အာဆင်နယ် ၊ လာကာဇက် ၊ အန်ကတ်တီယာတို့ကြားကနောက်ဆုံးအနေအထား

တိုက်စစ်မှုး လာကာဇက်ကနွေရာသီမှာ အသင်းပြောင်းဖို့ကိုပဲရွေးချယ်ထားပြီးချိန်မှာ အကယ်ဒမီထွက်ကစားသမားလေး အန်ကတ်တီယာကလည်း  သူ့ရဲ့အသင်းပြောင်းချင်တဲ့ဆန္ဒကို အာဆင်နယ်အသင်းထံအသိပေးထားပြီးဖြစ်တယ်လို့  သတင်းတွေအရနားလည်ထားပါတယ်။  ပြင်သစ်သားရဲ့လက်ရှိစာချုပ်ဟာ  ၂၀၂၂ ခုနှစ်မှာကုန်ဆုံးမှာဖြစ်ပြီး သတင်းရင်းမြစ်တွေရဲ့အဆိုအရ ပြင်သစ်သားဟာ  စာချုပ်သစ်ချုပ်ဆိုဖို့ ဖြစ်နိုင်ချေလုံးဝ မရှိတော့ဘူးလို့ဆိုကြပါတယ်။

အာဆင်နယ်အသင်းကလည်း ကစားသမားကို စာချုပ်မကုန်ခင် ရောင်းချဖို့ စျေးကွက်တင်ထားပေမယ့် အသက် ၃၀ အရွယ်ဖြစ်တာကတစ်ကြောင်း ၊ ကစားသမားရဲ့လစာနှုန်းထားကြောင့်တစ်ကြောင်း ချောချောမွေ့မွေ့မဖြစ်လှပါဘူး။   ရိုးမားနဲ့ အက်သလက်တီကို တို့က ချိတ်ဆက်နေတယ်လို့ ဆိုထားပေမယ့် သတင်းဌာနကြီးတွေဖက်ကတော့ အာဆင်နယ်တို့ထံဘယ်အသင်းမှာ တရားဝင်ဆက်သွယ်ခြင်းမရှိသေးပါဘူး။ နောက်ဆုံးထွက်ပေါ်လာတဲ့ အသံတွေအရတော့ အာဆင်နယ်ဖက်က လာကာဇက်ကို ကာလတိုစာချုပ်တစ်ရပ်ရေးထိုးဖို့ပြင်ဆင်နေတယ်ဆိုတာပါပဲ။

အာတီတာကတော့ အခြေအနေတွေကို ထိမ်းထိမ်းသိမ်းသိမ်းပဲပြောထားပါတယ်။

ကျွန်တော်ပြောနိုင်တာကတော့ လာကာဇက်ရဲ့လက်ရှိခြေစွမ်းနဲ့ပတ်သတ်ပြီး ပျော်ရွင်သဘောကျမိတယ်ဆိုတာပါပဲ။ ကျန်တဲ့ကိစ္စတွေကိုတော့ ရာသီကုန်မှပဲဆက်ပြီးဆွေးနွေးသွားမှာပါ။  လို့ဆိုပါတယ်။ စာချုပ်ပါအချက်တွေအရတော့ လာမယ့်ဇန်နဝါရီဆိုရင် လာကာဇက်ဟာ ပရီးမီးယားလိဂ်ပြင်ပအသင်းတွေနဲ့ စတင်ဆွေးနွေးလို့ရပါပြီ။

အန်ကတ်တီယာ ကလဲ စီနီယာနည်းတူ ဇန်နဝါရီမှာအသင်းကနေထွက်ခွာခွင့်ရဖို့ စိုင်းပြင်းနေပါတယ်။ သူကလဲ လာကာဇက်လိုပဲ ပြည်ပအသင်းတွေနဲ့ ဇန်နဝါရီမှာ စတင်ဆွေးနွေးလို့ရမှာဖြစ်ပါတယ်။  ဒီတော့ ဂန်းနားတို့အနေနဲ့ ဇန်နဝါရီမှာ ရောင်းချတာက ငွေပြန်ပေါ်မယ့်နည်းလမ်းပဲဖြစ်နေပါတယ်။  အာတီတာကတော့  ကျွန်တော်တို့ နွေရာသီတုန်းက ဆွေးနွေးထားခဲ့ပေမယ့် အချက်အလက်တစ်ချို့ရှိနေတာကြောင့် အပြီးမသတ်နိုင်သေးပါဘူး၊ ဒါကလက်ရှိအနေအထားပါပဲ  လို့ဆိုထားတာပါ။

ဒါဟာဘောလုံးလောကမှာဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စပါပဲ။  ကိုဗစ်ရောဂါကိစ္စတွေအပါအဝင် အခြားအရာတွေကိုလည်း ကျွန်တော်တို့ဖြေရှင်းခဲ့ရပါတယ်။  သူနဲ့ပတ်သတ်လို့ကတော့ ထိပ်တန်းကစားသမားဖြစ်လာမယ်ဆိုတာ ယုံကြည်ပါတယ်။ အာဆင်နယ်အသင်းနဲ့လည်း လက်တွဲမယ်လို့ ယုံကြည်ပါတယ်။  အန်ကတ်တီယာကို အသင်းလူစာရင်းထဲမှာရထားလို့ ပျော်ရွင်မိပါတယ်။ ကျွန်တော့်ဖက်ကတော့ သူ့ကိုအသင်းမှာဆက်ပြီးနေစေချင်ပါတယ် လို့ပွင့်ပွင့်လင်းလင်းပြောထားပါတယ်။

အန်ကတ်တီယာဟာ အသင်းအတွက်  ၅၇ ပွဲကစားပြီး ၁၅ ဂိုးသွင်းပေးထားတဲ့တိုက်စစ်မှုး တစ်ယောက်ဖြစ်ပါတယ်။

Football London ရဲ့ Chief Arsenal Reporter ဖြစ်သူ Chris Wheatley ရဲ့ နိုဝင်ဘာလ ၂၀ရက် ကောက်နှုတ်ချက်ကို ပြန်လည်တင်ပြပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: