Ligue1 ရဲ့ တိုက်စစ်ကစားသမားတွေကို ကျော်လွန်ပြီးဂိုးသွင်းအများဆုံးဖြစ်လာတဲ့ J David

Ligue1 ရဲ့ International Break အပြီးပြန်စတဲ့ ပွဲစဥ်တစ်ပွဲဖြစ်တဲ့ Monaco အသင်းနဲ့ Lille အသင်းတို့ရဲ့ပွဲ ဟာ မနက် (2:30)အချိန်တုန်းက Monaco အသင်းရဲ့အိမ် ကွင်း Stade Louis II မှာ ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။ Monaco အသင်းဟာ (14)ပွဲကန်၊ (5)ပွဲနိုင်၊(4)ပွဲသရေနဲ့ (5)ပွဲရှံးကာ ရမှတ်(19)မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် (7)နေရာမှာရပ်တည်နေပြီး Lille အသင်းကတော့ ဒီရာသီမှာကစားသမားအပြောင်းလဲတွေနဲ့ ဒဏ်ရာရကစားသမားတွေရှိနေတာကြောင့် လိဂ်ချန်ပီယံ ဆိုတဲ့ဂုဏ်ပုဒ်ထက် လတ်တလောရလဒ်ကောင်းအောင် ခဲရာခဲဆစ် ဖြတ်သန်းနေရတဲ့ အခြေအနေမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။သူတို့ကတော့ ပြိုင်ပွဲစုစုပေါင်း(14)ပွဲကန်ပြီး (4)ပွဲနိုင်(5)ပွဲ ရှံး၊ (5)ပွဲသရေဆိုတဲ့ ရလဒ်ထွက်ပေါ်ထားကာ ရမှတ် (17)မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် (12)နေရာမှာရပ်တည် ထားနိုင်ပါတယ်။

ဒီနှစ်သင်း ရဲ့လိဂ်အတွင်းစွမ်းဆောင်ရည်ဟာ သိပ်ပြီးကွာဟနေတာမျိုးမရှိတဲ့အတွက် မနေ့ညက ပွဲမှာလဲ အပြန်အလှန် ဂိုးပေါက်ခြိမ်းခြောက်မှုနဲ့ ကြည့်ကောင်းခဲ့ပြီး အခွင့်ရေးရရင်ရသလို ဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့ကစားသမားတချို့ ရဲ့ ကြိုးစားအားထုတ်မူတွေကို လဲမြင်တွေ့ခဲ့ရပါတယ်။

ပြောချင်တာက J David အကြောင်းပါပဲ။

ပွဲချိန် (5) မိနစ်မှာအသင်းအတွက် ဦးဆောင်ဂိုးကို ရလာတဲ့ ပင်နယ်တီအခွင့်အရေးမှတဆင့် အမှားယွင်းမရှိ သွင်းယူထားနိုင်ခဲ့ပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့်အသက် (21)အရွယ် ကနေဒါနိုင်ငံသားလေးရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့်အသင်း ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတဲ့အချက်ကိုမြင်သာစေပါတယ်။ ဒုတိယဂိုးကိုလည်း ပွဲချိန်(9)မိနစ်မှာပဲ သွင်းယူပေး ထားနိုင်ခဲ့ပါတယ်။ အဲ့ဒီသွင်းဂိုးတွေကြောင်းဘဲ လိဂ် ဂိုး 10 (ပင်နယ်တီ2 ကြိမ်အပါအဝင်) ဂိုး နဲ့သွင်းဂိုးအများဆုံးကစားသမားအဖြစ်ရပ်တည်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယနေရာမှာတော့ Rennes အသင်းရဲ့ အသက် (27)နှစ်အရွယ်တိုက်စစ်မှူး Laborde နဲ Ligue1ရဲ့အကောင်းဆုံးလူငယ်ကစားသမား လို့သတ်မှတ်ခံထား ရတဲ့ K.Mbappeက တော့ သွင်းဂိုး ( 6) ဂိုးနဲ့ အဆင့် 8 နေရာမှာရှိနေတာလဲဖြစ်ပါတယ်။

J David ဟာ Lille အသင်းကို Belgian PL ရဲ့ Gent အသင်းကနေပြီး ယူရို (27)သန်းနဲ့ ပြောင်းရွေ့ လာခဲ့တဲ့ကစားသမားတဦးဖြစ်ပါတယ်။ 2020-21 ရာသီက အသင်းနဲ့အတူ ပြိုင်ပွဲစုံစုစုပေါင်း (48)ပွဲမှာ (36)ပွဲကစားပြီး (13)ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ နောက်ပြီး အသင်းနဲ့အတူ Ligue1 title cupကိုလဲရရှိခဲ့ပါတယ်။

ဒီရာသီမှာ အသင်းကအားနည်းနေတယ်လို့ဆိုရပေမယ့် J David ကတော့ မခိုမကပ်ဘဲ အကောင်းဆုံးကူညီပံ့ပိုးနေတာကိုလဲတွေ့ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲစုံ (18)ပွဲမှာ (15) ပွဲပါဝင်ကစားထားပြီး သွင်းဂိုး (11)ဂိုးသွင်းယူ ထားနိုင်တဲ့အပြင် မနှစ်ကတစ်ရာသီသွင်းဂိုးစုစုပေါင်း ကိုလိုက်မှီဖို့လဲ (2)ဂိုးပဲလိုပါတော့တယ်။

J David ကနေဒါနိုင်ငံသားဆိုပေမယ့် အမေရိကန်ပြည်ထောင်စု ၊ ဘရွတ်ကလင်းမှာမွေးဖွားခဲ့တာ ဖြစ်ပါတယ်။ Youth career အဖြစ် 2010 ခုနှစ် Gloucester Dragons ၊  2011–2015မှာ Ottawa Gloucester Hornets ၊ 2016–2018 မှာ Ottawa Internationals အ သင်းနဲ့ 2018 Gentအသင်းတို့မှာ ဖြတ်သန်းခဲ့ပါတယ်။ Senior career အနေနဲ့ Gent အသင်းမှာစတင်ခဲ့ပြီး Lilleမှာအကောင်းဆုံးလင်းလက်နေတဲ့ကစားသမားတဦးလဲဖြစ်ပါတယ်။

နိုင်ငံအသင်းမှာ U17 နဲ့ U21 တို့မှာကစားခဲ့ပြီး စီနီယာ အသင်းအတွက် (2018)ခုနှစ်မှာပဲ ဝင်ရောက်ကစားခဲ့ပြီး စုစုပေါင်းပြိုင်ပွဲ (24)ပွဲမှာ (18)ဂိုးသွင်းယူထား နိုင်တာကိုတွေ့ရပါတယ်။

တစ်ဦးချင်းဆုတံဆိပ်တွေအနေနဲ့

  • CONCACAF Gold Cup Golden Boot2019
  • CONCACAF Gold Cup Best XI 2019
  • Canadian Men’s Player of the Year 2019
  • Belgian First Division Top Scorer 2019–20
  • Jean-Claude Bouvy Trophy 2019–20 တို့ကိုရရှိအောင်စွမ်းဆောင်ထားနိုင်တာလဲ ဖြစ်ပါ တယ်။

K Mbappe နဲ့နိူင်းယှဥ်တာက လိဂ်တူတဲ့ လူငယ်ကစားသမားအချင်းချင်းမို့လို့ ဆိုတာကို နားလည်ပေးစေချင်ပါတယ်။ အမှန်တကယ်ဘယ်သူကပိုကောင်းလဲဆိုတာထက် ကစားသမား အကုန်လုံးဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အသင်းအပေါ် ပေးဆပ်ကစားနေကြတယ် ဆိုတာကို တူညီတဲ့အချက်တခုအနေနဲ့တွေးမိရင် ကျွန်တော်တို့ဆောင်းပါးရဲ့ဆိုလိုရင်းကို နားလည်သဘောပေါက်မှာပါ။

ဘောလုံးပွဲတွေဆိုတာပျော်ရွင်ခြင်းအတွက်ပါ။ မဲမဲမြင်ရင်ဆဲဟေ့..ဆိုတဲ့ Culture တွေဖြစ်လာရင် ကျွန်တော်တို့ ပျော်စရာကောင်းတော့မှာမဟုတ်ပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: