ဒါဟာ ဂန္တဝင်တွင်မယ့် မြင်ကွင်းပါ

အာဆင်နယ်မိသားစုတွေအားလုံး မဂ်လာပါဗျာ

အာဆင်နယ်ကတော့ လောလောလတ်လတ်ကစားခဲ့တဲ့ပွဲ လီဗာပူးနဲ့ပွဲမှာ ဂိုးပြတ်ရှုံးသွားခဲ့ပါပြီ။ ကျွန်တော့်အနေနဲ့တော့ စိတ်ညစ်စရာတွေမတွေးချင်ပါဘူး။ အပေါင်းလက္ခဏာဆောင်တဲ့အတွေးတွေ တွေးတောပြီး  မကြာခင်ရင်ဆိုင်ရမယ့် နယူးကာဆယ်နဲ့ပွဲကိုပဲ ဆက်လက်ဦးတည်သွားချင်ပါတယ်။

တစ်ခုတော့ရှိတယ်ဗျာ ..ရှုံးတဲ့ပွဲအကြောင်းပြန်မတွေးချင်ပေမယ့်  မျက်စေ့ထဲကမထွက်တဲ့မြင်ကွင်းကတော့ မာနေးနဲ့ပတ်သတ်ပြီး ကွင်းဘေးမှာ အာတီတာနဲ့ ကလော့တို့အချင်းများကြတဲ့မြင်ကွင်းပါပဲ။

ဟုတ်ပြီ ..  ဒီပွဲမှာရှုံးခဲ့ပေမယ့် ကစားသမားတွေအချင်းချင်းညီညွတ်ကြတယ်၊ နည်းပြတွေရဲ့ ပြိုင်ဆိုင်မှုတွေကလဲ ပြင်းထန်ကြတယ်။  စိတ်ခံစားမှုတွေကလည်းအမြင့်ဆုံးရောက်ကြတယ်။  နည်းပြနှစ်ယောက်ထပြီးချင်းများတဲ့အခြေအနေမှာ အကူဒိုင်တွေကြားဝင်ဖြေရှင်းကြလို့ပါပဲ။ မဟုတ်ရင်မလွယ်။ ဒါပေမယ့် ဒီမြင်ကွင်းက ဂန္တဝင်မြင်ကွင်းပါပဲ။ တကယ်ပြောတာပါ။

ကလော့ကိုကျွန်တော်လေးစားပါတယ်။ ပြီးတော့သူ့ဒေါသထွက်တာနဲ့ပတ်သတ်ပြီး ဘာမှမပြောလိုပေမယ့် အာတီတာဒေါသထွက်တာကိုမြင်တော့ ပျော်မိတယ်ဗျ။ ဒါဟာအသင်းနဲ့ပတ်သတ်ပြီးသူဘယ်လောက်စိတ်ကိုမြှပ်နှံထားတယ် ၊ ဘယ်လောက်နိုင်ချင်စိတ်ပြင်းတယ်ဆိုတာကိုမြင်သာလွန်းလှတယ်။

တကယ်တော့ အာတီတာကလူအေးဗျ။ ဒါပေမယ့် ကလော့ကို အခုလိုသွားပြီးပြင်းပြင်းထန်ထန်တုန့်ပြန်တယ်ဆိုတာက  သူမခံနိုင်လောက်အောင် ရန်စခံခဲ့ရတာနဲ့တူတယ်   ဒီစကားက ကျွန်တော်နဲ့တူတူ ဒီပွဲကိုကြည့်ခဲ့တဲ့သူငယ်ချင်းဆီက ကြားရတဲ့စကားပါ။  ဒီအဖြစ်အပျက်မှာ သူလဲရှော့ခ် ရသွားတယ်။ ထင်မထားတဲ့ အာတီတာရဲ့ ဟန်ပန်တွေကိုပေါ့။  ကျွန်တော်လဲ သူ့လိုပဲ ရှောခ့်ရတာပါပဲ။ အဲ့တာနဲ့ ကိုယ့်စိတ်ကိုယ်ပြန်ထိန်းနေတုန်းမှာ ဘာသွားတွေးမိသလဲဆိုရင်  အာတီတာဟာ မာနေးနဲ့ အသင်းသားတွေကြားကအခြေအနေမှာ ကလော့ကို စိန်ခေါ်တဲ့အထိပြင်းပြင်းထန်ထန်တုန့်ပြန်သွားတာကို ကျေးဇူးတင်မိပါတယ်။  ဘာကြောင့်လဲဆိုရင် ကလော့တောင် သူ့ကစားသမားဖက်က ရပ်တည်ရင် အာတီတာလဲ ထပ်တူထပ်မျှ တုန့်ပြန်ရမှာပါပဲ။  ထပ်ပြီးသဘောကျမိတာက ပွဲအပြီးမှာ အာတီတာဟာ ဒါတွေအားလုံးကို ရင့်ကျက်စွာ လွှတ်ချနိုင်ခဲ့ပုံပါပဲ။ ဒါတွေဟာ သတင်းထောက်တွေနဲ့ပြောတဲ့စကားမှာ ပေါ်လွင်နေပါတယ်။ 

သူက သူ့အသင်းကိုသူကာကွယ်ပြီး ကျွန်တော်က ကျွန်တော့်အသင်းကျွန်တော်ကာကွယ်တာပါ။ ဒါအရေးအရမ်းမကြီးပါဘူး။  လို့  သတင်းထောက်က အဲ့ဒီအကြောင်းကိုမှတ်ချက်ပေးဖို့ မေးတဲ့အခါမှာ ပြန်ဖြေခဲ့တာပါ။

ဒါလည်းပဲ တကယ့်  Classic ပါပဲဗျာ။ လူကြီးလူကောင်းပီသမှုကိုရောအသင်းကိုချစ်မြတ်နိုးမှုပေါ်မှာပါ အာတီတာဟ အဆင့်အတန်းရှိခဲ့ပါတယ်။ ဒီအတွက် ထပ်ပြီးကျေးဇူးတင်ပါတယ်ဗျာ။ အာဆင်နယ်အသင်းကိုအားပေးရတာ သိပ်ကိုဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ကိုယ်တိုက်က အာဆင်နယ်ရဲ့အစိတ်အပိုင်းတွေပါပဲ။

အာဆင်နယ်ကိုချစ်တဲ့

ဆီဗက်စတာ ကွင်တူအာ

( ကွင်တူအာဟာ အာဆင်နယ်သတင်းတွေသီးသန့်ဖော်ပြတဲ့ Just Arsenal ရဲ့ စာရေးသူတစ်ယောက်ဖြစ်ပါတယ် )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: