၄ ဂိုးပြတ်အရှုံးနဲ့ အာဆင်နယ်ရဲ့အခြေအနေ

နိုင်ပွဲဆက်မှုတွေကိုတော့ ချန်ပီယံစိန်ခေါ်သူအသင်းကြီးတစ်သင်းကိုရှုံးနိမ့်ရင်း ရပ်တန့်ခံလိုက်ရပါပြီ။ ဒီပွဲဟာ ပရိတ်သတ်တွေထင်ထားတာထက် နဲနဲတော့ပိုပြီးဆိုးနေနိုင်ပါတယ်။ သို့သော် လီဗာပူးရဲ့ တင်းပြည့်ကျပ်ပြည့် ကစားပုံကို အများဆုံးတောင့်ခံသွားတာကလဲ ပထမပိုင်းမှာမြင်သာခဲ့ပါတယ်။

ပထမဦးဆုံး ပွဲရဲ့ရလဒ် ၊ အာဆင်နယ်ကိုနိုင်ဖို့ လီဗာပူးတို့ ဘာလုပ်သွားလဲ ၊ လီဗာပူးကိုဘာလို့ရှုံးရလဲဆိုတာ စိတ်အေးအေးနဲ့ တွေးကြည့်ဖို့လိုပါတယ်။ လိုချင်တဲ့ရလဒ်တစ်ခုဖြစ်မလာလို့ ပရိတ်သတ်အကြား ပြောပြောဆိုဆိုတွေရှိနိုင်ပေမယ့်  မိနစ် ၉၀ လုံးရှိတဲ့ခွန်အားနဲ့တုန့်ပြန်သွားတာမျိုး ကျန်ခဲ့တဲ့နှစ်တွေမှာ မြင်ဖူးသလားဆိုတာ ပထမဆုံးတွေးရမယ့်အချက်ပါပဲ။ ဒီဆောင်းပါးဟာ ပွဲပြီးသုံးသပ်ချက်ဆိုတာထက်  အာဆင်နယ် Blog တစ်ခုက ရေးတဲ့  Team Review ဆိုရင်ပိုမှန်ပါလိမ့်မယ်။

ဒီပွဲအကြောင်းပြောရင် ပထမပိုင်းနဲ့ ဒုတိယပိုင်းကိုခွဲပြောရပါလိမ့်မယ်။ ဒါပေမယ့်ရလဒ်ပိုင်းဆိုင်ရာအရသာဖြစ်ပါတယ်။ အနှစ်သာရပိုင်းမှာတော့ အတူတူပဲလို့ယူဆပါတယ်။

အာဆင်နယ်အသင်းဟာ သတိကြီးကြီးထားပြီး ကစားခဲ့တယ်။ အားမာန်အပြည့်နဲ့တုန့်ပြန်တယ်။ လီဗာပူးအတွက် လေးနက်တဲ့ပြိုင်ဖက်ဖြစ်ခဲ့တယ်ဆိုတာ သိသာပါတယ်။  လူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့အသင်းတစ်သင်းအပေါ် သမ္ဘာအခြေခံတဲ့   Approaching Methods တွေထုတ်သုံးရတယ်ဆိုကတဲက အာဆင်နယ်ဟာ ဘာဆိုတာ အတိုင်းအတာတစ်ခုထိပြသနိုင်ခဲ့ပါတယ်။

အူဘာမီယန်ရဲ့ အရည်အသွေးတွေအရင်လိုမဟုတ်တော့တာ ၊ လာကာတစ်ယောက်ရုန်းအားပဲရှိပြီး  Transition တွေချိတ်ဆက်ရာမှာ လီဗာပူးကိုဖောက်နိုင်လောက်တဲ့အဆင့်တစ်ခုရှိမနေတော့တာကလည်း တိုက်စစ်အတွက်ပြသနာဖြစ်ပါတယ်။ နောက်ပြီး စမစ်ရိုး ကိုဆွဲပြေးခွင့်မရအောင် သီယာဂို ၊ အာနိုးတို့နဲ့  blocking လုပ်ထားတာကလည်း ပထမပိုင်းမှာအာဆင်နယ်တို့အတွက်အခက်အခဲဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်သင်းလုံးကလူငယ်တွေရဲ့   Front Oriented  ဖြစ်မှု ၊  Risk ယူပြီးဘောလုံးကိုရှေ့ပဲပို့နေမှုတွေက ဘောလုံး အပျက်များစေတဲ့အကြောင်းတစ်ခုဖြစ်သလို ၊ လီဗာပူးတို့ကို တန်ပြန်ဖိအားပေးတဲ့အကြောင်းတစ်ခုလဲဖြစ်ပါတယ်။ ဒါက ကိုယ့်ဖက်ကထိုးဖောက်ကြတဲ့အပိုင်း။

ခုခံရတဲ့အပိုင်းမှာတော့   အာနိုးရဲ့  Cross Ball   ကို  မာနေးပိတ်သွင်းတယ်ဆိုတာက   လီဗာပူးရဲ့  Signature Attacking တစ်ခုပဲ။ အရည်အသွေးမြင့်မားတဲ့ Set Piece ကနေဂိုပေးလိုက်ရတာဖြစ်ပါတယ်။ ရသွားတဲ့အသင်းအတွက်လည်းထိုက်တန်လှပါတယ်။ အဲ့တာကလွဲရင်တော့  လီဗားပူးရဲ့  ဘယ်ချမ်းကနေ Individual Run လုပ်ပြီး  တွဲလုံးတွေနဲ့ထိုးဖောက်တာကို အာဆင်နယ်နောက်တန်းအတော်ဖျက်ထုတ်နိုင်ပါတယ်။ ဒီထက်ပိုအားရစရာရှိတာက  Final Third မရောက်ခင် ကွင်းလယ်မှာတင်   နောက်တန်းက တက်ထောက်ပြီး ကွင်းလယ်နဲ့ညှပ်ကာ ဘောလုံးအရှိန်ကို ကျဆင်းစေတာဖြစ်ပါတယ်။ နောက်ပြီး တာဗာရက်စ်တို့ ဆမ်ဘီတို့ ဘောလုံးကိုရဲရဲကိုင်ပြီးဆွဲထွက်ကြတာကလဲ အဆိုးအကောင်းရောနေတဲ့လုပ်ရပ်ပါပဲ။  ဒီလိုဆွဲထွက်မှုတွေကြောင့် ပထမပိုင်းမှာ အကောင်းများပြီး ဒုတိယပိုင်းမှာတော့  Jergen Pressing ကိုအရှုံးပေးရတဲ့ အဓိကအကြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။

ဒုတိယပိုင်းဟာ  လီဗားပူးရဲ့   Signature Play ဖြစ်တဲ့   High Pressing ရဲ့အစွမ်းမှာ အတွေ့အကြုံရင့်ကျက်မှုပေါင်းပြီး အာဆင်နယ်လူငယ်တွေကို အနိုင်ယူသွားတာပါပဲ။   Pressing ကိုမနိုင်တော့ နောက်တန်းက  နေရာလွတ်တွေပေါ်၊   နေရာလွတ်ကတစ်ဆင့်  One-One Marking  တွေဟာထွက် ၊ အဲ့ဒီမှာ ဂျိုတာက ဂိုးထပ်သွင်း။ တကယ်တော့ မီနာမီနို နဲ့ ဆာလာရဲ့ဂိုးက သဘောတရားခြင်းတူခဲ့ပါတယ်။ ဒုတိယဂိုးမှာ တာဗာရက်စ်ရဲ့   အမှားကို  Highlight လုပ်စေချင်ကြမလားမသိပေမယ့် တစ်သင်းလုံးလိုအပ်နေချိန်မှာ ဒါကိုထူးထွေပြီးထောက်မပြလိုတော့။

နောက်ပြီးဂိုးတစ်ဂိုးတော့ပြန်ရချင်ပုံရတဲ့ အာဆင်နယ်လူငယ်တွေဟာ  Risk ယူထားတဲ့ပေးပို့မှုတွေကို တောက်လျှောက်ပြုလုပ်ရင်း လီဗာပူးကိုထိုးဖောက်ကြပါတယ်။ ဒါဟာ အတော်ရဲရင့်သလို ၊ အရည်အသွေးမပြည့်ဝသေးတဲ့အခါ ပြသနာလဲရှိတဲ့ လုပ်ဆောင်မှုပါ။ သတိထားကြည့်ရင် မိနစ် ၇၀ လောက်မှာ အာဆင်နယ်ရဲ့  တိုက်စစ်ဖွင့်ရရင်ပြီးရော ကစားပုံမှာ လီဗာပူးပါ   အထိုင်ပျက်သွားပြီး ပြန်ထိမ်းယူရပါတယ်။ ဒါပေမယ့် လီဗာပူးတို့ဟာ သူတို့ရဲ့ Form ကိုပြန်လည်ရယူနိုင်ပြီး ဂိုးတွေဆက်သွင်းသွားနိုင်တာပါပဲ။

အာဆင်နယ်ရဲ့ လူငယ်လေးတွေမှာ ပရိယာယ်တစ်ခုလဲလိုအပ်နေပါသေးတယ်။ ဒီအရာကို လီဗာပူးရဲ့ မာနေးဆီမှာတွေ့နိုင်ပါတယ်။ အသင်းကစားရခက်နေတဲ့အခါမျိုးမှာ In Play    ရော  Off Play မှာပါ ခန့်မှန်းရခက်တဲ့ ကစားဟန်ကိုဖော်ဆောင်သွားတာမျိုးက အရည်အသွေးကောင်းပေမယ့် ကစားပုံရိုးစင်းနေသေးတဲ့ အာဆင်နယ်လူငယ်တွေအတွက်အတုယူစရာပါပဲ။

နည်းဗျူးဟာတွေ ၊ စနစ်တွေအကြောင်းကတော့မရေးပြတော့ပါဘူး။ လာကာဇက်ရဲ့ ရုန်းအားနဲ့အတွေ့အကြုံကို အားပြုရင်း ၄-၄-၁-၁ ကိုကစားခဲ့တယ်။ အခွင့်အရေးတစ်ချို့ရပေမယ့်    တိုက်စစ်မှုးမရှိတာရယ် ၊ တဖက်အသင်းရဲ့    အောက်မှာမျောရတာများနေတာမို့ သိပ်ပြီး  HIghlightလုပ်စရာတော့မရှိပါဘူး။ 

ဒီပွဲမှာနှစ်သက်စရာအကောင်းဆုံးအချက်ကတော့ ကွင်းထဲက ကစားသမားတွေရဲ့ အရဲစွန့်တဲ့လုပ်ဆောင်ချက်တွေရယ် ကွင်းဘေးက နည်းပြရဲ့ နိုင်လိုစိတ်တွေရယ်ပဲဖြစ်ပါတယ်။ ဒါတွေဟာ မမြင်ရတာကြာပြီဖြစ်တဲ့ ၊ ပြောရရင် ပျောက်ဆုံးနေခဲ့တာအတော်ကြာပြီဖြစ်တဲ့ ပြင်းအားတွေပါပဲ။ ဒါကို ကျွန်တော်တို့ မကြာခနရေးဖူးပါတယ်။  ဘာကြောင့်လဲဆိုရင် ဒီအရာဟာ အားလုံးရဲ့သော့ချက်ဖြစ်နေလို့ပါပဲ။  Gunners’ Side ရဲ့အမြင်အရတော့ ခြေစွမ်းမှာလိုအပ်ချက်တွေရှိတယ်၊ တိုက်စစ်ကိုဖြည့်တင်းရမယ်ဆိုတာ သိပြီးသားအချက်တွေဖြစ်လို့ အင်အားကြီးတဲ့ပွဲမှာ ပိုပေါ်လွင်လာတာသာဖြစ်ပြီး နိုင်သင့်တဲ့ပွဲတွေဆက်နိုင်မယ်ဆိုရင် အာဆင်နယ်ဟာ Still In Form   လို့ပြောနိုင်ပါတယ်။

လီဗာပူး ကိုဘယ်လိုရပ်တံ့ရမယ်ဆိုတာ အာဆင်နယ် သိခဲ့မယ်လို့ ယူဆပြီး  သိတဲ့အတိုင်းအကောင်အထည်ဖော်ဖို့တော့ လုံလောက်အောင် မကောင်းခဲ့ကြပုံပါပဲ။ Jurgen’s Pressing အောက်မှာ ပြိုပျက်ခဲ့ကြတဲ့လူငယ်တွေလို့ ပြောရမလား  ဒါမှမဟုတ် ရှိတဲ့အားမာန်တွေနဲ့   Jurgen’s Pressing ကို ရင်ဆိုင်ကြသူတွေလို့ ဆိုရမလားမပြောတတ်ပါဘူး။ ကျွန်တော်ကတော့ ဒုတိယ စာသားကိုပဲရွေးပြီး အာဆင်နယ်လူငယ်တွေနဲ့ အာတီတာကိုအားပေးချင်ပါတယ်။

အဆုံးသတ်ရရင် လိုတဲ့နေရာတွေကတော့ ဖြည့်ကိုဖြည့်ရပါလိမ့်မယ်။ အဓိက အားဖြင့် တစ်ခုခုလုပ်ပြနိုင်မယ့်ကစားသမား   အထူးလိုအပ်နေပါတယ်။ ပွဲကြည့်သူတွေဆိုရင် စမစ်ရိုး ရဲ့  ကွင်းလယ်ကဆွဲထွက်မှုတွေပေါ်မှာ တစ်ခုခုမျှော်လင့်ချက်ထားနေကြပါတယ်။ ဒါဟာ အာဆင်နယ်လိုအပ်နေတဲ့  Game Changer   ဖြစ်ပါတယ်။ ဒီလိုကစားသမားမျိုးက အသင်းမှာ ၃ ယောက်လောက်အနဲဆုံးလိုနေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: