နောက်ရာသီ တူချယ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပါ၀င်ဖို့ သေချာတဲ့ ကစားသမား (၅)‌ယောက်

သောမတ်စ်တူချယ်ဟာ ချဲလ်ဆီးအသင်းကို ပထမဆုံးအကြိမ် ရာသီစဆုံး ကိုင်တွယ်နေရတဲ့ အတွေ့အကြုံအပေါ်သဘောကျ‌လျက်ရှိပါတယ်။ ဂျာမန်သားဟာ သူ့ရဲ့ပွဲထွက်လူစာရင်းက ကစားသမား ၁၁ယောက်ကို အပြောင်းအလဲလုပ်ဖို့ ၀န်လေးနေတဲ့တတ်တဲ့သူ မဟုတ်ပါဘူး။သူဟာ ဟတ်ဆန်အိုဒွိုင်းကို ညာတောင်ပံထားကစားတာမျိုး၊ နောက်ခံလူ သုံးယောက်ထားကစားတာမျိုး၊ သူရဲ့ ချဲလ်ဆီးနည်းပြဘ၀ ဒုတိယမြောက်ပွဲမှာ မန်နေဂျာဟောင်းလမ်းပတ်လက်ထက်တုန်းက နေရာမရခဲ့တဲ့ မားကိုစ်အလွန်ဆိုကို ဘန်ချေဝဲလ်အစား အသုံးပြုတာမျိုးတွေနဲ့အတူ ပရိသတ်တွေနဲ့ စောင့်ကြည့်လေ့လာသူတွေကို အံ့အားသင့်စေတဲ့သူမျိုးပါ။

ဒဏ်ရာပြဿနာတွေ ၊ပွဲပယ်ပြစ်ဒဏ်တွေပဲရှိလာပါစေဦး။ တူချယ်ဟာ သူရဲ့လူစာရင်းကို အကောင်းဆုံး ပြောင်းလဲပြီး နိုင်ပွဲတွေရယူပေးတတ်တဲ့သူမျိုးဖြစ်ပါတယ်။ တူချယ်ရဲ့လက်ထက်မှာ လူကာကူ၊ ဆာအူးနီဂွက်ဇ်နဲ့ မားကပ်စ် ဘန်တင်နယ်လီတို့ကို ခေါ်ယူပြီး ချဲလ်ဆီးရဲ့လူစာရင်းကို  ကစားသမား သုံးယောက်သာ ဖြည့်တင်းထားရပါသေးတယ်။

လက်ရှိမှာ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ခရစ်စတီယန်ဆန်နဲ့ရူဒီဂါတို့ရဲ့ စာချုပ်သစ်အခြေအနေဟာ တိုးတက်မှုမရှိသေးသလို အသင်းရဲ့အဓိက ကွင်းလယ်လူတွေဖြစ်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားစာရင်း၀င် ကန်တီနဲ့ဂျော်ဂျင်ဟို တို့ကလည်း အပြောင်းအရွှေ့ကာလတွေမှာ သူတို့ကို ကြိုးစားလာမယ့် အသင်းကြီးတွေရှိလာမှာဖြစ်တာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ ဆက်လက်ထိန်းသိမ်းထားဖို့ ခက်ခက်ခဲခဲ ကြိုးစားရပါလိမ့်မယ်။

တူချယ်ရဲ့ လက်အောက်မှာ ကစားခဲ့ရချိန်မှာ ဘယ်ကစားသမားတွေရဲ့ ခြေစွမ်းနဲ့ အခြေအနေတွေက နောက်ရာသီမှာ တူချယ်ရဲ့ ပွဲထွက်၁၁ယောက် လူစာရင်းမှာ ပါ၀င်ဖို့ အာမခံချက် ရှိစေမလဲဆိုတာ ကြည့်လိုက်ရအောင်။

၁။ မန်ဒီ

လက်စွမ်းတည်ငြိမ်မှု မရှိတဲ့ ကီပါရဲ့‌နေရာမှာ အစားထိုးဖို့ ချဲလ်ဆီးဟာ ဆီနီဂေါ လက်ရွေးစင်ဂိုးသမားကို ရန်းနက်စ်အသင်းကနေ ပေါင်၂၂သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး မန်ဒီဟာ စတင်ရောက်ရှိခဲ့ချိန်က စလို့ သူ့ရဲ့လက်စွမ်းကောင်းတွေကို စတန်းဖိုဒ့်ဘရစ်ချ်မှာ ပြသထားနိုင်ခဲ့ပါတယ်။ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ်ဆယ့်တစ်ပွဲမှာ ပေးဂိုးမရှိခဲ့တဲ့ပွဲစဉ် ခြောက်ပွဲရှိခဲ့သလို စုစုပေါင်းပွဲထွက်ကစားခဲ့ရတဲ့ ၄၂ပွဲမှာလည်း ၂၂ပွဲအထိ clean sheet ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ဂိုးပေါက်ကို ယုံကြည်မှုအပြည့် နဲ့စောင့်ကြပ်နေတဲ့ ရေဘဝဲကြီး မန်ဒီဟာ တူချယ်ရဲ့ ပွဲထွက်ခွင့် လူစာရင်းမှာ ပါ၀င်ဖို့အတွက် အသေချာဆုံးပါပဲ။

၂။ရိစ်ဂျိမ်း

လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ညာနောက်ခံလူတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ထားနိုင်လောက်အောင် ရိစ်ဂျိမ်းကတော့ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ပါတယ်။အင်္ဂလန် လက်ရွေးစင် လူစာရင်းမှာ အလက်ဇန်းဒါး အာနိုးလ်နဲ့ ရိစ်ဂျိမ်း ဘယ်သူကပွဲထွက်ခွင့်ပိုရသင့်လဲဆိုတာကို ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဘောလုံးကျွမ်းကျင်သူတွေ ငြင်းခုန်ခဲ့ရပါသေးတယ်။ချဲလ်ဆီးနောက်ခံလူဟာ တိုက်စစ်ကို လိုက်ပါကစားချိန်မှာလည်း သွင်းဂိုးတွေရယူထားနိုင်တာကို ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ တွေ့မြင်ခဲ့ရပါတယ်။

လက်ရှိမှာ ရိစ်ဂျိမ်းဟာ ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံး ကစားသမားဖြစ်ပြီး ဂိုးဖန်တီးမှုမှာလည်း ကွင်းလယ်လူ ကိုဗာချစ်ရဲ့နောက်မှာ ဒုတိယအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။

၃။ဘန်ချေလ်ဝဲလ်

Wing-backနေရာမှာ ရိစ်ဂျိမ်းနဲ့ အတူ ဘန်ချေဝဲလ်ကို ပိုင်ဆိုင်ထားရတဲ့ချဲလ်ဆိး အသင်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး Wing-back အတွဲတွေထဲက တစ်စုံကို ပိုင်ဆိုင်ထားရတယ်လို့ ဆိုနိုင်ပါတယ်။

အသင်းမှာပွဲထွက်ကစားခွင့်ရပြီး သိပ်မကြာခင်မှာပဲ ဘန်ချေလ်ဝဲလ်ဟာ သူ့ကို သံသယမျက်လုံးတွေနဲ့စောင့်ကြည့်နေသူတွေကို အသံတိတ်စေခဲ့ပြီး မားကိုစ့်အလွန်ဆိုရဲ့ နေရာကို လုယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ အပြောင်း‌အရွှေ့ တွေမှာ ပြောင်းရွှေ့ဖို နာမည်ထွက်ခဲ့တဲ့ အလွန်ဆိုဟာ ဒီရာသီအပြောင်းအရွှေ့မှာလည်း သတင်းတွေထွက်လာပါဦးမယ်။ဒါဟာ တူချယ်ရဲ့ လက်အောက်မှာ အကောင်းဆုံးခြေစွမ်းပြ ကစားနေတဲ့ ဘန်ချေလ်ဝဲလ်ကြောင့်ပါပဲ။

၄။မေဆင်မောင့်

လူငယ်ခြေတက်တစ်ယောက်ဆိုတာထက် ပိုရင့်ကျက်တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကောင်းတစ်ခုကို ပိုင်ဆိုင်နေပြီဖြစ်တဲ့ မေဆင်မောင့်ဟာ ပြီးခဲ့တဲ့ရာသီကတည်းက တည်ငြိမ်တဲ့ ခြေစွမ်းကောင်းတစ်ခုကို ပြသခဲ့သလို ချဲလ်ဆီးအသင်းရဲ့ အောင်မြင်မှုတွေမှာလည်း သော့ချက်တစ်ခုဖြစ်ခဲ့သူဖြစ်ပါတယ်။ 

လူကာကူနဲ့အကောင်းဆုံးတွဲဖက်ကစားနိုင်မယ့် သူလည်းဖြစ်သလို ရှေ့တန်းသုံးယောက်မှာပဲဖြစ်ဖြစ် ကွင်းလယ်မှာပဲဖြစ်ဖြစ် ကစားနိုင်သူ ဖြစ်တာမို့ နောက်လာမယ့် ရာသီမှာလည်း ချဲလ်ဆီးအသင်းရဲ့ပွဲထွက် လူစာရင်းမှာ မဖြစ်မနေ နေရာပေးရမယ့်သူဆို မမှားပါဘူး။

၅။လူကာကူ

ပြောင်းရွှေ့ကြေး ပေါင်သန်းတစ်ရာ နီးပါး ပေးပြီး ခေါ်ယူခဲ့ရတဲ့ တိုက်စစ်မှူးကို တူချယ်လ်အနေနဲ့ အရန်လူစာရင်းထဲ ထားချင်မှာ မဟုတ်လောက်ပါဘူး။ သူဟာ ကြီးမားသန်မာတဲ့ ခန္ဓာကိုယ်နဲ့ ကြံခိုင်မှုအပြည့်ရှိပြီး ၁၈ ကိုက်စည်းအတွင်းမှာ အကောင်းဆုံးနေရာ ယူတတ်သလို သူရဲ့သန်မာမှုကိုလည်း ပွဲထွက်ခွင့်ရတဲ့ ပွဲတွေမှာ ပြသထားနိုင်ခဲ့ပါတယ်။

အသက်၂၈နှစ်ရှိပြီဖြစ်တဲ့ လူကာကူဟာ သူရဲ့ခြေစွမ်းကို ဘယ်သူ့ကိုမှ သက်သေပြစရာမလိုတော့ပဲ ချဲလ်ဆီးအသင်းမှာ အသားကျဖို့ အချိန်တစ်ခုသာလိုတယ်လို တူချယ်က ယုံကြည်မှုအပြည့်နဲ့ဆိုပါတယ်။

တည်ငြိမ်တဲ့  Form ကိုရထားတဲ့ချဲလ်ဆီးအနေနဲ့အပြောင်းအရွှေ့စျေးကွက်မှာလဲ လှုပ်ရှားမှုတွေဆက်တိုက်ရှိနေပေမယ့် သူတို့ရဲ့ဦးတည်ချက်ဟာ   လက်ရှိပုံစံကနေ  Squad အသစ်တစ်ခုကို ငြင်သာစွာပြောင်းရွေ့ရေးဆိုတာသိသာနေပါတယ်။ စိန်ခေါ်မှုအချို့ရှိနေပေမယ့် ချဲလ်ဆီးဟာ အောင်မြင်မှုကိုထိန်းသိမ်းသူနေရာမှာရှိနေပါတယ်။

Football London မှ  ချဲလ်ဆီးအသင်းအကြောင်းသီးသန့်ဆောင်းပါးရေးသားသူ စကော့ ထရော်တာရဲ့   The five Chelsea players guaranteed to be in Thomas Tuchel’s starting XI next season   ဆောင်းပါးကို ဆီလျှော်အောင်ပြန်ဆိုထားပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: