နောက်ဆုံးရ အာဆင်နယ်သတင်းများ (20Nov-9:30am)

လာကာဇက်ကိုခေါ်ချင်ပေမယ့် အလွတ်နဲ့ရတဲ့အထိစောင့်မယ့် ဂျူဗီ

ဂျူဗင်တပ်စ်အသင်းဟာလည်း လာကာဇက်ကိုခေါ်ယူဖို့စိတ်ဝင်စားနေကြောင်း Tutto Mercarto    ကဖော်ပြလာပေမယ့် ဇန်နဝါရီမှာပြောင်းရွှေ့ကြေးတစ်စုံတစ်ရာနဲ့ခေါ်ယူဖို့ထက် နွေရာသီကာလရောက်မှအလွတ်နဲ့ခေါ်ယူဖို့ သာစီစဥ်နေတာလို့ သိရပါတယ်။ အယ်လီဂရီအနေနဲ့ ပွဲကစားခွင့်နေရာပေးနိုင်ပြီး အသင်းဖက်ကလာကာဇက်စိတ်ကြိုက်လစာပေးနိုင်ရင်တော့ အက်သလက်တီကိုနဲ့အပြိုင်ကမ်းလှမ်းနိုင်မယ့်အနေအထားရှိတယ်လို့ ဆိုပါတယ်။

အင်ဖီးခရီးကို ဘာဘာတော့ဗ်ရဲ့ အမြင်

မန်ယူနိုက်တက် ကစားသမားဟောင်းနဲ့ဘောလုံးပွဲသုံးသပ်သူ ဘာဘာတော့ဗ်က အင်ဖီးကွင်းကပွဲကိုအခုလိုပဲခန့်မှန်းသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ရလဒ်ဆိုးကိုမေ့ထားဖို့အတွက်ကြိုးစားကြမှာဖြစ်ပြီး  ပိုကောင်းတဲ့ပုံစံနဲ့ပြန်လာဖို့အသင့်ရှိနေပါတယ်၊။ အာဆင်နယ်အသင်းရဲ့လက်ရှိခြေစွမ်းတွေက အငြင်းပွားစရာမရှိ အံ့အားသင့်စရာကောင်းလှပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းရဲ့ အဆင့်အတန်းကိုရင်ဆိုင်ဖို့တော့ခက်ပါလိမ့်ဦးမယ်။ လီဗာပူးလ်ရဲ့ တိုက်စစ်ကလည်း အာဆင်နယ်ခံစစ်ရဲ့နေရာလွတ်တွေကိုရှာဖွေနိုင်ပါလိမ့်မယ်။ ကျွန်တော်ကတော လီဗာပူးလ်တို့ ၂-၁ နဲ့နိုင်သွားမယ်လို့ ထင်ပါတယ်။

အာဆင်နယ်နိုင်တာ အဆန်းမဟုတ်လို့ပြောတဲ့ တာဗာရက်စ်

ကျွန်တော်တို့အသင်းဟာ  နဲ့ဖြစ်စေ ၊ ဂိုးပေးရပြီးဖြစ်စေ အင်ဖီးလ် မှာနိုင်ကိုနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ရှိနေပါတယ်။ ပွဲကိုအနိုင်ယူပြီး ၃ မှတ်ရဖို့ကတော့ အဓိကပေါ့ဗျာ။ အာဆင်နယ်ဟာ အသင်းကြီးတစ်သင်းပါ။ ပွဲတွေနိုင်တယ်ဆိုတာပုံမှန်ကိစ္စပါပဲ။ ကျွန်တော်တို့ထိပ်ဆုံးရောက်ချင်တယ် လို့  Sky Sports နဲ့တွေ့ဆုံရာမှာ နူနိုတာဗာရက်စ်ကပြောခဲ့တာပါ။ ဆက်လက်ပြီး “ ကျွန်တော်တို့နိုင်ပွဲရနေတာကို လူတွေကဘာလို့အံ့သြရနေကြတာလဲနားမလည်ဘူးဗျာ။  ဒါ အာဆင်နယ်အသင်းပါ .. ပွဲတွေနိုင်နေပြီး ရည်ရွယ်ချက်တွေဆီသွားနေရမှာဖြစ်ပါတယ်  လို့ အားမန်အပြည့်နဲ့ပြောဆိုသွားတာပါ။

မီလန်ကပေပေကိုစိတ်ဝင်စားနေချိန်မှာ  ကက်ဆီကိုလဲဖို့ အီဒူးကိုတိုက်တွန်းနေကြ

II Milanista  ရဲ့‌ဖော်ပြချက်အရ အေစီမီလန်အသင်းဟာ အာဆင်နယ်တောင်ပံလူပေပေကို လာမယ့်ဇန်နဝါရီမှာတင်ခေါ်ယူဖို့ ကမ်းလှမ်းမှုတစ်ရပ်ပြုလုပ်ထားပြီလို့ သိရပါတယ်။ ဒီသတင်းအပေါ်အခြေခံပြီး ပရိတ်သတ်တွေက မီလန်ကွင်းလယ်လူ ကက်ဆီ ကိုအလဲအထပ်အနေနဲ့ခေါ်ယူဖို့ အီဒူးကိုတိုက်တွန်းနေကြပါတယ်။  ကက်ဆီကတော့ ရာသီကုန်မှာ မီလန်အသင်းကနေ အလွတ်နဲ့ပြောင်းရွှေ့တော့မယ့် ကစားသမားဖြစ်ပါတယ်။ ပရိတ်သတ်တွေက ‌ကတ်ဆီနဲ့ပါတေးကို တွဲပြီးကစားစေချင်နေကြပါတယ်။

ဆာကာအကြောင်းရုပ်ရှင်ထွက်ပြီ

New Balance ဟာ သူတို့ရဲ့ နောက်ဆုံးထွက်ကြော်ငြာကန်ပိန်းရုပ်ရှင်အဖြစ်   အာဆင်နယ်ကစားသမားလေး ဆာကာရဲ့အကြောင်းရိုက်ကူးထားတဲ့  Little Chilli Brings Heat ကို  New Balance  Youtube နဲ့   Social Media  များမှာ စတင်ထုတ်လွှင့်လိုက်ပြီဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွေမှာ ဆာကာရဲ့ ဘောလုံးသမားဘဝနဲ့ ကြိုးစားခဲ့ရပုံတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်။ New Balance ရဲ့ General Manager  ဖြစ်သူ ကင်နီ မက်ကူလမ်က “ ဆာကာဟာ တကယ်ထူးချွန်တဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ သူမှာဖျော်ဖြေမှုပေးနိုင်တဲ့ဘောလုံးစွမ်းရည်တွေအပြည့်နဲ့ပါ။ သူရဲ့ ပွဲကိုချဥ်းကပ်ပုံ ၊ ပရိတ်သတ်တွေကိုအလေးထားပုံတွေကို ဒီရုပ်ရှင်ထဲမှာသေချာပုံဖော်ထားပြီး ဆာကာကိုဂုဏ်ပြုထားပါတယ်”  လို့ ဆိုသွားခဲ့ပါတယ်။ New Balance ဟာ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ကစားသမားတွေအကြောင်းပုံဖော်တဲ့ မှတ်တမ်း Video တွေနဲ့အတူ ကြော်ငြာ ကန်ပိန်းများစွာ ပြုလုပ်ထားပါတယ်။

သူ့ကစားသမားလေး လက်ရွေးစင်အဖြစ် အရွေးခံရစဥ်အခြေအနေကိုပြန်ပြောပြတဲ့ အာတီတာ

စမစ်ရိုး တစ်ယောက်လက်ရွေးစင်အဖြစ်အရွေးခံခဲ့ရတဲ့အပေါ်အာတီတာက

ပွဲကစားပြီး နောက်ချက်ခြင်းပဲသိခဲ့ရတာမို့ အရမ်းအံ့သြသွားခဲ့တာပါ။ သူအရမ်းမျှော်လင့်ထားတာကိုနားလည်ပါတယ်။ လေ့လာသင်ယူမှုတွေအများကြီးလုပ်ခဲ့ရပြီး ၊ သတင်းတွေလဲမျိုးစုံထွက်ခဲ့ပြီး သူလည်းအတော်ပျော်သွားခဲ့တာပါ။ သူ့ရဲ့နိုင်ငံအသင်းဖော်တွေနဲ့အတူ ပျော်ရွင်စွာကစားပြီး ဂိုးလည်းသွင်းနိုင်ခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။  သူရော ဆာကာရော  ရမ်းစ်ဒေးလ်ရောက ကျွန်တော်တို့အားလုံးကိုဂုဏ်ယူစေရသူတွေပါပဲ။ အသင်းအတွက်လဲ သိပ်ကောင်းပါတယ်။  လို့ဆိုခဲ့တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: