စနေနေ့ညရဲ့ အစောဆုံး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်စတာစီးတီးနဲ့ ချဲလ်ဆီး အသင်းတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုကို မြန်မာစံတော်ချိန် ၇နာရီမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ဒီပွဲမှာ ပရိတ်သတ်တွေသိထားသင့်တဲ့အချက်တွေကို ထုတ်နုတ်ပေးလိုက်ရပါတယ်။
- အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ပွဲပေါင်း (၁၂၀)မှာ ချဲလ်ဆီးအသင်းက ၅၈ကြိမ် နဲ့လက်စတာစီးတီး က ၂၈ကြိမ်စီ အသီးသီးအနိုင်ရထားပြီး ၃၄ ပွဲ သရေကျထားပါတယ်။
- နောက်ဆုံးတွေ့ဆုံမှုမှာ ချဲလ်ဆီးအသင်းက ရူဒီဂါ၊ဂျော်ဂျင်ဟို တို့ရဲ့ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အတူ (၁-၂)ဂိုးရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
Advertisements
- ချဲလ်ဆီးအသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး ၈ပွဲဆက် ရှုံးပွဲမရှိခဲ့ပဲ ပေးဂိုးမရှိခဲ့တဲ့ပွဲကလည်း ၅ပွဲအထိ ရှိခဲ့ပါတယ်။
- ဘရန်ဒန်ရော်ဂျာဟာ နည်းပြဘ၀နဲ့ ချဲလ်ဆီးအသင်းကို ရင်ဆိုင်ခဲ့တဲ့ (၁၈)ကြိမ်မှာ ၂ကြိမ်သာအနိုင်ရခဲ့ပြီး ၈ကြိမ်အထိ အရှုံးပေးထားခဲ့ရပါတယ်။
- ချဲလ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝါကတ် အနည်းဆုံးပြသခံထားရတဲ့ အသင်းဖြစ်ပြီး တစ်ပွဲပျမ်းမျှ(၁.၀၉)ကဒ်သာရှိခဲ့ပါတယ်။
- -လက်စတာစီးတီးအသင်းရဲအဓိက ကွင်းလယ်လူ တိုင်လမန်း မပါ၀င်ပဲ King Power ကွင်းကြီးထဲမှာ ချဲလ်ဆီးကို ဧည့်ခံကစားရမှာဖြစ်တာကြောင့် ကွင်းလယ်မှာ အားနည်းချက်ရှိနေပါတယ်။
- ကစားကွက်တွေအနေနဲ့ လက်စတာက ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာဖွယ်ရှိပြီး ချဲလ်ဆီးအသင်းကတော့ ၃-၄-၂-၁ ကို အသုံးပြုဖွယ်ရှိပါတယ်။
- ချဲလ်ဆီးအသင်းက ဒီရာသီမှာပုံစံကောင်းတွေပြသနေပြီး အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ဒီရာသီမှာ လက်စတာစီးတီး အသင်းကတော့ ရလဒ်ကောင်းတွေရဖို့ ရုန်းကန်နေရပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၂နေရာ ကိုရောက်ရှိနေတာဖြစ်ပါတယ်။
Advertisements
Leave a Reply