂ်သွင်းဂိုးကို ပွဲစဥ်(၁၄) ပွဲမြောက်မှဘဲ သွင်းယူနိုင်ခဲ့ပါတယ်။ နေရာသစ်၊ လူသစ်၊ ပတ်ဝန်းကျင်အသစ်၊ ဘာသာစကားအသစ်၊ ပထမဆုံးအသင်းပြောင်းကစားတဲ့ အတွေ့အကြုံသစ် စတဲ့ ဖိအားတွေကတစ်ကြောင်း လိဂ်က ကစားသမားတွေရဲ့ မလိုအပ်ဘဲ (Destroy Role) အသုံးပြုမူတွေကြားမှာ မက်ဆီတစ်ယောက် မြက်ခင်းနဲ့ ဘော်ဒီမိတ်ဆက်ရတာချည်းပါဘဲ။

နောက်တခုကတော့ နည်းပြရဲ့ Formation မှာ လွတ်လပ်မကစားရတဲ့ ပြဿနာကြောင့်လဲ အခုလို  အဖွင့်ဂိုးသွင်းယူဖို့နှောင့်နှေးခဲ့ရတာဖြစ်တဲ့အပြင် အသင်းဖော်တဦးချင်းရဲ့ (Neglect Link-up) ပုံစံတွေကြောင့် ရသင့်တဲ့ဂိုးတွေမရလိုက်တာ ဖြစ်တယ်လို့ ပြင်သစ်ရဲ့ နည်းစနစ်သုံးသပ်သူအချို့က ချပြထားတာကိုလဲတွေ့ရပါတယ်။ မက်ဆီက နေရာတော်တော်များများမှာ ကစားနိုင်တယ် ဆိုပေမယ့် အသင်းနဲ့အသားကျဖို့အတွက်တော့ ပွဲတွေများများအသင်းနဲ့တူတူကစားဖို့လိုပါသေးတယ်။ အခုဆိုရင်တော့ပိုပြီး အသင်းနဲ့အံဝင်လာတာကို တွေ့ရပါတယ်။

မက်ဆီဟာ PSG အသင်းတွက် စုစုပေါင်း ပြိုင်ပွဲ (၉)ပွဲမှာ (၈)ပွဲ ပွဲထွက်ကစားထားပြီး (၄)ဂိုးသွင်း ယူထားတဲ့ကစားသမားတယောက်ဖြစ်ပါတယ်။ ချန်ပီယံလိဂ်သွင်းဂိုးအနေနဲ့ မန်စီးတီးအသင်းကို အိမ်ကွင်းမှာ (၂)ဂိုးသွင်းယူပေးခဲ့ပြီး၊ လိုက်ဇဖ်အ သင်းကို (၁)ဂိုးသွင်းယူထားခဲ့နိုင်တာကြောင်း(၃) ဂိုးထိရရှိထားတာလဲ ဖြစ်ပါတယ်။ လိဂ်သွင်းဂိုးက တော့ စနေနေ့မှာယှဥ်ပြိုင်ကစားခဲ့တဲ့ နန့်တက်စ် အသင်းဘက်ကိုသွင်းယူခဲ့တာလဲဖြစ်ပါတယ်။

ကစားသမားတ​ယောက်ရဲ့အနိမ့်အမြင့်အတက်အကျတွေကို အသက် (၃၃)နှစ်အရွယ်မှာမှ ကြုံ တွေ့ရတဲ့ မက်ဆီတယောက် PSG အသင်းရဲ့အမြင့်ပျံစိန်ခေါ်မူခရီးမှာ ဘယ်လောက်ထိပါဝင်ကူညီပံ့ ပိုးနိုင်မလဲဆိုတာ အတူတူစောင့်ကြည့်ရမှာဖြစ်ပါတယ်။ မက်ဆီကို ပြင်သစ်လိဂ်မှာ ခင်ဗျားအောင်မြင်မှာလားလို့သွားမေးရင်တော့  “ ဘောလုံးကမ္ဘာရဲ့ ကံတရားက ဘက်မလိုက်ဘူး၊ ရွှေဘောလုံးအရေတွက်မရွေးဘူး..အောင်မြင်ချင်ရင် ကြိုးသာကြိုးစားလိုက် “ လို့ပဲပြန်ဖြေမယ် ထင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: