နောက်ဆုံးရ အာဆင်နယ် သတင်းများ (19Nov-11am)

တာဗာရက်စ်ကို သုံးစေချင်တဲ့ ကစားသမားဟောင်း

လက်ရှိခြေစွမ်းတွေအရ  တာဗာရက်စ် ဟာပိုကောင်းတဲ့ရွေးချယ်စရာြဖစ်ကြောင်း ၊ လီဗာပူးနဲ့ပွဲမှာ တာဗာရက်စ်ကိုပွဲထုတ်ကစားဖို့လိုအပ်ကြောင်း အာဆင်နယ်ကစားသမားဟောင်းကြီး ကီဗင်ကင်းဘဲလ် ကတိုက်တွန်းပြောကြားသွားပါတယ်။ သူက Curtis Shaw TV   နဲ့တွေ့ဆုံရာမှာ  “ အရိုးသားဆုံးပြောရရင် တာဗာရက်စ်ကိုဆက်သုံးစေချင်တယ်။ သူက ရုပ်ပိုင်းဆိုင်ရာမာကျောပြီး လျှင်မြန်မှုလဲရှိတယ်။ ခံစစ်ပိုင်းမှာတော့ တီယာနေလောက်မကောင်းပေမယ့် ပုံစံကောင်းရနေတဲ့နောက်တန်းရှိနေတာကြောင့် သူ့ကို သုံးစမ်းပါ  လို့တိုက်တွန်းချင်တယ်။ သူသေချာပေါက်ခြေစွမ်းပြမှာပါဗျာ..သူကသိပ်ကောင်းတဲ့သူပါ” လို့ဆိုသွားတာပါ။

ပါတေးသေချာပေါက်ပါမယ်

သောမတ်စ် ပါတေးတစ်ယောက် လီဗာပူးနဲ့ပွဲမှာသေချာပေါက်ပါဝင်နိုင်မယ်လို့ သတင်းတွေကဖော်ပြနေပါတယ်။ ပေါင်ခြံဒဏ်ရာကြောင့် ပွဲထွက်ခါနီးမှ ဆမ်ဘီနဲ့လူစားလဲခဲ့ရသူပါတေးကို အရေးကြီးပွဲစဥ်မှာ မပါဝင်နိုင်မှာကို ပရိတ်သတ်တွေဟာ တောက်လျှောက်စိုးရိမ်နေခဲ့ကြတာပါ။ အာဆင်နယ်အသင်းအတွက်အရေးကြီးနေတဲ့ပွဲစဥ်ကို မိုက်ကယ်အိုဝင်ကတော့  လီဗာပူးက ၃-၁ နဲ့နိုင်မယ်လို့ ခန့်မှန်းပေးထားပါတယ်။

အစ္စကိုနဲ့လည်းသတင်းထွက်ပြန်တဲ့အာဆင်နယ်

ရီးရဲအသင်းရဲ့ကွင်းလယ်လူ အစ္စကို ကိုလည်း အာဆင်နယ်အသင်းချိတ်ဆက်နေတယ်လို့ စပိန်သတင်းစာ Fichajes  ကဖော်ပြလာပြန်ပါတယ်။ ကွင်းလယ်လူ လိုအပ်နေတဲ့ အာဆင်နယ်ဟာ ကစားသမားများစွာကိုစောင့်ကြည့်နေပြီး အခုတော့ အစ္စကိုနဲ့ပါသတင်းထွက်လာတာဖြစ်ပါတယ်။ ဇန်နဝါရီကာလမှာ ပါတေး ၊ အယ်နီနီတို့ကို အာဖရိကပွဲစေလွတ်ရမှာဖြစ်ပြီး ရှာခါကလည်း ဒဏ်ရာက နလံထခါစသာဖြစ်မှာမို့  ကွင်းလယ်လူကတော့အမှန်တကယ်ဖြည့်တင်းဖို့လိုအပ်နေတာဖြစ်ပါတယ်။

စမစ်ရိုးနဲ့ဆာကာက ပေါင်သန်း ၁၀၀ လောက်တန်တယ်

ကစားသမားဟောင်း ဂျိုးကိုးက All To Play podcast  နဲ့ပြောဆိုရာမှာ စမစ်ရိုးနဲ့ဆာကာတို့အကြောင်းအခုလိုထုတ်ပြောသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းမှာ ထက်မြတ်တဲ့လူငယ်တွေရှိတယ်ဗျာ .. ပြီးတော့ လူငယ်တွေကိုသုံးရဲတဲ့ မန်နေဂျာလဲရှိနေတယ်။ စမစ်ရိုး က အာဆင်နယ်ကို ရင်ထဲထည့်ထားတဲ့ကစားသမားမျိုးပါ။ သူရော ဆာကာရောက တကယ်တော်ကြပါတယ်။ သူတို့နှဏ်ယောက်ပေါင်းရင် သန်းတစ်ရာလောက်တန်နေပါပြီ   ဆိုပြီး ချီးကျူးပြောဆိုသွားတာပါ။

ပေပေကို လိုချင်သူ ၃ သင်းရှိနေပြီ

ပြင်သစ်သတင်းစာ Jeunes Footeux  ရဲ့ဖော်ပြချက်အရ  ပေပေကို ခရစ်စတယ်ပဲလေ့စ်ကလည်း စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းအပြီးမှာတော့ ပေပေကိုခေါ်ယူလိုနေတဲ့ ပရီးမီးယားကလပ် ၃ သင်းထိရှိလာခဲ့ပါပြီ။ အဲဗာတန် ၊ နယူးကာဆယ်နဲ့  ပဲလေ့စ်အသင်းတွေဖြစ်ပါတယ်။ အဲဒီထဲက အဲဗာတန်ဟာ အာဆင်နယ်‌တောင်ပံကစားသမားတွေကို ဝယ်နေကျဖြစ်ပြီးအရင်ကလည်း ဝဲကော့နဲ့ အီဝိုဘီတို့ကို ခေါ်ယူဖူးပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: